Sunday, September 5, 2010

နာဂစပ်စု။ တရုပ်ပုံပြင်။

နာဂစပ်စု

သူ၏အိမ်ပုပုကလေးထဲမှာလည်း နာဂခေါင်းဆောင်တွေဆောင်းသည့် ဦးထုပ်တစ်လုံးရှိပါသည်။ ဒီဦးထုပ်ဟာ အင်မတန်မှလှ၍ အသစ်ကြီးလည်းဖြစ်နေပါတယ်။ ဦးတင်မောင်ကိုယ်တိုင် ဒီဦးထုပ်ကို ယူလာပြီးတော့ ကျွန်ုပ်ဦးခေါင်းမှာ လာဆောင်းပေးပါသည်။ ဒီနာဂဦးထုပ်ကလည်း ကျွန်တော့်ခေါင်းနှင့် အတော်ပါပဲ။ ဦးဝင်းမောင်ဟာ တစ်ခါတည်းဝမ်းသာအားရနှင့် နာဂစပ်စုဟာ စော်ဘွားစပ်စုထက် ပို၍ကြည့်ကောင်းတယ်။ တိုင်းပြည်ကသိအောင် ဘယ်လိုလုပ်မလဲလို့ ဦးဝင်းမောင်က ကျွန်ုပ်ကို မေးတယ်။ ကျွန်ုပ်ကလည်း
ဦးဝင်းမောင်မေးတော့ ဘယ်လိုပြန်ပြောပြလိုက်သလဲဆိုရင် ၁၉၆၀-ခုနှစ် ဖေဖေါ်ဝါရီလ ၁၂-ရက်နေ့မှာ ပြည်ထောင်စုနေ့ကို အိမ်တော်၌ လူပေါင်းစုံကို ဧည့်ခံပွဲပြုလုပ်ကျင်းပသည့်အခါ သမတနှင့် သမတကတော် ဒေါ်မြမေတို့နှစ်ဦးက ကရင်ဝတ်စုံကို ၀တ်ပါ။ ကျွန်ုပ်နှင့် ဇနီးမကျင်မြိုင်က နာဂအမျိုးသား အမျိုးသမီးဝတ်စုံကို ၀တ်ပါမယ်။ နာဂအမျိုးသား အမျိုးသမီးလိုဝတ်ဖို့ ၀တ်စုံကိုလည်း သမတဟာ ကြိုတင်ရှာထားလိုက်ပါ။ ဒီတစ်ကြိမ်ကျလျှင် နာဂအမျိုးသားအမျိုးသမီးများကိုလည်း ခပ်များများခေါ်ပါ။ ကျွန်ုပ်တို့လင်မယားနှစ်ဦးဟာ နာဂအ၀တ်အစားကိုဝတ်ပြီး၊ နာဂမှလာသည့် နာဂတွေနှင့်ရောပြီးတော့ ပြည်ထောင်စုသားများကို လိုက်ပြီးတော့ပြမယ်။ ဒီလို ကျွန်ုပ်တို့လင်မယားက နာဂအ၀တ်အစားကိုဝတ်ပြသည့်အခါကျတော့ ပြည်ထောင်စုသားများမြင်လျှင် ဘယ်လောက်များချစ်ကြည်ရေးကို ပိုပြီးတော့ခိုင်မြဲမယ်ဆိုတာကိုလည်း မပြောတတ်ပါဘူး။ ရီစရာလည်းရီစရာဖြစ်နေမယ်။ ကျွန်ုပ်လည်းနာဂစပ်စုလို့ နာမည်တွင်သွားပါမည်။ ကျွန်ုပ်ဟာ နာဂစပ်စုဖြစ်သွားခဲ့ပါလျှင် ကချင်၊ ချင်း၊ ကယား၊ မွန် အမျိုးသားခေါင်းဆောင်ကြီးများကို ကြိုတင်၍ ကျွန်ုပ်ဟာ ပေါင်းထားပြီးသားရှိပါသည်။ ဒီ ၄-မျိုးစပ်စုဖြစ်ဖို့ကိုလည်း ကျွန်ုပ်ဟာ မခဲယဉ်တော့ပါဘူး။
ဟိုတုန်းအချိန် စော်ဘွားစပ်စုဖြစ်စဉ်အခါက စော်ဘွားလိုဝတ်ပြီး စော်ဘွားအနေသွားရောတာဟာ စဉ်းစားကြည့်လိုက်ပါလျှင် ဘေးအန္တရာယ်ကျရောက်စရာ အင်မတန်မှကောင်းလှပါသည်။ ရေနွေးပူလောင်း၊ လက်သည်းခွံခွာသည့် ဂျပန်ကင်ပေတိုင်ကိုသွားစတာဟာ ကျားကြီးကိုသွားစတာနှင့် အတူတူပါပဲ။ ယခု နာဂစပ်စုဖြစ်မည့်ဥစ္စာဟာ ဘာများမလုပ်ဝံ့စရာရှိပါသလဲ။ သမတနှင့် သမတကတော်ကို ကျွန်ုပ်ဟာပြန်ပြောလိုက်ပါတယ်။
ကျွန်ုပ်စဉ်းစား၍ ဒီလိုဖြတ်ခနဲထွက်လာသည့်ဉာဏ်ဟာ ကျန်ကီအင်းနှင့်ကျွန်ုပ်တို့လင်မယားဟာ သမတဦးဝင်းမောင်နှင့် အင်မတန်မှချစ်ခင်တဲ့သူတွေဖြစ်တယ်။ ကျွန်ုပ်တို့လင်မယားနှစ်ဦးကို မဏ္ဍပ်ရှေ့မှာ ထားပါလျှင် သမတမြင်တာနှင့်တစ်ပြိုင်နက် သံယောဇဉ်မကင်း၍ မဏ္ဍပ်ထဲကိုမ၀င်ပဲ ဘယ်နည်းနဲ့မှ မနေနိုင်ပါဘူး။ ဒီနေရာမှာ ဦးဝင်းမောင်၏သဘောထားစမ်းတာပါ။ ကျွန်ုပ်နှင့် ကျန်ကီအင်း ကြံစည်လိုက်သည့်အတိုင်း ဦးဝင်းမောင်လျှောက်လာ၍ ၃-၄ပေလောက်နီးကပ်လာသည့်အခါ ဦးဝင်းမောင်က အရင်ပြောတယ်။ ““ဦးစပ်စု.. မကျင်မြိုင်နေကောင်းရဲ့လား””လို့မေးပြီး ဘယ်လောက်မောမော ကျွန်ုပ်တို့၏ ဗွီ-စီးကရက်ကုမ္ပဏီမဏ္ဍပ်ထဲကိုဝင်လာတယ်။ ကျွန်ုပ်တို့ ဗွီစီးကရက်ကုမ်္ပဏီမဏ္ဍပ်ထဲမှာရှိသည့် ဗွီ-စီးကရက်သူဌေးကျန်ကီအင်းမှစ၍ လူကြီးခလေးပါမကျန် တစ်ယောက်စီလက်ဆွဲနှုတ်ဆက်၍ ကျွန်ုပ်နှင့်မယားညီအစ်ကို သားမြန်မာပြည်မှာ နာမည်ကျော်ကြားသည့် ဂိုးကီပါဇော်ဝင်း၏ညီ မောင်စိန်ဝင်းကို သမတဦးဝင်းမောင်ကတွေ့သည့်အခါ လက်ကိုတင်းတင်းဆွဲပြီး ““စိန်ဝင်း မင်းဒီရောက်နေသလား၊ မင်းအဖေရောနေကောင်းရဲ့လား””လို့မေးပြီး တစ်အောင့်လောက်ကြာမှ အကုန်လုံးကိုနှုတ်ဆက်၍ သမတဦးဝင်းမောင်ဟာ မဏ္ဍပ်ထဲကထွက်သွားပါတယ်။
ဦးဝင်းမောင်ဟာ သမတဖြစ်ပေမယ့် မိတ်ဆွေဟောင်းတွေကိုတွေ့သည့်အခါမှာ သူ့ရာထူးကိုတောင်မေ့ပြီးတော့ ဒီလိုခင်မင်ချစ်ခင်သည့်စိတ်ရှိပါသည်။ အင်မတန်မှလည်း ချီးကျူးစရာ ကောင်းပါသည်။ ဓါတ်ပုံဆရာနှင့်တကွအကုန်လုံးဟာ အံ့သြ၍သွားကြပါသည်။ ကျွန်ုပ်၏ ကြိုတင်ပေါင်းသင်းဆက်ဆံရေးပညာဟာ ဘယ်လောက်များအဖိုးတန်တယ်ဆိုတာ ဒီနေရာဒီစာပုဒ်ကနေ သိနိုင်ကြပါပြီ။
ကျွန်ုပ်သည် ဗွီ-စီးကရက်ကုမ္ပဏီထဲတွင် တစ်ပြားတစ်ချပ်မှရှယ်ယာမပါဝင်ခဲ့ပါ။ ကုမ္ပဏီမှ စီးကရက်တစ်ရာမှာ ကော်မရှင်တစ်ကျပ်ပဲရပါသည်။ အိမ်စရိတ်သုံးဖို့ပြုဖို့မလုံလောက်သည့်အတွက် ဒီလောက်ပင်ပင်ပန်းပန်းခံ၍ ဘယ်နေရာမဆို ကျွန်ုပ်တို့သားမယားတစ်စုဟာ လိုက်လံရောင်းချနေရခြင်း ဖြစ်ပါသည်။ ကျွန်ုပ်ဟာ ဟိုတုန်းကစီးပွားရှာဖွေ၍ငွေစုဆောင်းထားပါလျှင် ဒီလောက်ပင်ပန်းခံ၍ မရှာရတော့ပဲ အိမ်မှာအေးအေးဆေးဆေးထိုင်နေရမှာပဲ။ ကိုယ့်ကိုယ်နှင့် ကိုယ့်သားမယားကို မသနား၍မဟုတ်ပါဘူး။ မတတ်နိုင်လွန်း၍သာလုပ်ကိုင်ရခြင်းဖြစ်ပါသည်။ ပညာရှိသောသူများဟာ ကျွန်ုပ်အကြောင်းကို တွေးကြည့်လျှင်သိနိုင်ကြပါသည်။ ကျွန်ုပ်ဟာ ချစ်ခင်ပေါင်းသင်းဆက် ဆံရေးကလည်း အလွန်ဝါသနာပါ၍ လှူတာတန်းတာ ကျွေးတာမွေးတာတွေလည်းရှိပြီး၊ ယခုတော့ ဆင်းရဲ၍ အကြွေးတောင်တင်ရှိနေပါသည်။
ကျွန်ုပ်ဟာ အခွင့်ကောင်းယူပြီးတော့ သာပေါင်းညာစားမလုပ်တတ်ပါ။ ကျွန်ုပ်ဟာ သဘောထားရိုးသည့်အတွက် အခုလိုဆင်းရဲပြီးနေရတာဖြစ်ပါသည်။ ကျွန်ုပ်ဟာ အသက်ကလည်း ကြီးပြီ၊ သွေးတိုးရောဂါကလည်း စွဲကပ်နေတယ်။ သားမယားဟာလည်း ငယ်သေးတယ်။ စီးပွားရေး မရှာဖွေတတ်သေးဘူး။ ဤမှန်သည့်သစ္စာစကားကို ဘုရားရှေ့မှာကျမ်းကိုင်ကျိန်ပြီး၊ တိုင်းပြည်လူထုကို ရဲရဲတင်ပြရဲပါတယ်။ တိုင်းပြည်လူထုကလည်း ဘယ်လိုဝေဖန်မယ်ဆိုတာကိုတော့ ကျွန်ုပ်ဟာ မပြောဆိုတတ်ပါဘူး။ ဒီလိုလူစားများကို သနားရမလား၊ ဒီလိုလူစားမျိုးဟာ ဒီလောက်အရသလား၊ နုံရသလား၊ သမတအထိကိုတောင်ကြိုတင်ပေါင်းထားနိုင်ပြီးဆင်းရဲရတယ်ဆိုတာ အံ့သြစရာဖြစ်နေပြီ၊ ဒါမှမဟုတ် ကဲ့ရဲ့မလားအပြစ်တင်မလားဆိုတာကို ကျွန်ုပ်၏အပေါ်လူထုကထားရှိသောစေတနာကို သိချင်ပါတယ်။ ကျွန်ုပ်ကိုပြစ်တင်ကဲ့ရဲ့တဲ့သူ၊ သနားသည့်သူများဟာ မညှာမတာ ရက်ရက်စက်စက် သတင်းစာမှနေပြီးတော့ ပွင့်ပွင့်လင်းလင်းဝေဖန်ရေးသားပါ။ ကျွန်ုပ်ကို ဒီလိုဝေဖန်ရေးသားမည်ဆိုလျှင် ကျွန်ုပ်ဟာ အင်မတန်မှကျေးဇူးတင်ပါသည်။
ကျွန်ုပ်ကို အမြဲတမ်းလူအားငွေအားနှင့်မစသည့်သူမှာ ဦးဘိုးငြိမ်း ကုမ္ပဏီပိုင်ရှင် ဦးသံဒိုင်နှင့် ဒေါ်တင်တင်တို့ဖြစ်ပါသည်။ သူတို့ဟာကျွန်ုပ်ကို ဆက်ကာဆက်ကာခဏခဏ ငွေကိုအကူအညီ ပေးပါတယ်။ နောက်ပြီး ဗွီစီးကရက်ကုမ္ပဏီသူဌေး မစ္စတာကျန်ကီအင်းကလည်း ကျွန်ုပ်ကို ငွေအားဖြင့်ခဏခဏအကူအညီပေးပါတယ်။ တစ်ဦးကိုတစ်ဦးစေတနာဖြင့်ကူညီကြခြင်းသာဖြစ်ပါတယ်။ ကျွန်ုပ်ဟာ သူတို့ကျေးဇူးကို ဘယ်တော့မှမမေ့ပါဘူး။ (ဥပမာ-ချမ်းအေးသည့်အခါမှာ ရေခဲရေသောက်လိုက်သည့်အခါ ရှိသမျှအေးတဲ့နေရာဟာ ရင်ဘတ်မှာလာပြီးပိုသိသလို သူတို့ရဲ့ ကျေးဇူးဟာလည်း ကျွန်ုပ်၏ရင်ဘတ်ထဲမှာ ပိုမိုကြီးကျယ်ပြီး ဒီကျေးဇူးကိုတစ်သက်မှာမမေ့ပါဘူး၊) ကျွန်ုပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းကို စကားနှစ်ခွန်းအာမခံထားခဲ့မိသည့်အတွက်ကြောင့် ယခုလိုဆင်းရဲပြီး နေထိုင်ရခြင်းဖြစ်ပါသည်။ ကျွန်ုပ်ဟာလည်း ဗိုလ်အောင်ဆန်းကိုခဏခဏသွားတွေ့နေရတော့ ဗိုလ်အောင်ဆန်းဟာ တရုပ်ပြည်ကိုရောက်ဖူးပြီး တရုပ်ရာဇ၀င်ဟောင်းကို အတော်ကိုပဲလေ့လာလိုက်စား ဖူးသည့်အတွက်ကြောင့် ကျွန်ုပ်ကို ဥပမာပုံလေးတစ်ခုပြောပြတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ကျွန်ုပ်ကို ပြောပြသည့်ပုံဟာ တရုပ်ပြည်ကြီးမှာ လွန်ခဲ့သည့်အနှစ် ၂၅၀၀-လောက်က တရုပ်ရာဇ၀င်တွင် ကျော်ကြားသည့် တောင်ကျူးဒက်ကောက်ရာဇ၀င်စာအုပ်ထဲမှ ပုံကလေးတစ်ပုံဖြစ်ပါတယ်။ ဒီပုံကလေးကတော့ .....

တရုပ်ပုံပြင်

တိုင်းပြည်တစ်ပြည်မှာ ရှင်ဘုရင်တစ်ပါးရှိတယ်။ ဒီရှင်ဘုရင်ဟာ ရောဂါဝေဒနာစွဲကပ်ပြီး မထနိုင်တော့ပဲ သေခါနီးတော့မည့်အချိန်မှာ သူ့ရဲ့နန်းရင်းဝန်ကိုခေါ်တယ်။ သူသေသွားသည့်အခါ သူချမှတ်ခဲ့သည့် လမ်းစဉ်စည်းမျဉ်းအတိုင်း၊ စည်းကမ်းဥပဒေနှင့် မသွေမတိမ်းလုပ်ပါလို့မှာသွားတယ်။ ဒီတော့နန်းရင်းဝန်ကလည်း စိတ်ချပါကောင်းပါပြီလို့ ကတိပေးလိုက်တယ်။ ဒါနဲ့ဘုရင်ကြီးကလည်း နန်းရင်းဝန်ကိုသေချာစွာမှာပြီးသေဆုံးသွားတယ်။ ဘုရင်ကြီးသေဆုံးသွားပြီးနောက် နန်းရင်းဝန်ဟာ ဘုရင်ကြီးမှာကြားခဲ့တုန်းက မှာကြားခဲ့တာကတစ်မျိုး၊ သူလုပ်တာကတစ်ဖုံ၊ နောက်ဆုံးတော့ ဘုရင်ကြီးမှာခဲ့တာတွေ၊ ကတိခံခဲ့တာတွေကို ဘာမှမလုပ်တော့ပဲ သူထင်တာကို သူ့ဟာသူလျှောက်လုပ် နေတော့တယ်။ ဒါနဲ့ပဲတိုင်းပြည်ကြီးလည်းပျက်ကော၊ သူလည်းစိတ်ညစ်ပြီး ရောဂါဝေဒနာတွေ စွဲကပ်လာတယ်။ တစ်နေ့တခြား တစ်ဖြည်းဖြည်းနှင့် ရောဂါဝေဒနာဟာ ပြင်းထန်လာပြီး သေခါနီးကျတော့မှ သူ့သမီးကိုခေါ်တယ်။ သမီးကိုခေါ်ပြီးသေသေချာချာမှာတယ်။ ““သမီး.. ငါသေရင် ငါ့ရဲ့ကျစ်ဆံမြီးကိုဖြေ၍ မျက်လုံးပေါ်ကိုအုပ်ပါ၊ နောက်ပြီးမျက်လုံးပေါ်ကို အ၀တ်ခပ်နာနာစည်းပါ””
သမီးကပြန်မေးတယ်။ ““ဘာဖြစ်လို့ဒီလိုလုပ်တာလဲအဖေ””ဟုမေးတော့ နန်းရင်းဝန်ကသမီးကို ပြန်ပြောတယ်။
““ဟိုတုန်းကရှင်ဘုရင်ဟာ သေခါနီးဆဲဆဲမှာ ငါ့ကိုမှာခဲ့တယ်၊ ငါချမှတ်ခဲ့သည့်လမ်းစဉ် စည်းမျဉ်းအတိုင်း တသွေမတိမ်းလုပ်ပါဆိုတာကို ငါက သူမှာသလိုမလုပ်ပဲ ငါထင်ရာလျှောက်လုပ်တော့ တိုင်းပြည်ကြီးလည်းပျက်တာပေါ့၊ တိုင်းပြည်လည်းပျက်ပြီ၊ ငါသေသွားရင် ငါ့ရဲ့ရှင်ဘုရင်နဲ့ သွားတွေ့တော့မယ်။ ငါဟာမျက်နှာပူတယ်၊ ရှင်ဘုရင်ရဲ့မျက်နှာကိုလည်း ကြည့်ရဲတော့မှာမဟုတ်ဘူး။ သို့အတွက် သမီးကိုခေါ်ပြီးလုပ်ခိုင်းရခြင်းဖြစ်တယ်””လို့ ပြန်ပြောရှာတယ်။
ဒီလိုအဖြစ်အပျက်ကို ကျွန်ုပ်ဟာ ဖြစ်မှာအရမ်းကြောက်တယ်။ နန်းရင်းဝန်က ကျစ်ဆံမြီးရှိ၍ တော်သေးသည်။ ကျွန်ုပ်ဦးစပ်စုမှာ တစ်ခါမှကျစ်ဆံမြီးမရှိပါဘူး။ ကျစ်ဆံမြီးကိုဖယ်ထားပါဦး၊ ဗိုလ်ဆံထောက်တောင်မရှိသည့်အပြင် တစ်သက်လုံးကတုံးပဲထားခဲ့ပါသည်။ ကျွန်ုပ်၏သားသမီးများ ကိုလည်းမှာခဲ့စရာ ကျစ်ဆံမြီးလည်းမရှိ၊ ဆံပင်လည်းမရှိသည့်အတွက်ကြောင့် ဗိုလ်အောင်ဆန်းအား စကားနှစ်ခွန်းကတိခံခဲ့သည်ကို ယနေ့အထိ ကတိမဖေါက်ဖျက်ချင်သည့်အတွက် ယခုလို ဆင်းရဲပင်ပန်းစွာလုပ်ကိုင်စားသောက်နေထိုင်ရခြင်းဖြစ်ပါသည်။ ဤကတိခဲ့သည့်စကား ၂-ခွန်းကို ဖေါက်ဖျက်ပြီးစီးပွားရှာမယ်ဆိုရင် ကျွန်ုပ်ဟာအနည်းဆုံး သိန်းပေါင်း ၁၀၀-မကချမ်းသာပြီး၊ အေးအေးဆေးဆေးနေထိုင်နိုင်ပါသည်။
၁၉၄၇-ခုနှစ်မှ ၁၉၅၇-ခုနှစ်အထိ ဒီ ၁၀-နှစ်အတွင်းမှာ ကျွန်ုပ်ကို အစိုးရဘက်ကထိပ်တန်း၊ ဒုတိယတန်း၊ လူကြီးများကို ကြိုတင်ပေါင်းထားသည့်သူဆိုရင်ဖြင့် မပြောပြလောက်အောင် စီးပွားဖြစ် ပါသည်။ အောက်တန်း တတိယအတွင်းဝန်လောက်ကိုကပ်တောင် သူဌေးဖြစ်နိုင်ပါတယ်။ ကျွန်ုပ်ဟာ ဒီ ၁၀-နှစ်အတွင်းမှာ လောဘလည်းမကြီးပဲ၊ လူကြီးတွေကိုလည်းမကပ်ပဲ ရိုးရိုးတန်းတန်းနှင့် ရှာဖွေစားသောက်နေထိုင်လာခဲ့လို့ ဘာမျှအဖတ်မတင်တာပါ။ ဟိုအချိန်ကလောဘကြီးပြီး ကျွန်ုပ်နှင့် ပေါင်းထားသည့်လူတွေကိုကပ်လိုက်ရင် သူဌေးဖြစ်နိုင်ပါတယ်။ ကျွန်ုပ် သိန်း၁၀၀-လောက်မက ချမ်းသာနိုင်သည့်နည်းကို လူထုယုံကြည်သိနားလည်အောင် ရှင်းလင်းတင်ပြပါရစေ ...။
ကျွန်ုပ်သည် ဂျပန်ခေတ်က ကျွန်ုပ်တို့နေထိုင်သော အနောက်ပိုင်းရပ်ကွက်တစ်ခုလုံးအတွက် သကြားအေးဂျင်း၊ လဖက်ရည်အေးဂျင်းရရှိပါသည်။ ကျွန်ုပ်သည် ယခုနေထိုင်လျက်ရှိသော တိုက်မှာလည်း အောက်ထပ်ကအရက်ဖြူဆိုင်၊ အလယ်ထပ်ကဟော်တယ်၊ အပေါ်ဆုံးထပ်က တည်းခိုခန်း ဖြစ်သည့်အပြင် ဂျပန်အရာရှိကြီးငယ်၊ မြန်မာအရာရှိကြီးငယ်များနှင့် ပေါင်းသင်းဆက်ဆံအဆင်ပြေ၍ ငွေရှာလျှင် အင်္ဂလိပ်အ၀င်ပြန်လာချိန်မှာ ကျွန်ုပ်ဟာ ငွေအမြောက်အမြား ပိုက်မိနေစရာအကြောင်း ရှိပါတယ်။ ဂျပန်ကင်ပေတိုင် အထက်တန်း၊ အောက်တန်းကြီးကြီးငယ်ငယ်၊ မြန်မာဘက်မှာဆိုလျှင်လည်း ရာဇ၀တ်အုပ်မှအစ ပုလိမ်မင်းကြီးအထိအားလုံးကို ကျွန်ုပ်ပေါင်းသင်းထားသူတွေဖြစ်ပါသည်။ ဒီအချိန်တုန်းက ကျွန်ုပ်သည် ဂျပန်ငွေနှင့်ရွှေ ၂-သိန်းဖိုးလောက်ဝယ်ဖို့ရာအခဲယဉ်းပါဘူး။ နောက်ပြီး ဂျပန်ငွေနှင့် အင်္ဂလိပ်ငွေစက္ကူများ တစ်ရာတန်၊ တစ်ထောင်တန်၊ တစ်သောင်းတန်များကို လဲလှယ်လိုက်မည်ဆိုလျှင်လည်း ကျွန်ုပ်ဟာ အင်္ဂလိပ်ငွေ ၂-သိန်း၊ ၃-သိန်းလောက် ရနိုင်ပါသည်။ အင်္ဂလိပ်ပြန်ဝင်လာသည့်အချိန်မှာဆိုလျှင် အနည်းဆုံးအင်္ဂလိပ်ငွေ ၅-သိန်း၊ ၆-သိန်းလောက် ရနိုင်ပါပြီ။
ကျွန်ုပ်ဟာ လောဘမကြီးပဲရသမျှနှင့်ပင်ပန်းခံပြီးနေခဲ့တယ်။ တရုပ်မြန်မာဧည့်ခံကျွေးမွေး တာတွေကို လျှော့ပြီး ငွေစုနိုင်ပါသေးတယ်။ အင်္ဂလိပ်ပြန်ဝင်လာသည့်အချိန်မှာ ဒီငွေ ၅-သိန်း၊ ၆-သိန်းနှင့်ရင်းနှီးပြီး၊ အစိုးရအထက်တန်းအောက်တန်း အရာရှိများနှင့် ရင်းနှီးသည့်အတွက်ကြောင့် နိုင်ငံခြားထွက်ကုန်ဝင်ကုန် လိုင်စင်ဆွဲပြီးအလုပ်လုပ်လိုက်မည်ဆိုလျှင် ၁၉၄၈-ခုနှစ်အတွင်းမှာ သိန်း ၂၀၊ သိန်း ၃၀-ငွေလောက်ကို ရနိုင်သည့်အရည်အချင်းရှိပါသည်။ ကျွန်ုပ် ကြိုတင်ပေါင်းထားသည့် အရှိန်မှာ ပူပူနွေးနွေးရှိပါသေးသည်။ ဒီအချိန်မှာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ ၎င်း၏ ပထမအတွင်းဝန်၊ ဒုတိယအတွင်းဝန် အရာရှိကြီးငယ်များကိုကပ်ပြီး မှန်မှန်လုပ်ကိုင်နေရင်တောင် ကျွန်ုပ်မှာ ၁၉၄၈-ခုနှစ်မှ၊ ၁၉၅၈-ခုနှစ်အထိ ၁၀-နှစ်အတွင်း အခွင့်ကောင်းယူ၍ သိန်း ၁၀၀-လောက် အေးအေးဆေးဆေးရနိုင်ပါသည်။ ကျွန်ုပ်စိတ်ထဲမှာယူဆတာကတော့ တစ်ကမ္ဘာလုံး ဒုက္ခရောက်နေသည့် အချိန်အခါဖြစ်ပါသည်။ သူများတွေခေတ်ပျက်လို့ ဒုက္ခရောက်နေကြသည့် အချိန်မှာ ခေတ်ပျက်သူဌေးလို့အမည်ကို ကျွန်ုပ်ဟာမခံနိုင်ပါဘူး။
၎င်းနောက် ကျွန်ုပ်ဟာတစ်ခုသွားပြီးတော့ သတိရမိတယ်။ ပထမကမ္ဘာစစ်ကြီးဟာ ၁၉၁၄-ခုနှစ်မှစ၍ ၁၉၁၈-ခုနှစ်မှာ ပြီးဆုံးသွားပါသည်။ ၄-နှစ်ကြာကြာဖြစ်၍ ကျွန်ုပ်၏မိတ်ဆွေဖြစ်သူ တရုပ်အမျိုးသားများဟာ အများအားဖြင့် အခွင့်ကောင်းယူ၍ စီးပွားရှာတာ ငွေအမြောက်အမြားပိုက်မိ၍ ခေတ်ပျက်သူဌေးများဖြစ်ကုန်ကြပါသည်။ ဒီလူများဟာ သူဌေးဖြစ်လွယ်၍ ကောက်ရိုးမီးရှို့လိုက်တော့ ဟုန်းခနဲထတောက်ပြီး ခဏကလေး ပြာဖြစ်၍သွားသလို၊ လူကလည်းဆုံး၊ ပစ္စည်းကလည်းကုန်၊ ကျန်ရစ်ခဲ့သည့်ငွေကလည်း မယားနောက်ယောက်ျားယူတော့ လက်ဖွဲ့ဖို့ဖြစ်သွားကြတယ်။ ဒီလိုလူတွေကို ကျွန်ုပ်ဟာ အများအပြားတွေ့ပြီး သင်ခန်းစာရခဲ့မိပါသည်။
နာဂစပ်စု
သူ၏အိမ်ပုပုကလေးထဲမှာလည်း နာဂခေါင်းဆောင်တွေဆောင်းသည့် ဦးထုပ်တစ်လုံးရှိပါသည်။ ဒီဦးထုပ်ဟာ အင်မတန်မှလှ၍ အသစ်ကြီးလည်းဖြစ်နေပါတယ်။ ဦးတင်မောင်ကိုယ်တိုင် ဒီဦးထုပ်ကို ယူလာပြီးတော့ ကျွန်ုပ်ဦးခေါင်းမှာ လာဆောင်းပေးပါသည်။ ဒီနာဂဦးထုပ်ကလည်း ကျွန်တော့်ခေါင်းနှင့် အတော်ပါပဲ။ ဦးဝင်းမောင်ဟာ တစ်ခါတည်းဝမ်းသာအားရနှင့် နာဂစပ်စုဟာ စော်ဘွားစပ်စုထက် ပို၍ကြည့်ကောင်းတယ်။ တိုင်းပြည်ကသိအောင် ဘယ်လိုလုပ်မလဲလို့ ဦးဝင်းမောင်က ကျွန်ုပ်ကို မေးတယ်။ ကျွန်ုပ်ကလည်း ဦးဝင်းမောင်မေးတော့ ဘယ်လိုပြန်ပြောပြလိုက်သလဲဆိုရင် ၁၉၆၀-ခုနှစ် ဖေဖေါ်ဝါရီလ ၁၂-ရက်နေ့မှာ ပြည်ထောင်စုနေ့ကို အိမ်တော်၌ လူပေါင်းစုံကို ဧည့်ခံပွဲပြုလုပ်ကျင်းပသည့်အခါ သမတနှင့် သမတကတော် ဒေါ်မြမေတို့နှစ်ဦးက ကရင်ဝတ်စုံကို ၀တ်ပါ။ ကျွန်ုပ်နှင့် ဇနီးမကျင်မြိုင်က နာဂအမျိုးသား အမျိုးသမီးဝတ်စုံကို ၀တ်ပါမယ်။ နာဂအမျိုးသား အမျိုးသမီးလိုဝတ်ဖို့ ၀တ်စုံကိုလည်း သမတဟာ ကြိုတင်ရှာထားလိုက်ပါ။ ဒီတစ်ကြိမ်ကျလျှင် နာဂအမျိုးသားအမျိုးသမီးများကိုလည်း ခပ်များများခေါ်ပါ။ ကျွန်ုပ်တို့လင်မယားနှစ်ဦးဟာ နာဂအ၀တ်အစားကိုဝတ်ပြီး၊ နာဂမှလာသည့် နာဂတွေနှင့်ရောပြီးတော့ ပြည်ထောင်စုသားများကို လိုက်ပြီးတော့ပြမယ်။ ဒီလို ကျွန်ုပ်တို့လင်မယားက နာဂအ၀တ်အစားကိုဝတ်ပြသည့်အခါကျတော့ ပြည်ထောင်စုသားများမြင်လျှင် ဘယ်လောက်များချစ်ကြည်ရေးကို ပိုပြီးတော့ခိုင်မြဲမယ်ဆိုတာကိုလည်း မပြောတတ်ပါဘူး။ ရီစရာလည်းရီစရာဖြစ်နေမယ်။ ကျွန်ုပ်လည်းနာဂစပ်စုလို့ နာမည်တွင်သွားပါမည်။ ကျွန်ုပ်ဟာ နာဂစပ်စုဖြစ်သွားခဲ့ပါလျှင် ကချင်၊ ချင်း၊ ကယား၊ မွန် အမျိုးသားခေါင်းဆောင်ကြီးများကို ကြိုတင်၍ ကျွန်ုပ်ဟာ ပေါင်းထားပြီးသားရှိပါသည်။ ဒီ ၄-မျိုးစပ်စုဖြစ်ဖို့ကိုလည်း ကျွန်ုပ်ဟာ မခဲယဉ်တော့ပါဘူး။
ဟိုတုန်းအချိန် စော်ဘွားစပ်စုဖြစ်စဉ်အခါက စော်ဘွားလိုဝတ်ပြီး စော်ဘွားအနေသွားရောတာဟာ စဉ်းစားကြည့်လိုက်ပါလျှင် ဘေးအန္တရာယ်ကျရောက်စရာ အင်မတန်မှကောင်းလှပါသည်။ ရေနွေးပူလောင်း၊ လက်သည်းခွံခွာသည့် ဂျပန်ကင်ပေတိုင်ကိုသွားစတာဟာ ကျားကြီးကိုသွားစတာနှင့် အတူတူပါပဲ။ ယခု နာဂစပ်စုဖြစ်မည့်ဥစ္စာဟာ ဘာများမလုပ်ဝံ့စရာရှိပါသလဲ။ သမတနှင့် သမတကတော်ကို ကျွန်ုပ်ဟာပြန်ပြောလိုက်ပါတယ်။
ကျွန်ုပ်စဉ်းစား၍ ဒီလိုဖြတ်ခနဲထွက်လာသည့်ဉာဏ်ဟာ ကျန်ကီအင်းနှင့်ကျွန်ုပ်တို့လင်မယားဟာ သမတဦးဝင်းမောင်နှင့် အင်မတန်မှချစ်ခင်တဲ့သူတွေဖြစ်တယ်။ ကျွန်ုပ်တို့လင်မယားနှစ်ဦးကို မဏ္ဍပ်ရှေ့မှာ ထားပါလျှင် သမတမြင်တာနှင့်တစ်ပြိုင်နက် သံယောဇဉ်မကင်း၍ မဏ္ဍပ်ထဲကိုမ၀င်ပဲ ဘယ်နည်းနဲ့မှ မနေနိုင်ပါဘူး။ ဒီနေရာမှာ ဦးဝင်းမောင်၏သဘောထားစမ်းတာပါ။ ကျွန်ုပ်နှင့် ကျန်ကီအင်း ကြံစည်လိုက်သည့်အတိုင်း ဦးဝင်းမောင်လျှောက်လာ၍ ၃-၄ပေလောက်နီးကပ်လာသည့်အခါ ဦးဝင်းမောင်က အရင်ပြောတယ်။ ““ဦးစပ်စု.. မကျင်မြိုင်နေကောင်းရဲ့လား””လို့မေးပြီး ဘယ်လောက်မောမော ကျွန်ုပ်တို့၏ ဗွီ-စီးကရက်ကုမ္ပဏီမဏ္ဍပ်ထဲကိုဝင်လာတယ်။ ကျွန်ုပ်တို့ ဗွီစီးကရက်ကုမ်္ပဏီမဏ္ဍပ်ထဲမှာရှိသည့် ဗွီ-စီးကရက်သူဌေးကျန်ကီအင်းမှစ၍ လူကြီးခလေးပါမကျန် တစ်ယောက်စီလက်ဆွဲနှုတ်ဆက်၍ ကျွန်ုပ်နှင့်မယားညီအစ်ကို သားမြန်မာပြည်မှာ နာမည်ကျော်ကြားသည့် ဂိုးကီပါဇော်ဝင်း၏ညီ မောင်စိန်ဝင်းကို သမတဦးဝင်းမောင်ကတွေ့သည့်အခါ လက်ကိုတင်းတင်းဆွဲပြီး ““စိန်ဝင်း မင်းဒီရောက်နေသလား၊ မင်းအဖေရောနေကောင်းရဲ့လား””လို့မေးပြီး တစ်အောင့်လောက်ကြာမှ အကုန်လုံးကိုနှုတ်ဆက်၍ သမတဦးဝင်းမောင်ဟာ မဏ္ဍပ်ထဲကထွက်သွားပါတယ်။
ဦးဝင်းမောင်ဟာ သမတဖြစ်ပေမယ့် မိတ်ဆွေဟောင်းတွေကိုတွေ့သည့်အခါမှာ သူ့ရာထူးကိုတောင်မေ့ပြီးတော့ ဒီလိုခင်မင်ချစ်ခင်သည့်စိတ်ရှိပါသည်။ အင်မတန်မှလည်း ချီးကျူးစရာ ကောင်းပါသည်။ ဓါတ်ပုံဆရာနှင့်တကွအကုန်လုံးဟာ အံ့သြ၍သွားကြပါသည်။ ကျွန်ုပ်၏ ကြိုတင်ပေါင်းသင်းဆက်ဆံရေးပညာဟာ ဘယ်လောက်များအဖိုးတန်တယ်ဆိုတာ ဒီနေရာဒီစာပုဒ်ကနေ သိနိုင်ကြပါပြီ။
ကျွန်ုပ်သည် ဗွီ-စီးကရက်ကုမ္ပဏီထဲတွင် တစ်ပြားတစ်ချပ်မှရှယ်ယာမပါဝင်ခဲ့ပါ။ ကုမ္ပဏီမှ စီးကရက်တစ်ရာမှာ ကော်မရှင်တစ်ကျပ်ပဲရပါသည်။ အိမ်စရိတ်သုံးဖို့ပြုဖို့မလုံလောက်သည့်အတွက် ဒီလောက်ပင်ပင်ပန်းပန်းခံ၍ ဘယ်နေရာမဆို ကျွန်ုပ်တို့သားမယားတစ်စုဟာ လိုက်လံရောင်းချနေရခြင်း ဖြစ်ပါသည်။ ကျွန်ုပ်ဟာ ဟိုတုန်းကစီးပွားရှာဖွေ၍ငွေစုဆောင်းထားပါလျှင် ဒီလောက်ပင်ပန်းခံ၍ မရှာရတော့ပဲ အိမ်မှာအေးအေးဆေးဆေးထိုင်နေရမှာပဲ။ ကိုယ့်ကိုယ်နှင့် ကိုယ့်သားမယားကို မသနား၍မဟုတ်ပါဘူး။ မတတ်နိုင်လွန်း၍သာလုပ်ကိုင်ရခြင်းဖြစ်ပါသည်။ ပညာရှိသောသူများဟာ ကျွန်ုပ်အကြောင်းကို တွေးကြည့်လျှင်သိနိုင်ကြပါသည်။ ကျွန်ုပ်ဟာ ချစ်ခင်ပေါင်းသင်းဆက် ဆံရေးကလည်း အလွန်ဝါသနာပါ၍ လှူတာတန်းတာ ကျွေးတာမွေးတာတွေလည်းရှိပြီး၊ ယခုတော့ ဆင်းရဲ၍ အကြွေးတောင်တင်ရှိနေပါသည်။
ကျွန်ုပ်ဟာ အခွင့်ကောင်းယူပြီးတော့ သာပေါင်းညာစားမလုပ်တတ်ပါ။ ကျွန်ုပ်ဟာ သဘောထားရိုးသည့်အတွက် အခုလိုဆင်းရဲပြီးနေရတာဖြစ်ပါသည်။ ကျွန်ုပ်ဟာ အသက်ကလည်း ကြီးပြီ၊ သွေးတိုးရောဂါကလည်း စွဲကပ်နေတယ်။ သားမယားဟာလည်း ငယ်သေးတယ်။ စီးပွားရေး မရှာဖွေတတ်သေးဘူး။ ဤမှန်သည့်သစ္စာစကားကို ဘုရားရှေ့မှာကျမ်းကိုင်ကျိန်ပြီး၊ တိုင်းပြည်လူထုကို ရဲရဲတင်ပြရဲပါတယ်။ တိုင်းပြည်လူထုကလည်း ဘယ်လိုဝေဖန်မယ်ဆိုတာကိုတော့ ကျွန်ုပ်ဟာ မပြောဆိုတတ်ပါဘူး။ ဒီလိုလူစားများကို သနားရမလား၊ ဒီလိုလူစားမျိုးဟာ ဒီလောက်အရသလား၊ နုံရသလား၊ သမတအထိကိုတောင်ကြိုတင်ပေါင်းထားနိုင်ပြီးဆင်းရဲရတယ်ဆိုတာ အံ့သြစရာဖြစ်နေပြီ၊ ဒါမှမဟုတ် ကဲ့ရဲ့မလားအပြစ်တင်မလားဆိုတာကို ကျွန်ုပ်၏အပေါ်လူထုကထားရှိသောစေတနာကို သိချင်ပါတယ်။ ကျွန်ုပ်ကိုပြစ်တင်ကဲ့ရဲ့တဲ့သူ၊ သနားသည့်သူများဟာ မညှာမတာ ရက်ရက်စက်စက် သတင်းစာမှနေပြီးတော့ ပွင့်ပွင့်လင်းလင်းဝေဖန်ရေးသားပါ။ ကျွန်ုပ်ကို ဒီလိုဝေဖန်ရေးသားမည်ဆိုလျှင် ကျွန်ုပ်ဟာ အင်မတန်မှကျေးဇူးတင်ပါသည်။
ကျွန်ုပ်ကို အမြဲတမ်းလူအားငွေအားနှင့်မစသည့်သူမှာ ဦးဘိုးငြိမ်း ကုမ္ပဏီပိုင်ရှင် ဦးသံဒိုင်နှင့် ဒေါ်တင်တင်တို့ဖြစ်ပါသည်။ သူတို့ဟာကျွန်ုပ်ကို ဆက်ကာဆက်ကာခဏခဏ ငွေကိုအကူအညီ ပေးပါတယ်။ နောက်ပြီး ဗွီစီးကရက်ကုမ္ပဏီသူဌေး မစ္စတာကျန်ကီအင်းကလည်း ကျွန်ုပ်ကို ငွေအားဖြင့်ခဏခဏအကူအညီပေးပါတယ်။ တစ်ဦးကိုတစ်ဦးစေတနာဖြင့်ကူညီကြခြင်းသာဖြစ်ပါတယ်။ ကျွန်ုပ်ဟာ သူတို့ကျေးဇူးကို ဘယ်တော့မှမမေ့ပါဘူး။ (ဥပမာ-ချမ်းအေးသည့်အခါမှာ ရေခဲရေသောက်လိုက်သည့်အခါ ရှိသမျှအေးတဲ့နေရာဟာ ရင်ဘတ်မှာလာပြီးပိုသိသလို သူတို့ရဲ့ ကျေးဇူးဟာလည်း ကျွန်ုပ်၏ရင်ဘတ်ထဲမှာ ပိုမိုကြီးကျယ်ပြီး ဒီကျေးဇူးကိုတစ်သက်မှာမမေ့ပါဘူး၊) ကျွန်ုပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းကို စကားနှစ်ခွန်းအာမခံထားခဲ့မိသည့်အတွက်ကြောင့် ယခုလိုဆင်းရဲပြီး နေထိုင်ရခြင်းဖြစ်ပါသည်။ ကျွန်ုပ်ဟာလည်း ဗိုလ်အောင်ဆန်းကိုခဏခဏသွားတွေ့နေရတော့ ဗိုလ်အောင်ဆန်းဟာ တရုပ်ပြည်ကိုရောက်ဖူးပြီး တရုပ်ရာဇ၀င်ဟောင်းကို အတော်ကိုပဲလေ့လာလိုက်စား ဖူးသည့်အတွက်ကြောင့် ကျွန်ုပ်ကို ဥပမာပုံလေးတစ်ခုပြောပြတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ကျွန်ုပ်ကို ပြောပြသည့်ပုံဟာ တရုပ်ပြည်ကြီးမှာ လွန်ခဲ့သည့်အနှစ် ၂၅၀၀-လောက်က တရုပ်ရာဇ၀င်တွင် ကျော်ကြားသည့် တောင်ကျူးဒက်ကောက်ရာဇ၀င်စာအုပ်ထဲမှ ပုံကလေးတစ်ပုံဖြစ်ပါတယ်။ ဒီပုံကလေးကတော့ .....

တရုပ်ပုံပြင်

တိုင်းပြည်တစ်ပြည်မှာ ရှင်ဘုရင်တစ်ပါးရှိတယ်။ ဒီရှင်ဘုရင်ဟာ ရောဂါဝေဒနာစွဲကပ်ပြီး မထနိုင်တော့ပဲ သေခါနီးတော့မည့်အချိန်မှာ သူ့ရဲ့နန်းရင်းဝန်ကိုခေါ်တယ်။ သူသေသွားသည့်အခါ သူချမှတ်ခဲ့သည့် လမ်းစဉ်စည်းမျဉ်းအတိုင်း၊ စည်းကမ်းဥပဒေနှင့် မသွေမတိမ်းလုပ်ပါလို့မှာသွားတယ်။ ဒီတော့နန်းရင်းဝန်ကလည်း စိတ်ချပါကောင်းပါပြီလို့ ကတိပေးလိုက်တယ်။ ဒါနဲ့ဘုရင်ကြီးကလည်း နန်းရင်းဝန်ကိုသေချာစွာမှာပြီးသေဆုံးသွားတယ်။ ဘုရင်ကြီးသေဆုံးသွားပြီးနောက် နန်းရင်းဝန်ဟာ ဘုရင်ကြီးမှာကြားခဲ့တုန်းက မှာကြားခဲ့တာကတစ်မျိုး၊ သူလုပ်တာကတစ်ဖုံ၊ နောက်ဆုံးတော့ ဘုရင်ကြီးမှာခဲ့တာတွေ၊ ကတိခံခဲ့တာတွေကို ဘာမှမလုပ်တော့ပဲ သူထင်တာကို သူ့ဟာသူလျှောက်လုပ် နေတော့တယ်။ ဒါနဲ့ပဲတိုင်းပြည်ကြီးလည်းပျက်ကော၊ သူလည်းစိတ်ညစ်ပြီး ရောဂါဝေဒနာတွေ စွဲကပ်လာတယ်။ တစ်နေ့တခြား တစ်ဖြည်းဖြည်းနှင့် ရောဂါဝေဒနာဟာ ပြင်းထန်လာပြီး သေခါနီးကျတော့မှ သူ့သမီးကိုခေါ်တယ်။ သမီးကိုခေါ်ပြီးသေသေချာချာမှာတယ်။ ““သမီး.. ငါသေရင် ငါ့ရဲ့ကျစ်ဆံမြီးကိုဖြေ၍ မျက်လုံးပေါ်ကိုအုပ်ပါ၊ နောက်ပြီးမျက်လုံးပေါ်ကို အ၀တ်ခပ်နာနာစည်းပါ””
သမီးကပြန်မေးတယ်။ ““ဘာဖြစ်လို့ဒီလိုလုပ်တာလဲအဖေ””ဟုမေးတော့ နန်းရင်းဝန်ကသမီးကို ပြန်ပြောတယ်။
““ဟိုတုန်းကရှင်ဘုရင်ဟာ သေခါနီးဆဲဆဲမှာ ငါ့ကိုမှာခဲ့တယ်၊ ငါချမှတ်ခဲ့သည့်လမ်းစဉ် စည်းမျဉ်းအတိုင်း တသွေမတိမ်းလုပ်ပါဆိုတာကို ငါက သူမှာသလိုမလုပ်ပဲ ငါထင်ရာလျှောက်လုပ်တော့ တိုင်းပြည်ကြီးလည်းပျက်တာပေါ့၊ တိုင်းပြည်လည်းပျက်ပြီ၊ ငါသေသွားရင် ငါ့ရဲ့ရှင်ဘုရင်နဲ့ သွားတွေ့တော့မယ်။ ငါဟာမျက်နှာပူတယ်၊ ရှင်ဘုရင်ရဲ့မျက်နှာကိုလည်း ကြည့်ရဲတော့မှာမဟုတ်ဘူး။ သို့အတွက် သမီးကိုခေါ်ပြီးလုပ်ခိုင်းရခြင်းဖြစ်တယ်””လို့ ပြန်ပြောရှာတယ်။
ဒီလိုအဖြစ်အပျက်ကို ကျွန်ုပ်ဟာ ဖြစ်မှာအရမ်းကြောက်တယ်။ နန်းရင်းဝန်က ကျစ်ဆံမြီးရှိ၍ တော်သေးသည်။ ကျွန်ုပ်ဦးစပ်စုမှာ တစ်ခါမှကျစ်ဆံမြီးမရှိပါဘူး။ ကျစ်ဆံမြီးကိုဖယ်ထားပါဦး၊ ဗိုလ်ဆံထောက်တောင်မရှိသည့်အပြင် တစ်သက်လုံးကတုံးပဲထားခဲ့ပါသည်။ ကျွန်ုပ်၏သားသမီးများ ကိုလည်းမှာခဲ့စရာ ကျစ်ဆံမြီးလည်းမရှိ၊ ဆံပင်လည်းမရှိသည့်အတွက်ကြောင့် ဗိုလ်အောင်ဆန်းအား စကားနှစ်ခွန်းကတိခံခဲ့သည်ကို ယနေ့အထိ ကတိမဖေါက်ဖျက်ချင်သည့်အတွက် ယခုလို ဆင်းရဲပင်ပန်းစွာလုပ်ကိုင်စားသောက်နေထိုင်ရခြင်းဖြစ်ပါသည်။ ဤကတိခဲ့သည့်စကား ၂-ခွန်းကို ဖေါက်ဖျက်ပြီးစီးပွားရှာမယ်ဆိုရင် ကျွန်ုပ်ဟာအနည်းဆုံး သိန်းပေါင်း ၁၀၀-မကချမ်းသာပြီး၊ အေးအေးဆေးဆေးနေထိုင်နိုင်ပါသည်။
၁၉၄၇-ခုနှစ်မှ ၁၉၅၇-ခုနှစ်အထိ ဒီ ၁၀-နှစ်အတွင်းမှာ ကျွန်ုပ်ကို အစိုးရဘက်ကထိပ်တန်း၊ ဒုတိယတန်း၊ လူကြီးများကို ကြိုတင်ပေါင်းထားသည့်သူဆိုရင်ဖြင့် မပြောပြလောက်အောင် စီးပွားဖြစ် ပါသည်။ အောက်တန်း တတိယအတွင်းဝန်လောက်ကိုကပ်တောင် သူဌေးဖြစ်နိုင်ပါတယ်။ ကျွန်ုပ်ဟာ ဒီ ၁၀-နှစ်အတွင်းမှာ လောဘလည်းမကြီးပဲ၊ လူကြီးတွေကိုလည်းမကပ်ပဲ ရိုးရိုးတန်းတန်းနှင့် ရှာဖွေစားသောက်နေထိုင်လာခဲ့လို့ ဘာမျှအဖတ်မတင်တာပါ။ ဟိုအချိန်ကလောဘကြီးပြီး ကျွန်ုပ်နှင့် ပေါင်းထားသည့်လူတွေကိုကပ်လိုက်ရင် သူဌေးဖြစ်နိုင်ပါတယ်။ ကျွန်ုပ် သိန်း၁၀၀-လောက်မက ချမ်းသာနိုင်သည့်နည်းကို လူထုယုံကြည်သိနားလည်အောင် ရှင်းလင်းတင်ပြပါရစေ ...။
ကျွန်ုပ်သည် ဂျပန်ခေတ်က ကျွန်ုပ်တို့နေထိုင်သော အနောက်ပိုင်းရပ်ကွက်တစ်ခုလုံးအတွက် သကြားအေးဂျင်း၊ လဖက်ရည်အေးဂျင်းရရှိပါသည်။ ကျွန်ုပ်သည် ယခုနေထိုင်လျက်ရှိသော တိုက်မှာလည်း အောက်ထပ်ကအရက်ဖြူဆိုင်၊ အလယ်ထပ်ကဟော်တယ်၊ အပေါ်ဆုံးထပ်က တည်းခိုခန်း ဖြစ်သည့်အပြင် ဂျပန်အရာရှိကြီးငယ်၊ မြန်မာအရာရှိကြီးငယ်များနှင့် ပေါင်းသင်းဆက်ဆံအဆင်ပြေ၍ ငွေရှာလျှင် အင်္ဂလိပ်အ၀င်ပြန်လာချိန်မှာ ကျွန်ုပ်ဟာ ငွေအမြောက်အမြား ပိုက်မိနေစရာအကြောင်း ရှိပါတယ်။ ဂျပန်ကင်ပေတိုင် အထက်တန်း၊ အောက်တန်းကြီးကြီးငယ်ငယ်၊ မြန်မာဘက်မှာဆိုလျှင်လည်း ရာဇ၀တ်အုပ်မှအစ ပုလိမ်မင်းကြီးအထိအားလုံးကို ကျွန်ုပ်ပေါင်းသင်းထားသူတွေဖြစ်ပါသည်။ ဒီအချိန်တုန်းက ကျွန်ုပ်သည် ဂျပန်ငွေနှင့်ရွှေ ၂-သိန်းဖိုးလောက်ဝယ်ဖို့ရာအခဲယဉ်းပါဘူး။ နောက်ပြီး ဂျပန်ငွေနှင့် အင်္ဂလိပ်ငွေစက္ကူများ တစ်ရာတန်၊ တစ်ထောင်တန်၊ တစ်သောင်းတန်များကို လဲလှယ်လိုက်မည်ဆိုလျှင်လည်း ကျွန်ုပ်ဟာ အင်္ဂလိပ်ငွေ ၂-သိန်း၊ ၃-သိန်းလောက် ရနိုင်ပါသည်။ အင်္ဂလိပ်ပြန်ဝင်လာသည့်အချိန်မှာဆိုလျှင် အနည်းဆုံးအင်္ဂလိပ်ငွေ ၅-သိန်း၊ ၆-သိန်းလောက် ရနိုင်ပါပြီ။
ကျွန်ုပ်ဟာ လောဘမကြီးပဲရသမျှနှင့်ပင်ပန်းခံပြီးနေခဲ့တယ်။ တရုပ်မြန်မာဧည့်ခံကျွေးမွေး တာတွေကို လျှော့ပြီး ငွေစုနိုင်ပါသေးတယ်။ အင်္ဂလိပ်ပြန်ဝင်လာသည့်အချိန်မှာ ဒီငွေ ၅-သိန်း၊ ၆-သိန်းနှင့်ရင်းနှီးပြီး၊ အစိုးရအထက်တန်းအောက်တန်း အရာရှိများနှင့် ရင်းနှီးသည့်အတွက်ကြောင့် နိုင်ငံခြားထွက်ကုန်ဝင်ကုန် လိုင်စင်ဆွဲပြီးအလုပ်လုပ်လိုက်မည်ဆိုလျှင် ၁၉၄၈-ခုနှစ်အတွင်းမှာ သိန်း ၂၀၊ သိန်း ၃၀-ငွေလောက်ကို ရနိုင်သည့်အရည်အချင်းရှိပါသည်။ ကျွန်ုပ် ကြိုတင်ပေါင်းထားသည့် အရှိန်မှာ ပူပူနွေးနွေးရှိပါသေးသည်။ ဒီအချိန်မှာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ ၎င်း၏ ပထမအတွင်းဝန်၊ ဒုတိယအတွင်းဝန် အရာရှိကြီးငယ်များကိုကပ်ပြီး မှန်မှန်လုပ်ကိုင်နေရင်တောင် ကျွန်ုပ်မှာ ၁၉၄၈-ခုနှစ်မှ၊ ၁၉၅၈-ခုနှစ်အထိ ၁၀-နှစ်အတွင်း အခွင့်ကောင်းယူ၍ သိန်း ၁၀၀-လောက် အေးအေးဆေးဆေးရနိုင်ပါသည်။ ကျွန်ုပ်စိတ်ထဲမှာယူဆတာကတော့ တစ်ကမ္ဘာလုံး ဒုက္ခရောက်နေသည့် အချိန်အခါဖြစ်ပါသည်။ သူများတွေခေတ်ပျက်လို့ ဒုက္ခရောက်နေကြသည့် အချိန်မှာ ခေတ်ပျက်သူဌေးလို့အမည်ကို ကျွန်ုပ်ဟာမခံနိုင်ပါဘူး။
၎င်းနောက် ကျွန်ုပ်ဟာတစ်ခုသွားပြီးတော့ သတိရမိတယ်။ ပထမကမ္ဘာစစ်ကြီးဟာ ၁၉၁၄-ခုနှစ်မှစ၍ ၁၉၁၈-ခုနှစ်မှာ ပြီးဆုံးသွားပါသည်။ ၄-နှစ်ကြာကြာဖြစ်၍ ကျွန်ုပ်၏မိတ်ဆွေဖြစ်သူ တရုပ်အမျိုးသားများဟာ အများအားဖြင့် အခွင့်ကောင်းယူ၍ စီးပွားရှာတာ ငွေအမြောက်အမြားပိုက်မိ၍ ခေတ်ပျက်သူဌေးများဖြစ်ကုန်ကြပါသည်။ ဒီလူများဟာ သူဌေးဖြစ်လွယ်၍ ကောက်ရိုးမီးရှို့လိုက်တော့ ဟုန်းခနဲထတောက်ပြီး ခဏကလေး ပြာဖြစ်၍သွားသလို၊ လူကလည်းဆုံး၊ ပစ္စည်းကလည်းကုန်၊ ကျန်ရစ်ခဲ့သည့်ငွေကလည်း မယားနောက်ယောက်ျားယူတော့ လက်ဖွဲ့ဖို့ဖြစ်သွားကြတယ်။ ဒီလိုလူတွေကို ကျွန်ုပ်ဟာ အများအပြားတွေ့ပြီး သင်ခန်းစာရခဲ့မိပါသည်။

No comments:

Post a Comment