Saturday, September 11, 2010

၇၅နှစ်အကြား ၄၉နှစ်အမြင် ဗမာပြည် ကြော်ငြာစာမျက်နှာ

ကျွန်ုပ်၏ အာသီသ


ကျွန်ုပ်၏ အာသီသ

ကျွန်ုပ်သည် ၁၄-နှစ်သားက ဗမာပြည်ကိုရောက်လာခဲ့သူတဦးဖြစ်လေသည်။ ကျွန်ုပ်ဘ၀တသက်တွင် ခေတ်အမျိုးမျိုး၊ အစိုးရအသီးသီး ပြောင်းလဲလာခဲ့ပုံ၊ ဒုက္ခအစုံစုံတို့ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရလေသည်။ ကျွန်ုပ်၏ထူးခြားသော ဘ၀အတွေ့အကြုံများကို “ထူးတဲ့စပ်စု” ပထမတွဲ၌၎င်း၊ ယခုဤ “၇၅-နှစ်အကြား ၄၉-နှစ်အမြင်(ဗမာပြည်)”စာအုပ်၌၎င်း၊
 တစွန်းတစဖေါ်ပြထားပါသည်။ နောက်ထွက်မည့်စာအုပ်များတွင်လည်း ဆက်လက်ဖေါ်ပြ ပေ
ဦးမည်။
          ကျွန်ုပ်၏အသက်သည် ၆၂-နှစ်ရှိလေပြီ။
         

ချစ်ကြည်ရေး


ချစ်ကြည်ရေး

ရှေးနှစ်ပေါင်း ၁၀၀ ကျော်ကပင် တရုပ်အမျိုးသား၊ အိန္ဒိယအမျိုးသားများသည် ဗမာပြည်ဝယ် နေထိုင်လာခဲ့ကြသည်။ ထိုစဉ်ကစ၍ တဦးနှင့်တဦး ညီညီညွတ်ညွတ်ပင် နေထိုင်လာခဲ့ကြ၏။ နယ်ချဲ့အင်္ဂလိပ် အုပ်ချုပ်နေချိန်၌သာလျှင် လူမျိုးရေး ဘာသာရေး ကွဲပြားမှုပေါ် အခြေတည်၍ အဓိကရုဏ်းကြီးများ ဖြစ်ခဲ့ဘူးသည်။ သည့်နောက်ပိုင်း ဖက်ဆစ်ဂျပန် အုပ်စိုးသော ကာလဆိုးကြီး၌ပင်လျှင် ဗမာ၊ တရုပ်၊ အိန္ဒိယ ဤလူမျိုးသုံးဦးသည် သွေးသောက် ညီအစ်ကိုများပမာ တယောက်အရေးကို တယောက် ကူညီခဲ့ကြသည်မှာ မျက်မြင်ကိုယ်တွေ့ပင်။
ကျွန်ုပ်ဆိုလျှင် ယခု အသက် ၆၂ - နှစ် ရှိလေပြီ။

““ကျွန်ုပ်သိသော ဦးသန့်””

““ကျွန်ုပ်သိသော ဦးသန့်””

          ကျွန်ုပ်နှင့်ဦးသန့် ခင်မင်သိကျွမ်းခဲ့သည်မှာ နှစ်ပေါင်း ၃၀-ပင် ကျော်ခဲ့လေပြီ။ ဦးသန့်ကို သိစက ပန်းတနော် ကျောင်းဆရာဘ၀ဖြစ်လေသည်။ ဦးသန့်နှင့် ကျွန်ုပ်ကို မိတ်ဆက်၍ပေးသူမှာ မြို့အုပ် ပေါင်းတည်ဦးဘအုံးဖြစ်လေသည်။ ဤသမယကစ၍ တစ်ဦးနှင့်တစ်ဦး စတင်ပြီးခင်မင် လာခဲ့ကြလေ၏။
          သည့်နောက်ပိုင်းတွင်မူ တစ်ယောက်နှင့်တစ်ယောက် အနေဝေးနေမှုကြောင့် ဦးသန့်နှင့် ပတ်သက်သော ထူးဆန်းသည့်ကိစ္စကြီးငယ်များ မပေါ်ပေါက်ခဲ့ပေ။
          ကျွန်ုပ်သည် မိတ်ဆွေအများ၏ တိုက်တွန်းနှိုးဆော်ချက်ကြောင့် ၁၉၄၉-နှစ်တွင် မြန်မာ တိုင်းရင်းသားလျှောက်သည်။ ၁၉၅၀-ပြည့်နှစ်တွင် မြန်မာတိုင်းရင်းသား လက်မှတ်ကို ရရှိလေသည်။ ဤတိုင်းရင်းသားလက်မှတ်ကို ရလျှင်ရချင်း ပထမဦးစွာ ကျွန်ုပ်သည် ဦးသန့်နှင့်သွား၍ တိုင်ပင်လေသည်။
         

““ပင်လုံဒေါ်နုရင်နှင့် ဆီချက်ခေါက်ဆွဲ””


““ပင်လုံဒေါ်နုရင်နှင့် ဆီချက်ခေါက်ဆွဲ””

          ထိုစဉ်က အဖွဲ့တစ်ဖွဲ့ရှိသည်။ ဤအဖွဲ့မှာ တပ်ပေါင်းစုံ အမျိုးသမီး ချီးမြှင့်ရေးအဖွဲ့ပင် ဖြစ်ပါသည်။ ယင်းအဖွဲ့ထဲတွင် ကျွန်ုပ်၏ဇနီးနှင့်တကွ ခယ်မ၊ မရီးများပါ ပါဝင်ကြလေသည်။ ကြီးမှူးစီစဉ်ညွှန်ကြားသူက ပင်လုံဒေါ်နုရင်၊ အမျိုးသားဘက်ကဆိုလျှင် ကျွန်ုပ်စပ်စု၊ အိန္ဒိယအမျိုးသား ဘာဘူကြီး၊ ဗမာအမျိုးသားထဲကဆိုပါလျှင် ဦးဘသွင်တို့ ဖြစ်ပါသည်။ ဤအဖွဲ့သည် မင်္ဂလာဒုံ စစ်ဆေးရုံသို့ တက်ရောက်ကုသနေသောလူနာများအား သူတို့စားသောက်လိုသည့် အစာအာဟာရကို တစ်လလျှင်တစ်ကြိမ် ကျွေးမွေးလှူဒါန်းပါသည်။
          တစ်ကြိမ်က မှတ်မှတ်ရရ ကျွန်ုပ်နှင့်ပင်လုံဒေါ်နုရင်သည် ၂၄-လမ်းသို့လာ၍ ကားဖြင့် ဆီချက်ခေါက်ဆွဲများကို သယ်ရလေသည်။ ကားထဲ၌ ပစ္စည်းဥစ္စာများပြည့်လျှံ၍နေလေသည်။ ထိုင်ရသောလူမှာလည်း ဘေးသို့မလှည့်သာအောင်ပင် ကျပ်ကျပ်တည်းတည်းနှင့်လိုက်လာရ၏။ ၂၄-လမ်းမှ မင်္ဂလာဒုံအထိ ခရီးကားနီးလှသည်မဟုတ်၊ တစ်လမ်းလုံး ဤအတိုင်းပင်လိုက်ပါလာခဲ့ရ၏။ တစ်ကိုယ်လုံးတွင်လည်း ချက်ပြီးသောဆီများ ပေကျံကုန်၏။
         

““အင်းစိန် အောင်ပွဲ””


““အင်းစိန် အောင်ပွဲ””

          ကျွန်ုပ်၏ ၀ါသနာအကြောင်းကို ရေးရပေဦးမည်။ ကျွန်ုပ်၏၀ါသနာကား အဘယ်မည်သော အလုပ်မျိုးကိုမဆို စပ်စပ်စုစုလုပ်တတ်သည်။ ထို့ကြောင့်လည်း လူအများမသိသေးသော အကြောင်း အရာများကို စပ်စပ်စုစုပင် သိတတ်လေသည်။
          အထူးသဖြင့် ပွဲလမ်းကြီးများ၊ ဧည့်ခံပွဲကြီးများလိုလိုပင် ကျွန်ုပ်တက်ရောက်သည်က များပါ၏။ တတ်နိုင်သမျှ လူအများစုဝေး၍ပြုလုပ်သော လုပ်ငန်းတိုင်းလိုလို အားပေးကူညီခဲ့ပေသည်။ ဤကား ကျွန်ုပ်၏၀ါသနာဟုဆိုလျှင် မမှားပေ။
          ၁၉၄၉-ခုနှစ်၊ ဇွန်လ ၁-ရက်နေ့တွင် ကျွန်ုပ်၏ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌကြီး စိန်ဘရားသား ဦးထွန်းစိန်၊ ဦးဆင်- ဒေါ်ဌေး (သား) ဦးမောင်မောင်၊ ဦးသံတိုင်၊ ဦးမြရင်တို့ ရောက်လာကြပါသည်။ သူတို့ ကျွန်ုပ်အိမ်သို့ လာရခြင်းအကြောင်းကို စုံစမ်းကြည့်သောအခါ ““အင်းစိန်အောင်ပွဲ တပ်ပေါင်းစုံဂုဏ်ပြုပွဲအတွက် တပ်မတော်သားပေါင်း ၁၅၀၀ အပြင် ဧည့်သည်တော် လူ ၃၀၀ ခန့် တက်ရောက်မည့်ပွဲကို ဦးစပ်စုက တာဝန်ယူပြီး ကူညီစေချင်ပါတယ်”” ဟူ၍ဆိုလာ၏။ ကျွန်ုပ်ကလည်း မိတ်ဆွေအများပေးအပ်သော တာဝန်ကို လက်ခံလိုက်လေသည်။
         

““ကွေကွင်းကွဲကွာ””


““ကွေကွင်းကွဲကွာ””

          ကျွန်ုပ်၏ လွန်စွာချစ်ခင်သော မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်) ပျက်စီးဆုံးရှုံးရခြင်း၏ တရားခံ အစစ်သည်ကား “စစ်” ပင်တည်း။
          စစ်ဟူသည် ကမ္ဘာပေါ်ရှိ လူသားများကို ဘယ်အခါသမယမျှ ကောင်းကျိုးမပြု။ သားတကွဲ၊ မယားတစ်ကွဲ၊ မိတ်ဆွေအပေါင်းအသင်းချင်းလည်းကွဲ၊ ချစ်သူချင်းလည်း ကွဲစေနိုင်ပေသည်။ ဤမကောင်းသောစစ်ကြီးကပင် ကျွန်ုပ်နှင့် ဆူဘတ်ချန်ဒရာဘို့(စ်)ကို ဒီတစ်သက်တွင် ဘယ်တော့မျှ မတွေ့ရလေအောင် ခွဲလိုက်ပေတော့သည် တကား။
          ကျွန်ုပ်သည် အိန္ဒိယ၀န်ကြီးချုပ် မစ္စတာနေရူးနှင့် တွေ့သောအကြိမ်သည် လွန်စွာမှ နည်းပါးခဲ့၏။ သို့သော် ကျွန်ုပ်နှင့် နေရူးကိုတွဲ၍ တရုပ်၊ ဗမာ၊ အိန္ဒိယ သတင်းစာများက ဖေါ်ပြခဲ့ဖူးသည်။ တစ်ချို့သော သတင်းစာများထဲတွင် ကျွန်ုပ်အား “အိန္ဒိယစပ်စု” ဟူ၍ပင် ဘွဲ့ကမ္ပည်း ပေးထားသည်အထိ ဖြစ်နေပေ၏။
         

““၁၂ နှစ်တိုင် မမေ့နိုင်””


““၁၂ နှစ်တိုင် မမေ့နိုင်””

          ကျွန်ုပ်သည် မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)အတွက် ဂျပန်ယမ် ၁၀၀၀၀ လှူဒါန်း ခဲ့သည်။ ကိုယ့်မိတ်ဆွေတစ်ယောက်အနေနှင့်လည်း အလေးပြုခဲ့ပါသည်။ ထို့ကြောင့်လည်း လုပ်သင့် လုပ်အပ်သောကိစ္စ၀ိစ္စကြီးတစ်ခု ပြီးမြောက်သွား၍ လွန်စွာမှ ၀မ်းသာကြည်နူးနေမိလေသည်။
          ထို့နောက်ပိုင်းတွင်မူ ဂျပန်ပြည်၌ နေနိုင်ခွင့်ရှိသော အချိန်ပိုများကို ကျွန်ုပ်နှင့်အမျိုးတူသော တရုပ်အမျိုးသားများ၊ ဂျပန်ခေတ်ဝယ် ဗမာပြည်သို့ လာရောက်အုပ်ချုပ်ဖူးသည့် စစ်မှုထမ်းဟောင်း များ၊ ဂျပန်အမျိုးသား မိတ်ဆွေများနှင့် ထပ်မံ၍ တွေ့ရလေသည်။ သူတို့နှင့်တွေ့ဆုံခြင်းကား ကိုယ့်မိတ်ဟောင်း ဆွေဟောင်းများနှင့် တွေ့ရသကဲ့သို့ ဖြစ်နေလေသည်။ သူတို့နှင့်အတူ ကျွန်ုပ်သည် ဂျပန်ပြန်တစ်ပြည်လုံးကို လျှောက်၍ လည်ပတ်ကြ၏။
         

““တိုကျိုတွင် အတူတူ မျက်ရည်ကျခဲ့သည်””

““တိုကျိုတွင် အတူတူ မျက်ရည်ကျခဲ့သည်””

          ကျွန်ုပ်သည် အိန္ဒိယခေါင်းဆောင်ကြီး ဆူဘတ်ချန်ဒရာဘို့(စ်) အရိုးပြာကို ဂျပန်ပြည်မှ အိန္ဒိယသို့ယူဆောင်ရေးအဖွဲ့ထဲတွင် ပါဝင်လေသည်။ ထိုအချိန်တိုင်အောင် ကျွန်ုပ်က မစောင့်နိုင်ပေ။ ကိုယ်အလွန်ချစ်မြတ်နိုးသောမိတ်ဆွေတစ်ယောက်ကို တွေ့လိုသောဇောက ထိန်းမရအောင်ပင် ခံစားနေရပါသည်။
          ထို့ကြောင့်ပင် ကျွန်ုပ်သည် ဗမာပြည်ရှိ အိန္ဒိယသံရုံးသို့သွားပြီး အိန္ဒိယသံအမတ်ကြီးနှင့် တွေ့ကာ အကျိုးအကြောင်းကို ပြောပြပါသည်။ ပြောပြသည့်အကြောင်းအရာမှာ ““ကျွန်တော်ဟာ ဂျပန်ပြည်မျာရှိတဲ့ ဆူဘတ်ချန်ဒရာဘို့(စ်)အရိုးပြာကို အိန္ဒိယယူဆောင်လာတဲ့အခါမှာ နယူးဒေလီကို သွားပါမယ်။ ခုလည်း ကျွန်တော့်မိတ်ဆွေ ဆူဘတ်ချန်ဒရာဘို့(စ်)အရိုးပြာရှိတဲ့ ဂျပန်ပြည်ကိုလည်း တစ်ခေါက်လောက်သွားပြီး အလေးပြုချင်ပါတယ်။ ဒါ့ကြောင့် သံအမတ်ကြီးက ထောက်ခံစာရေးပြီး ဂျပန်ပြည်မှာရှိတဲ့ အိန္ဒိယသံရုံးကို သံကြိုးစာတစ်စောင်ရိုက်ပေးစေလိုပါတယ်”” ဟူ၍ ပြောပြလေသည်။
         

““ကြုံခဲ့ရသည်””


““ကြုံခဲ့ရသည်””

          အိန္ဒိယ၀န်ကြီးချုပ် မစ္စတာနေရူးသည် အိန္ဒိယပြည်သို့ ပြန်၍သွားလေပြီ။ သည့်နောက် ၂-ရက်အကြာတွင် ကျွန်ုပ်သည် မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)၏အရိုးပြာအိုး အိန္ဒိယပြည်သို့ ယူဆောင်လာရေးကိစ္စနှင့်ပတ်သက်၍ ဗမာပြည်ရှိအိန္ဒိယသံရုံးသို့ သွားရောက်မေးမြန်းစုံစမ်းကြည့် လေသည်။
          ထိုအခါ အိန္ဒိယသံရုံးရှိ ပထမအတွင်းဝန် (D.Muruge San) က ကျွန်ုပ်အား စကားပြန်နှင့် ပြန်လည်၍ ပြောကြားသည့်စကားမှာ ““ကျွန်တော်တို့ခေါင်းဆောင်ကြီး ဆူဘတ်ချန်ဒရာဘို့(စ်)ကို အလေးထားတဲ့မိတ်ဆွေအား အထူးပဲကျေးဇူးတင်ရှိပါတယ်။ ဆူဘတ်ချန်ဒရာဘို့(စ်) အရိုးပြာကို သွားရောက်ယူငင်တဲ့အခါမှာ မိတ်ဆွေလည်း လိုက်ပါရန် ကြိုတင်ပြီး အကြောင်းကြားပါ့မယ်”” ဟူ၍ ပြန်ပြောပါသည်။
         

““အိန္ဒိယသံရုံးသို့ပို့သည့် စာတစ်စောင်””


““အိန္ဒိယသံရုံးသို့ပို့သည့် စာတစ်စောင်””

          အချိန်တို့သည် တရွေ့ရွေ့ဖြင့်ကုန်လွန်လာခဲ့၏။ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ ကမ္ဘာလောက ကြီးသည် အခြေအနေပြောင်းနေ၏။ အဟောင်းအဟောင်းတို့သည် ပျက်ပြုန်းပြီး အသစ်အသစ်တို့ ထပ်မံ၍ဖြစ်နေကြသည်။ သို့တိုင်အောင် ကျွန်ုပ်တို့သည် မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)ကို မမေ့။ အချိန်ပြည့် သတိရလျက်ပင်ရှိနေသေးသည်။
          ဆူဘတ်ချန်ဒရာဘို့(စ်)ကို လွမ်းဆွတ်သတိရလေတိုင်း သူ့အကြောင်းကို စုံစမ်းကြည့်လေသည်။ ကျွန်ုပ်အဖို့ ဤသည်ကပင်လျှင် အလုပ်ဝတ္တရားသဖွယ်ဖြစ်၍ နေလေ၏။
         

““ဒေါက်တာဘမော်၏ ပြောပြချက်””


““ဒေါက်တာဘမော်၏ ပြောပြချက်””

          ၁၉၄၆-ခုနှစ်၊ သြဂုတ်လ ၅-ရက်နေ့။
          ဤနေ့တွင် ရန်ကုန်မြို့သို့ အဓိပတိဟောင်း ဒေါက်တာဘမော်သည် အင်္ဂလိပ်စစ်လေယာဉ် ပျံတစ်စင်းဖြင့် ပြန်လည်ရောက်ရှိလာသည်။ ဒေါက်တာဘမော်အား သွား၍ကြိုဆိုကြသော မိတ်ဆွေများ မှာ ကျွန်ုပ်အပါအ၀င် ဓါးမပါတီဝင်များဖြစ်ကြသော ဗန္ဓုလဦးစိန်၊ ဟင်္သာတဦးမြ၊ ပျော်ဖွယ်ဦးမြ၊ ဦးဘ၀င်းနှင့် တခြားလူကြီးလူကောင်း တော်တော်များများပင်ဖြစ်၏။ သွားရောက်၍ကြိုဆိုသည့် ကားမှာ အစီးပေါင်း၂၀-ရှိလေသည်။
          များမကြာမီ ဒေါက်တာဘမော်စီး၍လာသော အင်္ဂလိပ်စစ်လေယာဉ်ပျံသည် နိမ့်၍နိမ့်၍ မင်္ဂလာဒုံလေဆိပ်သို့ ဆင်းလာလေ၏။ လေယာဉ်ပျံဆိုက်လိုက်သောအခါ ဒေါက်တာဘမော်သည် အင်္ဂလိပ်စစ်ပုလိပ်နှစ်ယောက်နှင့်အတူ ဆင်းလာလေ၏။
         

““စစ်ကြီးပြီးဆုံးလေသောအခါ””


““စစ်ကြီးပြီးဆုံးလေသောအခါ””

          ၁၉၄၆-ခုနှစ်၊ ထိုစဉ်က ကမ္ဘာ့ကယ်ဆယ်ရေးအဖွဲ့က စစ်ဒဏ်ကြောင့် တိုင်းခြားမြေခြားသို့ ရောက်ရှိနေသော နိုင်ငံခြားသားများကို ကိုယ်နေသောနေရာဟောင်းတိုင်းပြည်သို့ ပြန်လည် ရောက်ရှိရေးအတွက် ကြိုးပမ်းရလေ၏။ အိန္ဒိယပြည်သို့ ရောက်ရှိနေသော အိန္ဒိယအမျိုးသား များအားလည်းကောင်း၊ တရုပ်ပြည်မကြီးသို့ရောက်ရှိနေသော တရုပ်အမျိုးသားများအား လည်းကောင်း၊ ဗမာပြည်ဝယ် နေထိုင်ခဲ့ဖူးသူများကို  ပြန်လည်ခေါ်ယူကြရန်ဖြစ်လေသည်။
          ဗမာပြည်အနေဖြင့် ဦးထွန်းမောင်(အင်းစိန်အရေးပိုင်)ကို တာဝန်ပေး၍ တရုပ်ပြည်မကြီးသို့ လွှတ်လေ၏။ အလုပ်ကိစ္စက ဗမာပြည်ဝယ်နေထိုင်ခဲ့ဖူးသည့် တရုပ်အမျိုးသားများကို စိစစ်ပြီး ဗမာပြည်သို့ ပြန်လည်ခေါ်ငင်ရန်ဖြစ်လေသည်။
         

““ပြန်လည်ဆုံစည်းမိခြင်း””


““ပြန်လည်ဆုံစည်းမိခြင်း””

          ၁၉၄၅-ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ဤသုံးလအတွင်းဝယ် ဗမာပြည် အနယ်နယ်အရပ်ရပ်၌ရှိသော ဗမာ တရုပ် အိန္ဒိယအမျိုးသားများသည် ရန်ကုန်မြို့ပေါ်သို့ တော်တော်များများလေး ပြန်ရောက်လာကြပြီဖြစ်၏။ ထို့ကြောင့်ပင် ရန်ကုန်မြို့ကြီးသည်လည်း အတော်ပင် လူစည်ကားစပြုလာလေပြီ။
          ကျွန်ုပ်သည်လည်း ကိုယ်၏မိတ်ဆွေဟောင်းများနှင့် ပြန်လည်တွေ့ဆုံခြင်း ထမင်းစားပွဲ ကြီးတစ်ခုဖြစ်မြောက်ရန် စီစဉ်ပါ၏။ စီစဉ်သည့်အချိန်က ဒီဇင်ဘာလနောက်ဆုံးပတ်။ အကြောင်းကြောင်း အထွေထွေကြောင့် ဤအပတ်တွင်မဖြစ်မြောက်ခဲ့ပေ။
         

““ရန်ကုန်မြို့ကိုသိမ်းခြင်း””


““ရန်ကုန်မြို့ကိုသိမ်းခြင်း””

          ဖက်ဆစ်ဂျပန်ကိုတော်လှန်နေစဉ် ဗိုလ်အောင်ဆန်းသည် ပြည်ဘက်၌ရှိ၏ ။ သူ၏ဇနီး ဒေါ်ခင်ကြည်နှင့် သားသမီးများကို ဖျာပုံဘက်သို့ ပို့ထားလေသည်။ ထိုစဉ် ဗိုလ်နေ၀င်းသည် သူ့ရဲဘော်ရဲဘက်များနှင့်အတူ ဖျာပုံဘက်၌တာဝန်ကျနေ၏။ သူဇနီးနှင့်သားသမီးများကို ပြည်ဘက်သို့ ပို့ထားလေသည်။
          ဗမာနှင့်ဂျပန်တို့၏ တော်လှန်ရေးစစ်ပွဲများကား ဗမာပြည်နေရာအနှံ့အပြား၌ ဖြစ်နေလေသည်။ ထိုအထဲတွင် ပဲခူးဘုရားကြီး ဘုရားလေးဘက်၌ တော်တော်လေးပြင်းပြင်း ထန်ထန်တိုက်ယူရလေသည်။  မြစ်ဝကျွန်းပေါ်ဘက်၌လည်း ကြိုကြားကြိုကြား ထို့အတူပင်။
          ထိုစဉ်က မဟာမိတ်တို့တပ်များသည် ရန်ကုန်မြစ်ဝ၌ရှိနေ၏။ ရန်ကုန်မြို့ကိုကား မလာရဲသေးပေ။ ဂျပန်နှင့် နဖူးတွေ့၊ ဒူးတွေ့ တွေ့၍ လှံစွပ်တိုက်ပွဲဆင်နွဲမည်ကို စိုးရိမ်သော ကြောင့်ထင်ပါသည်။
         

““ကျွန်ုပ်နှင့် ဂျပန်””

““ကျွန်ုပ်နှင့် ဂျပန်””

          ၁၉၄၅-ခုနှစ် မတ်လ ၂၇-ရက် (ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့)။
          ဤနေ့ဤရက်ကား ဗမာပြည်ဝယ်ရှိသော ဂျပန်များအား တစ်တိုင်းပြည်လုံးရှိ ပြည်သူ လူထုက တော်လှန်ပုန်ကန်သော နေ့ကြီးပင်ဖြစ်ပါသည်။ ယင်းသို့လိုတော်လှန်ပြီးနောက် မတ်လ ၂၉-ရက်နေ့ (တော်လှန်ပြီးနောက် ၂-ရက်အကြာ)တွင် ဖြစ်ပါသည်။ ရန်ကုန်မြို့ဝယ် ဗမာ၊ တရုပ်၊ အိန္ဒိယအမျိုးသား တော်တော်များများပင် ဂျပန်အစိုးရက ဗိုလ်အောင်ဆန်းတော်လှန်မှု ကိစ္စနှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးမှုများပြုနေချိန် ဖြစ်၏။ တရုပ်ဘုံလူကြီး ဦးအီခွက်နှင့် နာမည်ကြီး ဒေါက်တာဟတ်မော်ကိုလည်း ဖမ်းဆီးထား၏။ သတ်ပစ်သင့်သူများကို သတ်ပစ် နေချိန်ဖြစ်လေသည်။
          ကျွန်ုပ်နေအိမ်ရှေ့သို့ ဂျပန်စစ်ကားတစ်စီးဆိုက်လာ၏။ ပြီးနောက် ဂျပန်စစ်သားများ အိမ်ပေါ်သို့တက်လာကာ ကျွန်ုပ်အား မေးမြန်းစရာရှိသည်ဟုဆိုပြီး ခေါ်သွား၏။ ကျွန်ုပ်အား ခေါ်သွားသောနေရာမှာ ကုက္ကိုင်း ပေတိုင်ရုံး (ယခု ဂွတ္တလိပ်လမ်းနှင့် ကမ္ဘာအေးစေတီလမ်းထောင့်) သို့ ခေါ်ဆောင်၍သွားလေတော့သည်။
         

““ဒေါက်တာဘဟန်အိမ် ဗုံးကျစဉ်က””


““ဒေါက်တာဘဟန်အိမ် ဗုံးကျစဉ်က””

          ၁၉၄၅-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄-ရက်နေ့ ညနေပိုင်း၊ ၂နာရီအချိန်။
          မှတ်မှတ်ရရ ကျွန်ုပ်တို့သည် ထိုစဉ်က (ကုန်စည်ကြီးကြပ်ရေးဝန် ဦးကိုကို)နေအိမ်သို့ တရုပ်နှစ်သစ်ကူး စားသောက်ဖွယ်ပစ္စည်းများဖြင့် သွားရောက်၍ကန်တော့ကြပါသည်။ ပြီးနောက်တွင် ကျွန်ုပ်တို့ ဗြန်ဟတ်ဘွေအသင်းကြီး၏ ဥပဒေစည်းမျဉ်းအတိုင်း အသင်းကြီး၏ ဥပဒေအတိုင်ပင်ခံတစ်ဦးဖြစ်သူ ဒေါက်တာဘဟန်နေအိမ်သို့ ကန်တော့ရန်သွားကြပါသည်။
          ဦးကိုကို၏နေအိမ်မှထွက်လာ၍ ပေ-၅၀၊ ပေ-၆၀ခန့် ရောက်လေသောအခါ ကျွန်ုပ်တို့ စီးနင်းလိုက်ပါလာသည့် ပရိုက်ဗိတ်ကားသည် အမှတ်မထင်စက်ရပ်၍သွားပါတော့သည်။ ကားစက် ရပ်တန့်သွား၍ ဒရိုင်ဘာသည် ကားအောက်သို့ဆင်းပြီး စက်ကိုပြင်နေပါသည်။ ၁၀-မိနစ်ခန့် ကြာလေသောအခါ စက်သည် ကောင်းမွန်လာပါသည်။
         

““ရန်ပုံငွေပါဝင်ကြပုံ””


““ရန်ပုံငွေပါဝင်ကြပုံ””
         
၁၉၄၂-ခုနှစ် ဇွန်လ ၄-ရက်နေ့။ ဤနေ့တွင်ဒေါက်တာဘမော်ဦးစီးသော ဗဟိုအုပ်ချုပ် ရေးကော်မတီဖွဲ့၏။ ဤအဖွဲ့ကိုပင် လွတ်လပ်သောမြန်မာနိုင်ငံအစိုးရအဖြစ် ဂျပန်ပြည်အစိုးရက အသိအမှတ်ပြုလိုက်လေသည်။ အမှန်တကယ်လွတ်လပ်ခြင်းကားမဟုတ်၊ ဂျပန်စစ်တပ်၏ စေခိုင်းသမျှကို ပြုလုပ်နေရသည့် ရုပ်သေးအစိုးရသာလျှင်ဖြစ်ပေသည်။
          ၁၉၄၃-ခုနှစ်၊ သြဂုတ်လ ၁-ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးကိုကြေငြာ၍ ဒေါက်တာဘမော်ကြီးမှူးသော အစိုးရကိုဖွဲ့ပြီးလျှင် အတိုင်ပင်ခံ လွှတ်တော်အဖွဲ့တစ်ဖွဲ့ကိုလည်း တစ်ပြိုင်တည်းဖွဲ့စည်းလိုက်လေသည်။
         

““ဂျပန့်ခေတ်ဝယ်””


““ဂျပန့်ခေတ်ဝယ်””

          အင်္ဂလိပ်မျက်နှာဖြူများအကြောင်းကို သိရှိပြီး ပေါင်းသင်းဆက်ဆံရန်အလုပ်မှာ ကျွန်ုပ်ထက် အင်္ဂလိပ်စာတတ်ကျွမ်းသော ဗမာအမျိုးသား၊ အိန္ဒိယအမျိုးသားများက ပို၍သိရှိပေလိမ့်မည်။ အင်္ဂလိပ်စာတတ်ပြီး လူရည်လည်သော တရုပ်ကပြားများလည်း သိတန်သလောက် သိပေလိမ့်မည်။
          ဂျပန်၏အကြောင်းကို သိရှိရန်မှာ လွန်စွာခက်ခဲလှပါသည်။ ကျွန်ုပ်ကဲ့သို့ ပြည်ကြီးသားစစ် လည်းဖြစ်ရမည်။ တရုပ်ရှေးခေတ်စာပေကိုလည်း သင်ကြားထားပြီး တတ်ကျွမ်းနေသူလည်း ဖြစ်ရမည်။ ပြီးနောက် ဂျပန်လူမျိုးဖြစ်ပေါ်လာပုံ ရာဇ၀င်ကိုလည်း သိရှိပြီး၊ သူတို့၏ယဉ်ကျေးမှု ဓလေ့ထုံးစံများကိုလည်း သိထားရပေမည်။ သို့မှသာလျှင် ဂျပန်၏စိတ်ဓါတ်အမှန်ကို သူများတကာတွေထက်ပိုပြီး သိရှိနိုင်သည်ဟု ကျွန်ုပ်ထင်၏။
         

““သခင်မြ၏ ဖြတ်ထိုးဉာဏ်””


““သခင်မြ၏ ဖြတ်ထိုးဉာဏ်””
         
၁၉၄၂-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၅-ရက်နေ့။
          ဤနေ့တွင် ဂျပန်များသည် စင်္ကာပူကိုသိမ်းပိုက်လိုက်လေသည်။ ထိုအခါက အင်္ဂလိပ်၏ ပထမတန်းစစ်ဗိုလ်ကြီးသည် သူ့နောက်က တပ်သားပေါင်း ၇၉၉၉၈ယောက်နှင့်အတူ ဂျပန်တပ်မတော်၏ ဒုတိယတန်းစစ်ဗိုလ်ကြီး ရာမာရှိတာ(မလေးယားကျားကြီး) Yamashita ထံတွင် အလံပေးအပ်ပြီး၊ အညံ့ခံ လက်နက်ချလေသည်။ ထို့ကြောင့်ပင် ဂျပန်စစ်ဗိုလ်ကြီး ယာမာရှိတာသည် ရွှေပြားနှင့် ကြယ်နှစ်ပွင့်ဘ၀မှ ကြယ်တစ်ပွင့်ထပ်တိုး၍ ရာထူးတိုးတက်လာခဲ့လေ၏။
          စင်္ကာပူကို ဂျပန်သိမ်းပိုက်လိုက်သောအခါ တရုပ်အမျိုးသားတော်တော်များများပင် သေကြေခဲ့ရသည်ကို မမေ့နိုင်သေးပေ။ စင်္ကာပူမြို့သည် ထွက်ပေါက်မရှိ။ ထို့ကြောင့် တစ်စည်းတစ်လုံးတည်း ပိတ်၍မိနေသကဲ့သို့ ဖြစ်နေပါသည်။
         

စစ်ပြေးဒုက္ခသည်များ


စစ်ပြေးဒုက္ခသည်များ
         
တိုင်းပြည်အေးချမ်းတည်ငြိမ်နေချိန်ဝယ် ညီညီညွတ်ညွတ်နေထိုင်လာခဲ့ကြသော ဤလူမျိုး သုံးဦးသည် တိုင်းပြည်တွင်ကြမ္မာကလည်းဆိုး၊ ကံကလည်းညှိုးလာသောအခါ မည်သို့မည်ပုံ နေထိုင်လာခဲ့သည်ကိုလည်း တင်ပြလိုပါသေးသည်။
          ၁၉၄၁-ခုနှစ် ဒီဇင်ဘာလ ၈-ရက်နေ့၊ ထိုနေ့တွင် ပါးဟာဘာ(ပုလဲကျွန်း)ကို အမှတ်မထင် နီပွန်လေယာဉ်ပျံများက ဗုံးကြဲလိုက်လေသည်။ ဤသို့ တစ်ဖက်လူအလစ်တွင် ၀င်ရောက်ပြုလိုက် သောအလုပ်ကြောင့် ဗမာပြည်ဝယ်နေထိုင်ကြသော အများပြည်သူသည် စိတ်တထင့်ထင့်နှင့် နေထိုင်ရလေသည်။ နောင်သောအခါတွင် မည်သို့သောအခြေအနေဆိုးသို့ ဆိုက်ရောက်လာဦးမည် ဟူသော စိုးရိမ်စိတ်မီးပွားကလေးများ လူတိုင်း၌တောက်လောင်လျက်ရှိနေချိန်ဖြစ်၏။
         

““ရှေးအခါက””


““ရှေးအခါက””
         
အလွန်သေးငယ်လှသော မြေမှုန့်လေးများပေါင်းစပ်စုစည်းမိကြ၍ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကြီးသည် ဤစကြ၀ဠာထဲတွင် ပေါ်ပေါက်လာခဲ့၏။ ကမ္ဘာမြေပေါ်တွင် မှီခိုနေထိုင်ကြသော မနုဿလူသားများကလည်း အုပ်စုဖွဲ့၍ သူ့လူမျိုးကိုယ့်လူမျိုးဟူ၍ သတ်မှတ်ခြင်းအမှုကိုပြုလာကြ လေသည်။
          ထို့ကြောင့်ပင်လျှင် ကမ္ဘာမြေပေါ်ဝယ် လူမျိုးအသီးသီး တိုင်းပြည်အမျိုးမျိုး ပေါ်ထွန်း၍ လာခဲ့လေသည်ဟု ကျွန်ုပ်ထင်ပါ၏။
          လက်ပေါ်မေးတင်၍ အတွေးနယ်ဝင်ကြည့်လျှင် စင်စစ်အားဖြင့် ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးသည် မိသားစုများ စုပြုံနေထိုင်သော အိမ်ကြီးသဖွယ်ဖြစ်၍နေပေသည်။ လူမျိုး တစ်မျိုးနှင့်တစ်မျိုး ဘာသာစကား ယဉ်ကျေးမှုဓလေ့များသာ ခြားနားကွဲပြားသော်လည်း အမှန်စင်စစ်အားဖြင့်မူကား ကမ္ဘာပေါ်ရှိ ရှိရှိသမျှသောလူသားများသည် မနုဿလူသားများ အဖြစ်နှင့် တစ်တန်းစားတည်း ရပ်တည်၍နေကြလေသည်။
         

ဤစာအုပ်နှင့်ကျွန်တော် မြင့်ထွန်း-ရေးသည်


ဤစာအုပ်နှင့်ကျွန်တော်

မြင့်ထွန်း-ရေးသည်
         
ရန်ကုန်မြို့ တရုပ်ပိုင်းဝယ် ကြီးပြင်း၍လူလားမြောက်လာသူတစ်ဦး အနေဖြင့် လန်ထောင်-ဦးစပ်စု၏အမည်ကို ကြားဖူးနေသည်မှာ နှစ်အတော်ပင်ကြာမြင့်ခဲ့လေပြီ။ လူကိုယ်တိုင်ကိုကား အကြောင်းမညီညွတ်သေးသဖြင့် မတွေ့မြင်ဖူးသေးပေ။
          ကျွန်တော့်ဆရာ စာပေထွတ်ခေါင် ဆရာဦးရန်အောင်၏ ဆက်သွယ်ပေးမှုကြောင့်ပင် ဦးစပ်စုနှင့် သိကျွမ်းခင်မင်ခွင့်ရခဲ့လေသည်။ ပထမဆုံးအကြိမ် ဦးစပ်စုနေအိမ်သို့ ကျွန်တော်တို့ ဆရာတပည့်နှစ်ယောက် ရောက်သွားချိန်၌ ဆရာဦးရန်အောင်အဖို့ မည်သို့နေချေမည်မသိ။ ကျွန်တော့်အဖို့မူကား အတော်လေးအံ့အားသင့်ရလေသည်။
          ဘယ့်အတွက်ကြောင့် အံ့အားသင့်ရပါသနည်း။
         

ချစ်ကြည်ရေးသမားကြီး ဦးစပ်စု--ရန်အောင် ရေးသည်

ချစ်ကြည်ရေးသမားကြီး ဦးစပ်စု

ရန်အောင် ရေးသည်

          အမှတ်တရ ...။ ၁၉၅၉ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ကဖြစ်၏။
          ထိုနေ့သည် တနင်္ဂနွေနေ့ဖြစ်၏။ ကျွန်တော်သည်ကိစ္စကလေးများကို သွားလာ ဆောင်ရွက်ပြီးနောက် အိမ်သို့ရောက်သောအခါ ကျွန်တော်၏သားသမီးကလေးများက ဆီး၍ပြောကြ၏။
          ““အဖေ ... ဦးစပ်စုဆိုတဲ့ထောင်ကဲကြီး အိမ်ကိုလာပြီးအဖေ့ကိုမေးတယ်။ အဖေနဲ့တွေ့ချင်လို့တဲ့ ..””
          ““ဟေ .. ဟုတ်လား ..၊ ဘာကိစ္စနဲ့တွေ့ချင်တယ်လို့ ပြောသွားသလဲ..””
          ““ကိစ္စကိုတော့မပြောဘူး။ “အရေးကြီးတဲ့ကိစ္စတစ်ခုရှိလို့ ဆရာကြီးနဲ့တွေ့ချင် တယ်” လို့သာ ပြောတာပဲ...””
          ““ဘယ်သူနဲ့အတူလာသလဲ”” ဟု ကျွန်တော်ကမေးလိုက်၏။
          ““ဇာတ်လိုက်မင်းသား ဦးထွန်းဝေတို့အိမ်က အစ်မတစ်ယောက်က လိုက်ပို့တယ်..””
         

နိုင်ငံကျော်စာရေးဆရာကြီးဦးရန်အောင်ကို ဂုဏ်ပြုခြင်း


နိုင်ငံကျော်စာရေးဆရာကြီးဦးရန်အောင်ကို ဂုဏ်ပြုခြင်း

၂၁-၂-၁၉၆၃ နေ့ ညနေ ၆-နာရီအချိန်တွင် ဦးစပ်စုနေအိမ်အပေါ်ဆုံးထပ်၌ ဦးစပ်စုတို့မိသာစုကိုယ်တိုင်ချက်ပြုတ်သော ထမင်းစားပွဲဖြင့် နိုင်ငံသိစာရေးဆရာကြီး ဦးရန်အောင်အား ဂုဏ်ပြုဧည့်ခံကျွေးမွေးလေသည်။
ဝဲမှယာသို့ (ထိုင်နေသူများ)။ ။ ဦးအေးမောင်(မြ၀တီ)၊ စာရေးဆရာကြီးဦးရန်အောင်၊
                                 စာရေးဆရာ ကဗျာဆရာမင်းယုဝေ၊
(မတ်တတ်ရပ်နေသူများ)။ ။     စပ်စုလေး(ဦးဖြူဝင်း)၊ မကျင်ဆိုင်၊ ဦးစပ်စု၊ မကျင်မြိုင်၊
                                      ဦးခင်မောင်ဆွေ၊ စာရေးဆရာမြင့်ထွန်း၊
(စာရေးဆရာဌေးမောင်နှင့် စာရေးဆရာအုတ်ကျော်တို့လည်း
တက်ရောက်ကြသည်)

မာတိကာ


မာတိကာ
အခန်းစဉ်                     အကြောင်းအရာ              စာမျက်နှာ
 ၁။      စာရေးဆရာကြီး ဦးရန်အောင်ကို ဂုဏ်ပြုခြင်း            ........ 
 ၂။      ချစ်ကြည်ရေးသမာကြီး ဦးစပ်စု (ရန်အောင်)             ........ 
 ၃။      ဤစာအုပ်နှင့်ကျွန်တော် (မြင့်ထွန်း)                        ........ 
 ၄။      ရှေးအခါက                                                     ........ 
 ၅။      စစ်ပြေးဒုက္ခသည်များ                                         ........  ၁၂
 ၆။      သခင်မြ၏ဖြတ်ထိုးဉာဏ်                                     ........  ၁၄
 ၇။      ဂျပန့်ခေတ်ဝယ်                                                          ........  ၁၈
 ၈။      ရန်ပုံငွေပါဝင်ကြပုံ                                             ........  ၂၀
 ၉။      ဒေါက်တာဘဟန်အိမ် ဗုံးကျစဉ်က                          ........  ၂၃
၁၀။     ကျွန်ုပ်နှင့်ဂျပန်                                                 ........  ၂၆
၁၁။     ရန်ကုန်မြို့ကိုသိမ်းခြင်း                                       ........  ၃၂
၁၂။     ပြန်လည်စုံစည်းမိခြင်း                                         ........  ၃၅
၁၃။     စစ်ကြီးပြီးဆုံးလေသောအခါ                                 ........  ၃၉
၁၄။     ဒေါက်တာဘမော်၏ပြောပြချက်                             ........  ၄၁
၁၅။     အိန္ဒိယသံရုံးသို့ပို့သည့်စာတစ်စောင်                        ........  ၄၄
၁၆။     ကြုံခဲ့ရသည်                                                    ........  ၄၇
၁၇။     တိုကျိုတွင် အတူတူမျက်ရည်ကျခဲ့ရသည်                 ........  ၄၉
၁၈။     ၁၂-နှစ်တိုင် မမေ့နိုင်                                          ........  ၅၃
၁၉။     ကွေကွင်းကွဲကွာ                                               ........  ၅၈
၂၀။     အင်းစိန်အောင်ပွဲ                                              ........  ၅၉
၂၁။     ပင်လုံဒေါ်နုရင်နှင့် ဆီချက်ခေါက်ဆွဲ                        ........  ၆၄
၂၂။     ကျွန်ုပ်သိသောဦးသန့်                                         ........  ၆၇
၂၃။     ချစ်ကြည်ရေး                                                   ........  ၈၇
         ၂၄။     ကျွန်ုပ်၏အာသီသ                                             ........  ၈၉

ဦးစပ်စု ၏ ၇၅နှစ်အကြား ၄၉နှစ်အမြင် ဗမာပြည်

ဦးစပ်စု ၏ ၇၅နှစ်အကြား ၄၉နှစ်အမြင် ဗမာပြည်

အကြောင်းအရာပြောပြသူ………ဦးစပ်စု
ရေးသားသူ               ………….ဦးမြင့်ထွန်း
တည်းဖြတ်သူ            ………….ဦးရန်အောင်

၁၉၆၃ ပထမအကြိမ် ရိုက်နှိပ်ခြင်း အုပ်ရေ ၂၅၀၀

ရန်ကုန်မြို့၊ မဟာဗန္ဓုလလမ်း- အမှတ်- ၇၄၆၊ လန်ထောင်စာပေ(၀၂၆၅) မှ ထုတ်ဝေဖြန့်ချိသည်။
ရန်ကုန်မြို့၊ ၂၄၁- ရွှေဂုဏ်တိုင်လမ်း၊ ဗဟန်း၊ ရန်ကုန်၊ ရန်အောင်ပုံနှိပ်တိုက်(၀၃၉၄) တွင် ရိုက်နှိပ်သည်။

Thursday, September 9, 2010

ဦးစပ်စု ၏ ၇၅နှစ်အကြား ၄၉နှစ်အမြင် ဗမာပြည်မျက်နှာဖုံး

ဦးစပ်စု ၏ ထူးတဲ့စပ်စု ဒုတိယတွဲ နောက်ကျောဖုံး။

ဦးစပ်စု ၏ ထူးတဲ့စပ်စု ဒုတိယတွဲ ကြော်ငြာစာမျက်နှာ


ပြည်တွင်းငြိမ်းချမ်းရေး


ပြည်တွင်းငြိမ်းချမ်းရေး

          ဇွန်လ ၁၁-ရက်နေ့ညပိုင်း ဗမာ့အသံရေဒီယိုမှ တော်လှန်ရေးကောင်စီ၏ ပြည်တွင်းငြိမ်းချမ်းရေး ကမ်းလှမ်းချက် ကြေညာသံကို ကြားလိုက်ရသည်။ ကျွန်ုပ်စိတ်ဆန္ဒအတွင်းဝယ် လွန်စွာမှ နှစ်ထောင်းအားရ ဖြစ်သွားမိသည်။
          စဉ်းစားမိ၏။ သည့်ရင်က နိုင်ငံရေးအစိုးရလက်ထက်တွင် တောတွင်းရှိအဖွဲ့အစည်းများကို ဖိတ်ခေါ်ဖူးသည်။ ထိုစဉ်က အစိုးရသည် လက်နက်ချပြီးအလင်းဝင်ရေးသာ အဓိကထား၏။

အမှတ်တရ

အမှတ်တရ

ကျွန်ုပ်သည် လူ့အလွှာသုံးခု၌ ၀င်ဆန့်နိုင်အောင် အပေါင်းအသင်းများသူတစ်ဦးဖြစ်လေသည်။
          အထူးသဖြင့် သံရုံးမျာ်း၌ဆိုပါလျှင် တရုပ်ကောင်စစ်ဝန်မှအစ သံအမတ်ကြီးအထိ သိကျွမ်းခင်မင် ထားသူတစ်ဦးဖြစ်လေသည်။ တရုပ်သံရုံးများ၌ ပွဲကြီးပွဲကောင်းများ ပြုလုပ်ပါလျှင် ကျွန်ုပ်ထံသို့အမြဲတမ်း ဖိတ်ကြားလွှာပို့တတ်သည်။ ကျွန်ုပ်ထံ၌ပြုလုပ်သော ပွဲလမ်းသဘင်များရှိ၍

ဖ-ဆ-ပ-လ အကွဲအပြဲ

ဖ-ဆ-ပ-လ အကွဲအပြဲ

          ၁၉၅၈-ခုနှစ်၊ ဇန်န၀ါရီလ ၂၉-ရက်နေ့မှ ဖေဖေါ်ဝါရီလ ၃-ရက်နေ့အထိ၊ ကမ္ဘာဧတွင် တတိယ အကြိမ်မြောက် ပြည်လုံးကျွတ် ဖ-ဆ-ပ-လညီလာခံကြီးကို ၆-ရက်တိုင်တိုင်ပြုလုပ်သည်။ ဤအချိန်က ကျွန်ုပ်သည် ဗွီစီးကရက်မဏ္ဍပ်ဆောက်လုပ်ပြုပြင်ရေးအတွက် ကမ္ဘာဧတွင်သွားရောက်နေရလေသည်။
          လူစည်ကားစွာတက်ရောက်သောပွဲတော်ကြီးများတိုင်းတွင် ဗွီစီးကရက်မဏ္ဍပ်သည် ဆောက်လုပ်ပြီးပါဝင်ဆင်နွှဲခဲ့သည်မှာ လူထုအသိပင်၊ သို့သော် တစ်ကြိမ်တစ်ခါမျှ ဤ၍ဤမျှအထိ ဆိုင်နေရာခ မပေးရဖူးပေ။ ယခုတစ်ကြိမ်တွင်ကား ဆိုင်နေရာခသည် အဆမတန်ပေးရလေသည်။

ဦးဗဆွေ၏ နှုတ်ခမ်းနီ

ဦးဗဆွေ၏ နှုတ်ခမ်းနီ

          ကျွန်ုပ်အမြင်၌ လူဟူသည်မှာ အခါအခွင့်သင့်လေတိုင်း အကောင်းအဆိုးအလုပ် ကုသိုလ်၊ အကုသိုလ်ကို လွန်ကျူးနေသောသတ္တ၀ါမျိုးဖြစ်လေသည်။
          ကိုယ်ပြုခဲ့သောဖြစ်ရပ်အမှန်ကို အစစ်ခံဝံ့သူအတော်ရှားပါပေ၏။ အများအားဖြင့်လူသည် ကိုယ်ကောင်း သောအလုပ် ကုသိုလ်တရားများကိုသာ ရက်ယူ၍ ပါးစပ်မှ တဖွဖွပြောနေတတ်သော်လည်း ပြုခဲ့သော မကောင်းမှု အကုသိုလ်များကိုမူ တနည်းမဟုတ်၊ တနည်းနည်းဖြင့် ထိန်ဝှက်ထားတတ်ကြ၏။ ဤတို့သည် မကောင်း။
          ကျွန်ုပ်သဘောဆန္ဒက လူသည် သူပြုခဲ့သော ကောင်းမှုမကောင်းမှု၊ ကုသိုလ်အကုသိုလ် မှန်မမှန် သစ္စာကို ရဲရဲဝံ့ဝံ့ပြောရဲရမည်၊ ရေးရဲရမည်။ သို့မှ သာလျှင် ဖြောင့်မှန်သောလူဖြစ်ပေလိမ့် မည်ဟု ယုံကြည်ထား၏။
         

ဦးနုနှင့် ဦးကျော်မင်း / ဦးနုကိုဦးကျော်မင်းစိတ်မဆိုးသင့်တဲ့

ဦးနုနှင့် ဦးကျော်မင်း

          ၁၉၅၇-ခုနှစ်၊ အောက်တိုဘာလ ၁၀-ရက်နေ့တွင် လွှတ်တော်၌ပြဿနာပေါ်သည်။
          အဘယ်အကြောင်းကိုအခြေခံ၍ ပြဿနာပေါ်သည်ကိုကား သေသေချာချာမမှတ်မိတော့၊  အဓိက ဦးနုနှင့်ရခိုင်အမျိုးသားခေါင်းဆောင် ဦးကျော်မင်းတို့ မသင့်မသင့်ဖြစ်ကာ စကားများကြသည်ကားမှန်၏။ ထို့ကြောင့်ရခိုင်ခေါင်းဆောင်ဦးကျော်မင်းသည် လွှတ်တော်အတွင်းမှစိတ်ဆိုးကာထွက်သွားလေသည်။ ဤတွင် ဦးနုသည် ကိုယ့်မိတ်ဆွေတစ်ဦးယင်းကဲ့သို့စိတ်ဆိုးပြီးထွက်သွားသောကြောင့် စိတ်မချမ်းမသာဖြစ်နေသည်ဟု ကျွန်ုပ်ကြားရသည်။
         

မိတ်ကောင်းဆွေကောင်း

မိတ်ကောင်းဆွေကောင်း

ကျွန်ုပ်ဘ၀တွင် တွေ့ကြုံခဲ့သောသူများကို အမြဲတစေ လေ့လာအကဲခတ်တတ်သော ၀ါသနာတစ်ခု ရှိလေသည်။ ကိုယ်နှင့်ခင်မင်သိကျွမ်းခဲ့သောသူများ၏ အကြောင်းအင်ကိစ္စမှန်သမျှကိုလည်း အမြဲမပြတ် စုံစမ်းလေ့လာလျက်ရှိသည်။ ကျွန်တော့်မိတ်ဆွေများ၏ သတင်းစကားကိုလည်းအမြဲတမ်းနားစွင့်လျက်ရှိ လေသည်။
          ယခု မြန်မာနိုင်ငံတော်လှန်ရေးအစိုးရလက်ထက်တွင် ပြည်သူ့ထောက်ပံ့ရေးအတွင်းဝန် ဗိုလ်မှူးကြီးဝင်း၊ သူနှင့်ကျွန်ုပ် သိကျွမ်းခင်မင်ခဲ့သည်မှာ ၁၉၄၃-ခုနှစ်ကဖြစ်သည်။ ထိုစဉ်ကကျွန်ုပ်သည် ဦးဝိစာရလမ်းရှိ စစ်ဝန်ကြီးရုံးသို့ ဗမာ့တပ်မတော်ရန်ပုံငွေထောက်ပံ့ရေးကိစ္စနှင့် နေ့စဉ်နေ့တိုင်းသွားနေရလေသည်။ ကျွန်ုပ်နှင့် တွေ့စဉ်က သူသည်ဗိုလ်မှူးလေးဖြစ်၏။ ထိုစဉ်ကစ၍တစ်ဦးနှင့်တစ်ဦး သိကျွမ်းလာခဲ့ရသည်။ ကျွန်ုပ်လည်း စစ်ဝန်ကြီးရုံးသို့ နေ့စဉ်နေ့တိုင်းသွားနေရ၍ သူနှင့် လည်း နေ့တိုင်းပင်တွေ့မြင်နေရလေသည်။
         

ကျွန်ုပ်စော်ဘွားစပ်စု / စပ်စုဘယ်တုန်းကစော်ဘွားဖြစ်ခဲ့သလဲ

ကျွန်ုပ်စော်ဘွားစပ်စု

          ကျွန်ုပ်သည် ရှမ်းပြည်သို့မရောက်သည်မှာကြာပြီဖြစ်၏။ ထို့ကြောင့် ကိုယ်ရောက်ခဲ့ဖူးသောဒေသ ဟောင်းသို့ တစ်ခါတစ်ခေါက်အလည်ရောက်လိုခြင်းဖြစ်သည်။ ရှမ်းပြည်တွင် ကျွန်ုပ်နှင့်ရင်းနှီးသော ရှမ်းပြည်နယ်ပြည်ထဲရေးဝန်ကြီး မိုးနဲစော်ဘွားစ၀်ပိရှိသည်။ သူ့ထံသို့ ၁၉၅၇-ခုနှစ်၊ သြဂုတ်လ ၁၄-ရက်နေ့ နေ့လယ်တစ်နာရီအချိန်၌ ““သြဂုတ်လ ၁၅-ရက်နေ့တွင် စော်ဘွားစပ်စု တောင်ကြီးလာမည်၊ ဟဲဟိုးလေဆိပ်မှာကြိုပါ””ဟူပြီး သံကြိုးရိုက်လိုက်လေသည်။
          ၁၅-ရက်နေ့တွင် ကျွန်ုပ်သည် ဟဲဟိုးလေဆိပ်သို့ ရောက်သွားသောအခါ စော်ဘွားစ၀်ပိနှင့် အခြားစော်ဘွားများ လာ၍ကြိုနေသည်ကို တွေ့ရသည်။ လေယာဉ်ပျံပေါ်တွင် စော်ဘွားဆို၍ တစ်ဦးတစ်လေမျှ မပါ။ ကျွန်ုပ်တစ်ဦးတည်းသာ ပါလာသည်။
         

ညောင်ရမ်းဆရာတော်ဘုရား

ညောင်ရမ်းဆရာတော်ဘုရား

          ကုက္ကိုင်းဟာမစ်တစ်သာသနာ့ရိပ်သာတွင် တည်းခိုသီတင်းသုံးနေသော အဘိဓဇမဟာရဋ္ဌဂုရု ဘဒန္တ ရ၀တာ ဘိဝံသ ညောင်ရမ်းဆရာတော်ဘုရားကြီးထံသို့ ကျွန်ုပ်တို့ဇနီးမောင်နှံသည် မကြာခဏသွားရောက်၍ ဖူးမျှော်ကန်တော့လေသည်။ ၁၉၅၁-ခုနှစ်၊ ဇူလိုင်လ ၇-ရက်နေ့တွင် ကျွန်ုပ်တို့ဇနီးမောင်နှံသည် ညောင်ရမ်း ဆရာတော်ဘုရားကြီးထံသို့ ရောက်သွားပြီးလျှင်
          ““အရှင်ဘုရား.. တပည့်တော်နေအိမ်သို့ သက်သတ်လွတ်ဆွမ်းစား ကြွတော်မူပါ၊ ၀ါဆိုသင်္ကန်း လည်းကပ်လှူပါ့မယ်ဘုရား”” ဟူ၍ လျှောက်ထားသည်။
         

ညီညွတ်ရေးထမင်းစားပွဲကြီး

ညီညွတ်ရေးထမင်းစားပွဲကြီး

          ကျွန်ုပ်သည် အပေါင်းအသင်းကျယ်ပြန့်သူပီပီ ကိုယ့်မိတ်ဆွေများစုစည်း၍ ““အမျိုးသားစည်းလုံး ညီညွတ်ရေးထမင်းစားပွဲကြီး”” တစ်ခုပြုလုပ်လိုသည်မှာ ကြာပြီဖြစ်၏။
၁၉၅၂-ခုနှစ် ဇူလိုင်လ ၈-ရက်နေ့ ညခုနှစ်နာရီတွင်ကား ကျွန်ုပ်၏ဆန္ဒအာသီသသည် ဖြစ်မြောက် သွားတော့သည်။ ဤနေ့ ဤအချိန်တွင်ကား ကျွန်ုပ်၏နေအိမ် မဟာဗန္ဒုလလမ်း အမှတ် ၇၄၆-တွင် ထမင်းစားပွဲကြီးတစ်ခုပြုလုပ်၍ ကိုယ့်မိတ်ဆွေများအား ကျွေးမွေးနိုင်ခဲ့ပေသည်။
         

ဗမာ့တပ်မတော်ရန်ပုံငွေပါဝင်ကြပုံ

ဗမာ့တပ်မတော်ရန်ပုံငွေပါဝင်ကြပုံ

                   ၁၉၅၁-ခုနှစ်၊ မေလတွင်ဖြစ်သည်။
          နေ့ရက်ကိုကား အသေအချာမမှတ်မိတော့ပေ။ သမတအိမ်တော်တွင် ဗမာ့တပ်မတော်ရန်ပုံငွေ ကောက်ခံပွဲတစ်ခုပြုလုပ်သည်။ ရန်ကုန်အရေးပိုင်က ကြီးမှူးကောက်ခံသည်။ ဤရန်ပုံငွေကောက်ခံပွဲသို့ တရုပ်၊ မြန်မာ၊ အိန္ဒိယအမျိုးသားများ တက်ရောက်ကြလေသည်။
         

ရွှေရတုသဘင်

ရွှေရတုသဘင်

          ၁၉၅၁-ခုနှစ်၊ ဇန်န၀ါရီလ ၃-ရက် ဗုဒ္ဓဟူးနေ့။
          ဤနေ့ ဤရက်မတိုင်မီ ဒီဇင်ဘာလတွင် ကျွန်ုပ်သည် ဆွေမျိုးတစ်စုနှင့် တိုင်ပင်ဆွေးနွေးလေသည်။ အကြောင်းအရာကား ကျွန်ုပ်၏မိဘနှစ်ပါး ထိမ်းမြားမင်္ဂလာနှစ်ငါးဆယ်နှစ်မြောက် အထိမ်းအမှတ် ရွှေရတု သဘင်ကျင်းပလို၍ဖြစ်သည်။ ကျွန်ုပ်သည် ယခုအချိန်အထိ ရွှေရတုသဘင်ဖိတ်ကြားလွှာမျိုး တစ်စောင် တစ်လေမျှမရရှိဖူးပေ။ ဤပွဲလမ်းသဘင်မျိုးလည်း တစ်ခါမျှ မတက်ရောက်ဖူးသေးပေ။ ထိုသို့ပြုလုပ်ခြင်းသည် တနည်းအားဖြင့် ထူးထူးခြားခြားဖြစ်သည်ဟုထင်၏။ ကျွန်ုပ်၏ဆန္ဒ အာသီသကို ဆွေမျိုးများနှင့် တိုင်ပင် ဆွေးနွေးကြည့်သောအခါ ကန့်ကွက်သူတစ်ယောက်မျှမရှိပေ။

ဗိုလ်ချုပ်ကြီးနေ၀င်းကိုဟောကိန်းထုတ်ခဲ့စဉ်

ဗိုလ်ချုပ်ကြီးနေ၀င်းကိုဟောကိန်းထုတ်ခဲ့စဉ်

          ၁၉၅၀-ခုနှစ် မတ်လ ၉-ရက် နံနက်ပိုင်းတွင် ကျွန်ုပ်သည် ဒေါ်အေးခင်နေအိမ်သို့သွားပြီး၊ မင်္ဂလာဒုံ စစ်ဆေးရုံကိစ္စများကို တိုင်ပင်ဆွေးနွေးသည်။ ပြီးနောက် စကားဆက်၍ ထွေရာလေးပါးပြောကြား နေရာမှ ““ဒီနေ့ နေ့လယ် ၁-နာရီမှာ မင်္ဂလာဒုံလေဆိပ်ကို ဗိုလ်ချုပ်ကြီးနေ၀င်းက သူ့သားမောင်ငွေစိုးကို အိန္ဒိယကို ပညာတော်သင်လွှတ်ဖို့ သွားကြလိမ့်မယ်””ဟူ၍ပြောလေသည်။
         

ကျင်လည်ခဲ့ရသော စီးပွားရေးလောက

ကျင်လည်ခဲ့ရသော စီးပွားရေးလောက

          ဗမာပြည်လွတ်လပ်ရေးရပြီးချိန်ဖြစ်သည်။
          ၁၉၄၉-ခုနှစ်တွင် ကျွန်ုပ်ပိုင်လန်ထောင်ဟော်တယ် အခြေအနေကလည်းမကောင်း၊ ယိုင်၍ပင် နေလေသည်။ နှစ်တော်တော်ကြာအောင်ပင် ဟော်တယ်ဖွင့်ခဲ့သော်လည်း ကျွန်ုပ်အဖို့ကား အမြတ်မရှိ အရှုံးပင်ပေါ်နေလေသည်။ ကျွန်ုပ်၏ပေါင်းသင်းဆက်ဆံရေးလောက တစ်ခုတည်းသာလျှင် ကျယ်ပြန့်လာ၍ အမြတ်ဟုပင်ဆိုရချေမည်။
          ကျွန်ုပ်၏ဟော်တယ်သည် ဖွင့်ထားသော်လည်း လာ၍စားသောက်သူဦးရေ လွန်စွာမှနည်းပါးလေ၏။ ဟော်တယ်တစ်ခု၏ တစ်နေ့တစ်နေ့ကုန်ကျစရိတ်က မသေးငယ်လှ၊ ပစ္စည်းများ အသင့်ဝယ်ယူထားပါလျက်နှင့် လာရောက်စားသောက်သူမရှိချေက အရှုံးပင်ဖြစ်၏။ ဤအထဲ အလုပ်စရိတ်နှင့်ဟော်တယ်မယ်များ လုပ်ခကလည်း ရှိသေးသည်။ ကျွန်ုပ်တွင်ကား မိတ်ကောင်းဆွေကောင်းများ အတော်အတန်ရှိလေသည်။  ဤမိတ်ဆွေများ ကျွန်ုပ်၏ဟော်တယ်၌ လာရောက်စားသောက်လျှင် ကျွန်ုပ်သည် စားသောက်ခကုန်ကျငွေကို တစ်ပြားတစ်ချပ်မှမယူပေ။ ကျွန်ုပ်သည် စေတနာဖြင့်သာ ကျွေးမွေးလိုက်ခြင်းဖြစ်လေသည်။ ထို့ကြောင့်ပင်လျှင် ဤမိတ်ဆွေများက ကျွန်ုပ်ကိုခင်မင်ပါလျက်နှင့် ဟော်တယ်တွင်လာရောက်စားသောက်ရမည်ကို အားတုံ့အားနာ ဖြစ်နေကြဟန်တူ၏။ သည့်နောက်ပိုင်းတွင်မူ သူတို့သည် ကျွန်ုပ်ထံသို့လာရောက်ပြီး မစားတော့ပေ။ ပြီးနောက်တဖန် ဤအချိန်က ရန်ကုန်မြို့ပေါ်နှင့် အနီးတစ်ဝိုက်တွင် ဟော်တယ်များ အများအပြားဖြစ်နေ ကြသည်။
         

အပြန်ပြန်အလှန်လှန်

အပြန်ပြန်အလှန်လှန်

          ၁၉၄၇-ခုနှစ် မတ်လ ၁-ရက်နေ့ ။
          မော်လမြိုင်မြို့အနီးရှိ ကိုလိုတွက်ရွာတွင် တရုပ်အမျိုးသား တန်ကျွိယင်နေအိမ်သို့ ဓါးပြများ ၀င်တိုက်သည်။ ဓါးပြများသည် ပစ္စည်းများသာ ယူသည်မဟုတ်၊ အိမ်ရှိကလေးလူကြီးများကို တစ်ယောက်မကျန် သတ်ဖြတ်သွားလေသည်။ ထို့ကြောင့် မော်လမြိုင်ရှိတရုပ်လူကြီးလူကောင်းများက ကျွန်ုပ်အား လာ၍ပြောကြား လေသည်။
         

Wednesday, September 8, 2010

အောင်သွယ်စပ်စု

အောင်သွယ်စပ်စု

၁၉၄၆-ခုနှစ်တွင် ရန်ကုန်အရေးပိုင် ဦးဘသွယ်၊ ဇနီးဒေါ်ခင်မကြီးနှင့် သားတစ်ယောက်၊ သမီးသုံးယောက်သည် ကျွန်ုပ်၏ဟော်တယ်အခန်းအမှတ်(တစ်)တွင် လာရောက်စားသောက်ကြသည်။ သမီးအကြီးဆုံးမှာ ခင်ခင်အေးဖြစ်သည်။
ကျွန်ုပ်နှင့်ဦးဘသွယ်တို့သည် မိတ်ဆွေဟောင်းများဖြစ်နေ၍ စကားလက်ဆုံကျနေသည်။ သူနှင့်ကျွန်ုပ်သည် ထွေရာလေးပါးစကားပြောဆိုနေရာ ဦးဘသွယ်က ...
““ဦးစပ်စုဟာ အောင်သွယ်သိပ်တော်တယ်လို့ ကျွန်တော်တို့ကြားထားပါတယ်။ ကျွန်တော့်သားတော်မောင် အတွက်တစ်ယောက်လောက် ရှာပေးစမ်ပါအုံး””ဟု၍ သူ့သားပုခုံးကိုကိုင်ကာပြောကြားလေသည်။ ကျွန်ုပ်က သူတို့မိသားစုကိုကြည့်၍ ...

လမ်းမတော်အမတ်ဗိုလ်ချုပ်အောင်ဆန်း

လမ်းမတော်အမတ်ဗိုလ်ချုပ်အောင်ဆန်း

၁၉၄၅-ခုနှစ်၊ အောက်တိုဘာလ၌ဖြစ်သည်။

တရုပ်ကောင်စစ်ဝန်ချုပ် အယ်ကေယင်း (L.K Ying, Chinese Consul General) ကောင်စစ်ဝန်ချုပ်မစ္စတာမာဝိုက်၊ (Mr. Ma Vice) တရုပ်ပြည်ဘဏ်အထွေထွေမန်နေဂျာ ရီခြာဝါ၊ (Richar Wu, Bank of China) ဟန်နရီချင်း (Henary Chen)၊ အယ်ကေချီ (L.K, Chi)၊ ဗွီပီတိုင် (V.P,Tai) ဤပုဂိ္ဂုလ်ကြီး ၆-ဦးကို ရန်ကုန်မြို့ရှိ တရုပ်လူကြီးလူကောင်းများက ဂုဏ်ပြုဧည့်ခံပွဲတစ်ခုကို မြို့တော်ခန်းမ၌ ပြုလုပ်ကျင်းပလေသည်။

ရှာမှရှားသောဆာဦးသွင်

ရှာမှရှားသောဆာဦးသွင်

၁၉၄၅-ခုနှစ်၊ မေလ ၁-ရက်နေ့တွင် ရန်ကုန်မြို့ကိုသိမ်းပြီးကြောင်း ဗိုလ်နေ၀င်းက အသံလွှင့်ရုံမှ ကြေညာသည်။ ဤမေလ၌ပင် ဖဆပလအဖွဲ့ကြီးကို လူသိနတ်ကြား ထင်ရှားစွာဖွဲ့စည်းလိုက်လေသည်။ ပြီးနောက်တဖန် ဗိုလ်ချုပ်အောင်ဆန်းဦးစီးခေါင်းဆောင်သော ကော်မီတီတစ်ရပ်ကိုဖွဲ့စည်းလိုက်လေသည်။ ပထမအကြိမ် နေသူရိန်လူထုစည်းအဝေးပွဲကြီးခေါ်လိုက်သည်။ ဤစည်းဝေးပွဲကြီးမှာ အမျိုးသားအစိုးရဖွဲ့စည်းရေး လုံးဝလွတ်လပ်ရေးစသည့်အဆိုများ တင်သွင်းဆုံးဖြတ်ကြသည်။ ကန်တော်ကြီးစောင်း နေသူရိန်ဇာတ်ရုံကြီးတွင် ဆုံးဖြတ်ကြသည်။ ယင်းဆုံးဖြတ်ချက်များသည် မြန်မာနိုင်ငံရေးရာဇ၀င်၌ နေသူရိန်ဆုံးဖြတ်ချက်များအဖြစ်နှင့် ထင်ရှားနေလေ၏။

Tuesday, September 7, 2010

လမ်းမတော်ဦးစပ်စု

လမ်းမတော်ဦးစပ်စု


ကျွန်ုပ်တို့နေထိုင်သော လမ်းမတော်ရပ်ကွက်တွင် နှစ်စဉ်နှစ်တိုင်း ရှင်ဥပဂုတ်ပူဇော်ပသပွဲကို ပြုလုပ်လေ့ရှိသည်။ ဖက်ဆစ်ဂျပန်ခေတ်ဆိုးကြီးဝယ် အခြေအနေအရမပြုလုပ်နိုင်ခဲ့ပေ။
၁၉၄၅-ခု ဒီဇင်ဘာလ ၂၅-ရက်နေ့တွင် လမ်းမတော်ရပ်ကွက်ရှိ လူကြီးလူကောင်းများဖြစ်ကြသော ဦးပွား၊ ဦးမောင်ကြီး၊ ဦးသောင်း၊ ဦးချစ်ထွန်း၊ ဦးညွန့်တင်၊ ဦးသာမောင်၊ ဦးဘိုးဆွေ၊ ဦးကျော်ခင်၊ ဦးဘချစ်တင် (ရုပ်ရှင်မင်းသားဗဂျီအောင်စိုး၏ဖခင်)၊ ဦးကျစ်ဘိန်တို့လာရောက်ကြသည်။ သူတို့က အကူအညီ တောင်း၍ ငွေငါးရာပါဝင်ကူညီလိုက်ရလေသည်။ သူတို့သည် ရှင်ဥပဂုတ်ပူဇော်ပွဲ၌ ရာမဇာတ်ပွဲကို စပြီးကပြ လေပြီ။

သူလျှိုတစ်ဦး

သူလျှိုတစ်ဦး


၁၉၄၅-ခုနှစ်၊ ဧပြီလ ၂၈-ရက်။
ဤနေ့တွင် ကျွန်ုပ်အဖို့ အရေးကြီးသောကိစ္စတစ်ခုကြုံရပြန်သည်။ ဧပြီလ ၂၃-ရက်နေ့မှ ၂၈-ရက်နေ့အထိ ဤခြောက်ရက်အတောအတွင်း ဂျပန်စစ်သားများရန်ကုန်မြို့မှထွက်ခွာသည်မှာ ကုန်သလောက် ရှိနေချိန်ဖြစ်လေသည်။ နေ့စဉ်နေ့တိုင်း မဟာမိတ်လေယာဉ်ပျံများကပျံသန်းဝဲနေ၏။ သို့သော် ဗုံးကိုကား တစ်လုံးမျှမချပါပေ။
ဧပြီလ ၂၈-ရက်နေ့ ညနေသုံးနာရီနှင့် လေးနာရီအချိန်တွင် အင်္ဂလိပ်ဖက်မှ တရုပ်သူလျှိုတစ်ဦး ကျွန်ုပ်တို့တရုပ်အမျိုးသားဗြန်ဟတ်ဘွေအသင်းကြီးသို့ ရောက်ရှိလာလေသည်။ သူသည် ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်နှင့် လုပ်ငန်းစဉ်ကိုသိနှင့်ထား၍လောမသိ ...

ရန်ကုန်မြို့ကြီးပြာဖြစ်တော့မည့်အရေး

ရန်ကုန်မြို့ကြီးပြာဖြစ်တော့မည့်အရေး


၁၉၄၅-ခုနှစ်၊ ဧပြီလ ၂၁-ရက်နေ့၊ ညနေပိုင်းတွင် ယခုလက်ရှိတိုက်အမှတ် (၁၂၅)လသာလမ်း၊ (လသာရဲဌာနနှင့်မျက်စောင်းထိုး) တရုပ်အမျိုးသားသူဌေးကြီး ဦးကေဘာကြီး၏လေးထပ်တိုက်ကို ဂျပန် ရေတပ်မတော်မှ ရုံးလာဆိုက်လေသည်။ ကျွန်ုပ်တို့သည် အခြေအနေကို လေ့လာစုံစမ်းကြည့်လေသောအခါ ဂျပန်ကုန်းတပ်သည် အကုန်လုံးထွက်ပြေးကာနီးလေပြီ။ ထို့ကြောင့် ဂျပန်ရေတပ်မတော်အား ရန်ကုန်မြို့ တစ်မြို့လုံးဖျက်ဆီးပစ်ရန် တာဝန်ပေးပြီးဖြစ်လေ၏။

ဦးဗဆွေဂျပန်လက်မှလွတ်မြောက်လာပုံ

ဦးဗဆွေဂျပန်လက်မှလွတ်မြောက်လာပုံ


၁၉၄၅-ခုနှစ် ဖေဖေါ်ဝါရီလတွင်ဖြစ်သည်၊ တိုင်းပြည်ကသိသောဂျပန်တော်လှန်ရေးကမပြုလုပ်ရသေး။ ထိုစဉ်က ဦးဗဆွေ(ယခု ဖ-ဆ-ပ-လ ဥက္ကဋ္ဌကြီး)သည် ကေဗိုတိုင်ချုပ်ဖြစ်လေသည်။ ကျွန်ုပ်က ဦးဗဆွေ၏ လက်ထောက်ဖြစ်ခဲ့ရသည်။ ဦးဗဆွေကိုဂျပန်များကမသင်္ကာ၍ ဖမ်းဆီးချုပ်နှောင်ထားလေသည်။

ဦးဗဆွေဂျပန်လက်ကလွတ်မြောက်ရန် အရေးကြီးနေသည်။ အဓိပတိဒေါက်တာဘမော်၊ ဗိုလ်ရန်နိုင်၊ သခင်မြ(ဒုတိယ၀န်ကြီးချုပ်)၊ သခင်နု(နိုင်ငံခြားရေးဝန်ကြီး)နှင့်ပီကေချောင်း (ဗြန်ဟတ်ဘွေအသင်းကြီး၏ ဥက္ကဋ္ဌနှင့်ဒုတိယကေဘိုတိုင်ချုပ်) ဤသူများက ဦးဗဆွေလွတ်မြောက်ရန်အတွက် အမျိုးမျိုးကြိုးပမ်းနေချိန် ဖြစ်လေ၏။

တရုပ်ပုံပြင်မှဟန်စင်

တရုပ်ပုံပြင်မှဟန်စင်

ရှေးခေတ်တရုပ်ရာဇ၀င်ကို နောက်ကြောင်းလှန်၍ကြည့်ပါလျှင် စစ်ပွဲပေါင်းမြောက်မြားစွာရှိသည်ကို တွေ့ရ၏။ ထိုစစ်ပွဲကြီးများရှိသည့်အနက် နံမည်ကျော်လူသိများသောစစ်ပွဲသုံးခုမှာ လူပေါင်းလေးသိန်းငါးသောင်း လည်ပြတ်ပြီးသေခဲ့ရသော ““ဂျင်းတိုတိုက်ပွဲကြီး””၊ လူပေါင်းသုံးသိန်းကျော်သေခဲ့ရသော ““ဆော်ဟန်တိုက်ပွဲ””၊ လူပေါင်းရှစ်သိန်းနှင့်သုံးသောင်းကျော် သေရွာသို့မြန်းခဲ့ရသော ““ချစ်ဖိတ်တိုက်ပွဲ””(သုံးပြည်ထောင်စစ်ပွဲကြီး) တို့ဖြစ်လေသည်။

ဤစာအုပ် (ဒုတိယတွဲ ဦးရန်အောင်၏အမှာ)

ဤစာအုပ်

၁၉၅၉-ခုနှစ်တွင် ဦးစပ်စု၏ “ထူးတဲ့စပ်စု”အမည်ရှိစာအုပ် ပထမတွဲကို ထုတ်ဝေခဲ့ဖူးသည်။

ထိုစာအုပ်ထုတ်ဝေရန်အတွက် ဦးစပ်စုက သူ့ကိုယ်တွေ့ဖြစ်စဉ်ဖြစ်ရပ်များကို လုံးစေ့ပတ်စေ့ စိတ်ရှည်လက်ရှည်ပြောပြသည်။ ယင်းသို့ ဦးစပ်စုပြောသည်ကို မောင်လေးကရေးသားရာ ကျွန်တော်က ပြင်ဆင်တည်းဖြတ်ပေးခဲ့သည်။

ဦးစပ်စု၏ထူးတဲ့စပ်စု ဒုတိယတွဲရှေ့ဆုံးစာမျက်နှာ


ဦးစပ်စု၏ထူးတဲ့စပ်စု ဒုတိယတွဲ မျက်နှာဖုံး


ဦးစပ်စု၏ထူးတဲ့စပ်စု ဒုတိယတွဲ မျက်နှာဖုံး

ဦးစပ်စု ၏ ထူးတဲ့စပ်စု ပထမတွဲ ကြော်ငြာစာမျက်နှာနှင့် နောက်ကျောဖုံး။

ဦးစပ်စု ၏ ထူးတဲ့စပ်စု ပထမတွဲ ကြော်ငြာစာမျက်နှာနှင့် နောက်ကျောဖုံး။

တရုပ်ပုံပြင်မှဟိုင်စင်

တရုပ်ပုံပြင်မှဟိုင်စင်

ယခုတဖန် သည်းခံ၍ အနိုင်ရမှုဆိုသည့် တရုပ်ရာဇ၀င်ပုံပြင်ကလေးတစ်ခုကို ရှင်းလင်းတင်ပြ ဥပမာပေး ပြော၍ ရေးသားပါရစေဦး၊ စာရှုသူ.. ဒီရာဇ၀င်တရုပ်ပုံပြင်ကလေးကတော့..
လွန်ခဲ့သည့် အနှစ် ၂၄၀၀-လောက်က မြို့တစ်မြို့မှာ ပွဲတစ်ခုကျင်းပကပြတယ်။ လူပေါင်း များစွာလာကြည့်ကြတယ်။ ဒီလိုလာကြည့်ကြသည့်လူတွေထဲမှာ လူတစ်ယောက်၏နာမည်က ဟိုင်စင် လို့ခေါ်တယ်။ သူဟာ ပိန်ပိန်ပါးပါး၊ လူကလည်းခပ်ပျော့ပျော့၊ လမ်းလျှောက်သည့်အခါမှာလည်း ဟိုယိုင်ဒီယိုင်ဖြစ်နေသည့်အတွက်ကြောင့် ဒီလိုလူစားမျိုးဟာ ကြက်တစ်ကောင်တောင်နိုင်မှာ မဟုတ်ပါဘူးလို့ ရွာသူရွာသားအများအပြားဟာ ကဲ့ရဲ့ပြောဆိုကြတယ်။ ပွဲကိုလာကြည့်ကြသည့်

ယမ်းတောင့်ကျည်ဆန်နှင့်တူသောကျွန်ဘဝ

ယမ်းတောင့်ကျည်ဆန်နှင့်တူသောကျွန်ဘဝ

ကျွန်ုပ်တို့တတွေ သူတစ်ပါး၏လက်အောက်မှာ နေခဲ့ရသည့်အခါက ဘာနှင့်သဏ္ဍာန်တူသလဲ ဆိုတော့ ယမ်းတောင့်ကျည်ဆန်နှင့်အင်မတန်မှတူပါသည်။ အုပ်ချုပ်သည့်သူကတော့ သေနတ်နှင့် တူပါသည်။ ကျည်ဆန်ဟာ သေနတ်ထဲကိုထည့်ပြီးထားလိုက်လျှင် သေနတ်ကိုင်ထားသူ၏လက်မှ သေနတ်ထဲကကျည်ဆန်ဟာ ဘယ်ကိုလှည့်ပြီးပစ်ပစ် ကျည်ဆန်ဟာထွက်ရမှာပါပဲ။ ဒါတင်မကသေး ပါဘူး။ ကျည်ဆန်ဟာ သေနတ်ထဲမှာနေရ၍ အုပ်ချုပ်သူ၏လက်ထဲကကိုင်ထားသည့်သေနတ်ဟာ ကျွန်ုပ်၏ဆွေမျိုးမိဘ ညီအစ်ကိုမောင်နှမမိတ်ဆွေသူငယ်ချင်းများဘက်ကိုပဲလှည့်၍ ခလုပ်ဆွဲပြီးပစ် လိုက်တော့ ကျည်ဆန်ဟာမထွက်ပဲမနေနိုင်ပါဘူး။ ထွက်ရမှာပါပဲ။ ဒါကတော့ကျည်ဆန်၏အပြစ် မဟုတ်ပါဘူး။ သေနတ်ကိုင်ထားတဲ့အုပ်ချုပ်သူ၏အပြစ်သာဖြစ်ပါသည်။

ဖာစပ်စုဘ၀မှလွတ်ခဲ့ရခြင်း

ဖာစပ်စုဘ၀မှလွတ်ခဲ့ရခြင်း

အကယ်၍သာ ဒီလိုဂျပန်ကင်ပေတိုင်နှင့် သခင်စံဝေတို့ပစ်ခတ်မှုကြီးဟာ ဂျပန်တစ်ဦးသေ၍ အင်မတန်မှအရေးကြီးသည့်အမှုကိစ္စကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ရပါလျှင် ဗိုလ်အောင်ဆန်းဟာ ကျွန်ုပ် ဦးစပ်စုအပေါ်ကို ဘယ်လောက်စိတ်နာမယ်၊ စိတ်ဆိုးမယ်၊ ဒေါသဖြစ်မယ်ဆိုတာကို ကျွန်ုပ်ဟာ မပြောတတ် မတွေးဝံ့တတ်တော့ပါဘူး။ ကျွန်ုပ်အပေါ်ကိုလည်း သူမိန့်ခွန်းပြောသည့်အခါမှာ အမြဲတမ်း ပါလေ့ရှိသည့် ဖာနိုင်ငံ..ဖာနိုင်ငံဆိုသည့်စကားလုံးဟာ ပျောက်ကွယ်ပြောင်းသွားပြီး၊ ဖာစပ်စု၊ ဖာဟော်တယ်၊ ဖာမသောင်း၊ ဖာဆရာမ၊ ကုလားဆင်နှင့်တူသည့် ဖာကုလားမတို့လုပ်လို့ ငါ့တော်လှန်ရေးကြီးဟာ မစမီအတွင်း ပျက်စီးသွားရတာပါပဲလို့ မိန့်ခွန်းပြောသည့်အခါမှာ အမြဲတမ်း ပါနေမှာပါပဲ။

Monday, September 6, 2010

ခြောက်လုံးပြူးစပ်စု။ ခြောက်လုံးပြူးမှုကြီး

ခြောက်လုံးပြူးစပ်စု

ဒီအချိန်ဒီအခါတုန်းက ကျွန်ုပ်၏ဟော်တယ်အပေါ်ထပ်၊ အလယ်ထပ်၊ အောက်ထပ်မှ လာပြီးကြည့်ကြသည့်လူတွေရော လမ်းမကြီးပေါ်မှာကြည့်ကြသည့်လူတွေရော ““ဦးစပ်စုဟာ အင်မတန်မှ သတ္တိကောင်းတယ်၊ သတ္တိရှိတယ်။ ယခုခြောက်လုံးပြူးကိုင်ထားတဲ့လူကို သူ့လက်မှာဘာမျှမပါပဲနှင့် ခြောက်လုံးပြူးကိုဝင်လုတယ်၊ သိပ်ကိုသတ္တိရှိတယ်””။ ဒါကြောင့်မို့လာကြည့်ကြသည့်လူတွေဟာ ခြောက်လုံးပြူးကိုဝင်လူသည့်သတ္တိကြောင့် ကျွန်ုပ်ကိုလူစွမ်းကောင်းစပ်စု၊ ခြောက်လုံးပြူးစပ်စုလို့

နှစ်သစ်ကူးထမင်းစားပွဲသေနတ်သံ

နှစ်သစ်ကူးထမင်းစားပွဲသေနတ်သံ

ဟိုစဉ်အချိန် ဂျပန်ခေတ်အခါက ကုန်စည်ကြီးကြပ်သည့်သူများဟာ အများအပြားခါးထဲမှာ အမြဲတမ်းခြောက်လုံးပြူးထိုးထားတာကို တွေ့ရှိရပါသည်။ ဒီအတွက်ကြောင့် ကျွန်ုပ်၏ဟော်တယ် သုံးထပ်ပေါ်မှာ တရုပ်အမျိုးသားနှစ်သစ်ကူး ထမင်းစားဧည့်ခံကျွေးမွေးပွဲ၌ ပစ်ခတ်မှုကြီးတစ်ခု ပေါ်ပေါက်လာခဲ့ရပါသည်။ အကြောင်းကတော့ဒီလိုပါ။ ကျွန်ုပ်၏နှစ်သစ်ကူးထမင်းစားပွဲမှာလိုသည့် ကြက်၊ ၀မ်းဘဲများဝယ်ယူဖို့ဟာကို ကုန်စည်ကြီးကြပ်မှုညွှန်ကြားရေးဝန်ဦးကိုကိုထံကိုသွားပြီးတော့ အကူအညီတောင်းတယ်။ ဦးကိုကိုကလည်းကျွန်ုပ်ကို ကြက်ဝမ်းဘဲဝယ်ယူဖို့ လက်မှတ်တစ်စောင်

Sunday, September 5, 2010

နှစ်သစ်ကူးကန်တော့ပွဲ

နှစ်သစ်ကူးကန်တော့ပွဲ

မြန်မာထုံးတမ်းစဉ်လာကတော့ သီတင်းကျွတ်လျှင် လူကြီးမိဘဆရာသမားလူကြီးလူကောင်း များကို ကန်တော့ရသကဲ့သို့ တရုပ်အမျိုးသားထုံးစံမှာလည်း နှစ်သစ်ကူးလာရင် လူကြီးလူကောင်း များကိုကန်တော့ရပါသည်။ ၁၉၄၅-ခုနှစ် ဖေဖေါ်ဝါရီလ ၁၄-ရက်နေ့တွင် ကျွန်ုပ်တို့တရုပ်အမျိုးသား နှစ်သစ်ကူးနေ့ဖြစ်နေတယ်။ ဗြန်ဟတ်ဘွေအသင်းကြီးဥက္ကဋ္ဌပီကေချောင်းဟာလည်း နှစ်စဉ်နှစ်တိုင်း ဒီလိုပဲကန်တော့ဖို့စီစဉ်ပါတယ်။ စားစရာသောက်စရာများကိုယူသွားပြီး လူကြီးလူကောင်းများကို အမြဲတမ်းလျှောက်ကန်တော့ကြပါသည်။ ဒီထုံးစံကိုတော့ဘယ်တော့မှမဖျက်ခဲ့ပါဘူး။

သေဘေးမှသီသီကလေးလွတ်ခြင်း၊ ကျောက်ဖရုံယိုစပ်စု၊ တရုပ်စကားပုံ။

သေဘေးမှသီသီကလေးလွတ်ခြင်း

ကျွန်ုပ်နှင့်ဆရာမမခင်မူဟာလည်း သုံးဆယ်ကဆရာမ ၂-ယောက်ကို လက်ဆောင်တွေ ၀င်ပေးပြီး၊ စစ်ကွင်းမင်းလှဘက်ကို မော်တော်ကားဦးတည်ပြီး ထွက်လာခဲ့ပါတယ်။ ကျွန်ုပ်တို့ စီးနင်းလိုက်ပါလာသော ဘောက်ဆောအနက်ရောင်ကားကလေးမှာ စစ်ကွင်းရေနံပိုက်အနီးသို့ ရောက်ရှိသောအခါ ကျွဲညီနောင်ခေါ်ရန်သူအင်္ဂလိပ်လေယာဉ်ပျံဟာ စစ်ကွင်းရေနံပိုက်ကို အကြီးအကျယ် ဗုံးချ၍စက်သေနတ်ဖြင့်လာပစ်တယ်၊ ဆရာမမခင်မူနှင့်ကျွန်ုပ် အတူတူစီးနင်းလိုက်ပါလာသော ကားကလေးဟာ ကံကောင်းထောက်မ၍သီသီကလေးလွတ်သွားပါသည်။ ကျွန်ုပ်တို့ကလည်း

ဦးစပ်စုနှင့်ဆရာမများ

ဦးစပ်စုနှင့်ဆရာမများ

ကော်မရှင်နာလမ်း(ယခုဗိုလ်ချုပ်လမ်း) ဆေးရုံကြီးနှင့်မျက်နှာချင်းဆိုင်အဆောက်အဦကို ဟိုတုန်းက ဆရာဖြစ်သင်ကောလိပ်ဖွင့်ထားပါသည်။ ဆရာဖြစ်သင်ကောလိပ်မှာ ကျောင်းအုပ်ဆရာကြီးက ဦးဘ(ယခုပညာမင်းကြီး)နှင့် ကျောင်းဆရာဦးအောင်ကြီး၊ ဆရာမဒေါ်အေးကြည်၊ ဒေါ်ရီရီ၊ ဆရာမ မခင်မူ၊ မ၀င်းမေတို့ကကျွန်ုပ်ကိုလာပြောပါသည်။ ကျွန်ုပ်တို့ကျောင်းမှာ လက်ဖက်ရည်ဆိုင်တစ်ခု ဖွင့်ထားပါသည်။ ဆရာကြီး၊ ဆရာမများနှင့်ကျောင်းသူကျောင်းသားများသောက်ဖို့ သကြား၊ ဆပ်ပြာ၊ လဖက်ခြောက်၊ အ၀တ်အစားများပါလာရောက်ပြီး ဖြန့်ချီပေးပါလို့ကျွန်ုပ်ကိုလာပြောတယ်။ ကျွန်ုပ်က စဉ်းစားကြည့်တယ်။ သူတို့လာပြောသည့်နေရာဟာ ကျွန်ုပ်ရပ်ကွက်မဟုတ်ပါဘူး၊ သို့အတွက် ကျွန်ုပ်ကလည်း တတ်နိုင်သလောက်ကူညီကြိုးစားပေးပါ့မယ်လို့ပြောဆိုလိုက်ပါတယ်။

ဒေါ်မေမေခင်၏သေတ္တာ

ဒေါ်မေမေခင်၏သေတ္တာ

မြစ်ဝကျွန်းပေါ် ဖျာပုံမြို့မှာ မပြီးပြတ်သေးသည့် အရေးကြီးတဲ့ကိစ္စတစ်ခုဟာ ဗြန်ဟတ်ဘွေအသင်းကြီးသို့ ဗိုလ်ချုပ်အောင်ဆန်းလာပြီးမိန့်ခွန်းပြောတာကို သတင်းစာအသီးသီးမှာ ဖတ်လိုက်ကြရတော့ အလိုလိုပြေရှင်းသွားပါသည်။ အကြောင်းရင်းကိစ္စကတော့ဒီလိုဖြစ်နေတာပါ။ လွန်ခဲ့သည့်အနှစ် ၂၀-ကျော်က ဟိုက်ကုတ်တရားလွှတ်တော်ချုပ်တွင် ၀န်ထောက်ဖြစ်ခဲ့သူ ပညာရှိ မြန်မာအမျိုးသမီးဒေါ်မေမေခင်နှင့် သူ၏အမေဒေါ်ချစ်ချစ်တို့သားအမိနှစ်ယောက်သည် စစ်ကိုင်းမှ ရန်ကုန်ကိုပြန်လာတဲ့အခါ၊ ချိ(ပ်)လမ်း ဦးဘ၀င်းနေအိမ်မှာတည်းနေကြပါသည်။
ကျွန်ုပ်ဟာလည်း သူတို့သားအမိနှစ်ဦးထံကိုသွားပြီး ““စစ်ကိုင်းမှပြန်လာတာ နေထိုင်ကောင်း မွန်ကြပါရဲ့လား””လို့မေးတယ်။ ဟိုစဉ်အခါတုန်းက ရန်ကုန်မြို့ဟာလည်း ဗုံးအများကြီးအချခံရတယ်။ သူ့အမေကလည်းအသက်ကြီးပြီ၊ သူကလည်းအပျိုကြီးဖြစ်တယ်။ အရေးအကြောင်းရှိလျှင်အားကိုး ရမည့်သူတစ်ယောက်မှမရှိပါဘူး။

တစ်နှင့်တူသောဗိုလ်ချုပ်အောင်ဆန်း

ကျွန်ုပ်ဟာ ဒီကိစ္စနှင့်ပတ်သက်၍ဦးနှောက်ခြောက်ပြီး ဟိုလျှောက်ဒီလျှောက်နှင့် အမြဲသွားပြီး စဉ်းစားနေပါတယ်။ အဲဒီလို ဟိုလျှောက်ဒီလျှောက်စဉ်းစားနေသည့်အခါမှာ ကောင်လေးတွေတစ်စုဟာ ၂၁ ကစားနေတာကိုသွားတွေ့တယ်။ ဒီအထဲမှာ ကောင်လေးတစ်ကောင်ဟာ တစ်အမြဲပါပါတယ်။ ကစားတာကလည်း လည်တယ်။ ဒီတစ်ဟာ ဘာနှင့်တွဲပြီးတော့ကစားရကစားရ ဘာမှကြောက်စရာ မလိုဘူးပေါ့။ ကျွန်ုပ်ကလည်းဒီတော့သွားစဉ်းစားမိတယ်။ ဒီတစ်ဟာဘာနဲ့တူသလဲဆိုတော့ ဗိုလ်အောင်ဆန်းနဲ့သွားတူတယ်။ ဗိုလ်အောင်ဆန်းကိုတိုင်းပြည်လူထုဟာ အားလုံးကြည်ညိုတယ်။ တပ်မတော်သားတွေမှန်သမျှဟာလည်းကြည်ညိုတယ်။ ကျွန်ုပ်ဟာ အကြံဉာဏ်ရပါပြီ။ ဗိုလ်အောင်ဆန်း က

ဖိနပ်စပ်စု

ဖိနပ်စပ်စု

ဗမာ့ကာကွယ်ရေးတပ်မတော်သို့ ရန်ပုံငွေ ၅-သိန်းကိုပေးပြီး တာဝန်ကြီးတစ်ခုပေါ့သွား၍ အေးမယ်မှမကျန်သေးဘူး၊ ဖိနပ်စပ်စုအနေဖြင့် နောက်ထပ်အပူလုံးကြီးတစ်ခုဟာ ပေါ်ပေါက်လာပြန်ပါပြီ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ရန်ပုံငွေအတွက်မဟုတ်ပဲ နောက်ထပ်ကျွန်ုပ်ကိုခေါ်ပြီးတိုင်ပင်တယ်။ တော်လှန်ရေးဟာလည်း နီးကပ်နေပြီ။ တပ်မတော်သားများဟာ ဂျပန်နှင့်တိုက်ဖို့အတွက် ချုံတော ကိုင်းတောများကိုသွားရတော့မယ်။ သို့အတွက် ဖိနပ်မရှိလျှင်မဖြစ်နိုင်၍ ဦးစပ်စုဟာ ဖိနပ်ရဖို့ ဒီတစ်ခုတော့ထပ်ပြီးအကူအညီပေးပါဦးလို့ပြောတယ်။

စစ်ဝန်ကြီးရုံးအစည်းအဝေးတွင် ဦးစပ်စုအစွမ်းပြလိုက်ခြင်း

စစ်ဝန်ကြီးရုံးအစည်းအဝေးတွင် ဦးစပ်စုအစွမ်းပြလိုက်ခြင်း

ကျွန်ုပ်သည် တရုပ်အမျိုးသားဗြန်ဟတ်ဘွေအသင်းကြီးမှ ကိုယ်စားလှယ်တစ်ယောက် အနေဖြင့် လည်းကောင်း၊ အခြားအသင်းအသီးသီးမှ ၀င်ရောက်၍လည်းကောင်း၊ ရန်ပုံငွေများကို အများဆုံး အတတ်နိုင်ဆုံးကူညီဆောင်ရွက်၍ ဗမာ့တပ်မတော်ကို ပေးခဲ့ပါသည်။ ကျွန်ုပ်တို့ဗြန်ဟတ်ဘွေအသင်း ကြီးက အခြားအသင်းများထက် ရန်ပုံငွေကိုသာ၍ကူညီပါဝင်သည့်အတွက် အမြဲတမ်းထိပ်ဆုံးက ဖြစ်နေပါသည်။ ရန်ပုံငွေကို သူများထက်ပိုထည့်တာကတစ်ကြောင်း၊ အခြားအသင်းအဖွဲ့များထက် သာတာကတစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းက ကျွန်ုပ်အားမိန့်ခွန်းစကားပြောခိုင်းတာကတစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကြွရောက်လာကြသည့်လူကြီးမင်းများက ကျွန်ုပ်ကို အားလုံးသဘောကျကြ ပါ၍ လူထုဟာရန်ပုံငွေများကို ပိုထည့်ကြပါသည်။

နာဂစပ်စု။ တရုပ်ပုံပြင်။

နာဂစပ်စု

သူ၏အိမ်ပုပုကလေးထဲမှာလည်း နာဂခေါင်းဆောင်တွေဆောင်းသည့် ဦးထုပ်တစ်လုံးရှိပါသည်။ ဒီဦးထုပ်ဟာ အင်မတန်မှလှ၍ အသစ်ကြီးလည်းဖြစ်နေပါတယ်။ ဦးတင်မောင်ကိုယ်တိုင် ဒီဦးထုပ်ကို ယူလာပြီးတော့ ကျွန်ုပ်ဦးခေါင်းမှာ လာဆောင်းပေးပါသည်။ ဒီနာဂဦးထုပ်ကလည်း ကျွန်တော့်ခေါင်းနှင့် အတော်ပါပဲ။ ဦးဝင်းမောင်ဟာ တစ်ခါတည်းဝမ်းသာအားရနှင့် နာဂစပ်စုဟာ စော်ဘွားစပ်စုထက် ပို၍ကြည့်ကောင်းတယ်။ တိုင်းပြည်ကသိအောင် ဘယ်လိုလုပ်မလဲလို့ ဦးဝင်းမောင်က ကျွန်ုပ်ကို မေးတယ်။ ကျွန်ုပ်ကလည်း

ကရင်စပ်စု

ကရင်စပ်စု

ကျွန်ုပ်ဟာ ဦးဝင်းမောင်သမတ မဖြစ်ခင်အချိန်က လွန်ခဲ့သည့် ၁၀-နှစ်လောက်မှာ ကရင် စပ်စုလို့တစ်ကြိမ်ဖြစ်ခဲ့ဖူးပါသေးသည်။ ဦးဝင်းမောင်ဟာ ကျွန်ုပ်နှင့်မယားညီအစ်ကိုတော်သူ မအူပင်ခရိုင် ခနောင်ထော်ရွာနေ ကရင်ရေးရာအရေးပိုင် ဦးလှကျော်နှင့် ညီအစ်ကိုလိုချစ်ခင်ကြပါသည်။ ကျွန်ုပ်ဇနီး မကျင်မြိုင်ကိုလည်း သူတို့ဟာ အင်မတန်မှချစ်ခင်ကြပါသည်။

Saturday, September 4, 2010

ဗမာ့တပ်မတော်ထောက်ပံ့ရေးကော်မီတီ ဦးစပ်စု

ဗမာ့တပ်မတော်ထောက်ပံ့ရေးကော်မီတီ ဦးစပ်စု

၁၉၄၄-ခုနှစ်အတွင်းမှာ ဗမာ့တပ်မတော်မှ တရုပ်အမျိုးသား ဗြန်ဟတ်ဘွေအသင်းကြီးကို စာတစ်စောင်အကြောင်းကြားပေးပို့လိုက်တယ်။ ဗမာ့တပ်မတော်က ပေးပို့အကြောင်းကြားလိုက်သည့် စာကတော့ အခြားမဟုတ်ပါ။ ဤအသင်းကြီးထဲမှ ကိုယ်စားလှယ်တစ်ဦးဟာ ဦးဝိစာရလမ်း စစ်ဝန်ကြီးရုံးမှာလာရောက်ပြီး ဗမာ့တပ်မတော်ထောက်ပံ့ရေးရန်ပုံငွေအတွက် တိုင်ပင်ဆွေးနွေးရန်ဖြစ်တယ် လို့ပါရှိပါတယ်။ ကျွန်ုပ်တို့ဗြန်ဟတ်ဘွေအသင်းကြီးဟာလည်း ဒီစာရောက်သည့်အချိန်မှာ အစည်းအဝေးကိုချက်ချင်းခေါ်လိုက်တယ်။ အစည်းအဝေးတက်ရောက်လာသည့် ကော်မီတီလူကြီးတွေဟာ ဗမာ့တပ်မတော်ကို ကိုယ်စားလှယ်လွှတ်ဖို့အကြောင်းကြားသည့်အခါ တစ်ယောက်ကိုတစ်ယောက်

အိမ်တော်နှင့်စ၀်ရွှေသိုက်

အိမ်တော်နှင့်စ၀်ရွှေသိုက်

ဒုတိယအကြိမ် ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်နှင့် မဟာမင်းကြီးဦးခင်မောင်ဖြူတို့ တောင်ကြီးမှရန်ကုန်သို့လာကြသည်။ ယခု သမတနေအိမ်တော်သို့ သွားရောက်၍တည်းခိုကြပါသည်။ ကျွန်ုပ်ဟာသူတို့လာမှန်းသိ၍ အဓိပတိအိမ်တော်ကိုသွားပြီးတော့တွေ့တယ်။ ဘာများအကြောင်းထူး လာပြန်သလဲဆိုတာကိုလည်း သွားမေးတယ်။ နောက် စ၀်ရွှေသိုက်က ပြောပြတယ်။ ဟိုစဉ်အခါ အိမ်တော်သို့ သူတို့နှစ်ဦးအားကျွန်ုပ်သွားတွေ့သည့်အခါမှာ ရန်သူလေယာဉ်ပျံလာ၍ ဥသြဆွဲထားပါ သော်လည်း ဦးခင်မောင်ဖြူနှင့် စ၀်ရွှေသိုက်တို့မျက်နှာမှာ ကြောက်စိတ်မရှိပဲ ပြုံးပြုံးရွှင်ရွှင် ရီရီမောမောနှင့်

Friday, September 3, 2010

စော်ဘွားစပ်စု။ ဂျပန်အဖမ်းခံရသည့်စော်ဘွား၆-ဦး

စော်ဘွားစပ်စု

လွန်လေပြီးသော ၁၉၄၃-ခုနှစ်၊ စက်တင်ဘာလ ၂၆-ရက်နေ့၊ ဂျပန်ကင်ပေတိုင်ချုပ် မတ်ဆူအိုကာ တပည့်တစ်ဦး၊ ဖေါ်မိုဆာစကားပြန်တစ်ဦး သူတို့နှစ်ဦးဟာ ကျွန်ုပ်၏ဟော်တယ်မှာ နေ့တိုင်း ၀င်ထွက်သွားလာပြီးတော့ စားသောက်နေကြပါတယ်။ ကျွန်ုပ်ဟာလည်း သူတို့နှစ်ဦးကို အထူးဂရုစိုက်၍ ဧည့်ခံကျွေးမွေးပါသည်။ ကျွန်ုပ်ဟာ မေးပါများစကားရဆိုသည့် မောင်ပေါက်ကျိုင်း ထုံးလိုသုံးသည့်အတွက်ကြောင့် ကျွန်ုပ်ကို သူတို့နှစ်ဦးကပြောပြပါသည်။ ရှမ်းပြည်တောင်ကြီးက စစ်ဗိုလ်ချုပ် အီးစီဘူလာဟာ မနက်ဖြန်ကာ စော်ဘွားကြီး၆-ဦးကို ရန်ကုန်သို့ခေါ်လာမည်။ ဒီစော်ဘွား ၆-ဦးကို ဂျပန်ကင်ပေတိုင် မသင်္ကာစရာအချက်တစ်ခုခုတော့ရှိလိမ့်မယ်လို့ထင်တယ်ဆိုတာကို ပြောသွားတယ်။

နုနှင့်ရီမင်္ဂလာဆောင်

နုနှင့်ရီမင်္ဂလာဆောင်

မောင်နုနှင့် မမြရီတို့မင်္ဂလာဆောင် လက်ထပ်သည့်နေ့ကျတော့ မြို့အုပ်ဦးဘအုန်းဟာ သူ့မော်တော်ကို သတို့သား သတို့သမီး ၂-ဦးစီးဖို့ပေးလိုက်တယ်။ နောက် သူတို့နှစ်ဦးဟာလည်း မော်တော်ကို မြန်မြန်မောင်းပြီး၊ ပန်းတနော်နားမှာရှိသည့် ဆွီလွင်ဆိုသည့် ရွာတစ်ရွာကို မောင်း၍သွားကြတယ်။ ဒါကြောင့် မောင်နုဟာ ၀န်ကြီးချုပ်ဖြစ်သည့်အခါ ဟိုစဉ်ကမမြရီ လက်ထပ်ပြီးစီး သည့်နေ့မှာ မော်တော်ကိုစီးပြီး လည်ပတ်သွားလာခဲ့သလို ဦးနုဟာ သူနိုင်ငံခြားသွားသည့်အခါ ဖြစ်စေ၊

သခင်နုနှင့်ဗြန်ဟတ်ဘွေ

သခင်နုနှင့်ဗြန်ဟတ်ဘွေ

၁၉၄၃-ခုနှစ်၊ စက်တင်ဘာလ ၁၅-ရက်နေ့မှာ ကျွန်ုပ်တို့ တရုပ်အမျိုးသား ဗြန်ဟတ်ဘွေအသင်းကြီး နှစ်ပတ်လည်ကျင်းပပွဲတစ်ခု ပြုလုပ်ပါသည်။ ဒီကျင်းပပွဲပြုလုပ်ဖို့ကို ကျွန်ုပ်တို့အသင်းကြီးမှ ကော်မီတီများကို ကြိုတင်၍ စည်းဝေးခေါ်လိုက်ပါတယ်။ ဒီလိုနှစ်ပတ်လည် ကျင်းပပွဲပြုလုပ်သည့်အခါမှာ မြန်မာထဲမှ ၀န်ကြီးတစ်ဦးဦးကိုဖိတ်ခေါ်ပြီး၊ မိန့်ခွန်းစကား အနည်းငယ်ပြောဖို့ကောင်းပါတယ်။

အဓိပတိခေတ်

အဓိပတိခေတ်

ဂျပန်ကမြန်မာအား လွတ်လပ်ရေးပေးစဉ်အခါ ဒေါက်တာဘမော် အဓိပတိဖြစ်ချိန်က ကျွန်ုပ်တို့ တရုပ်အမျိုးသား ဗြန်ဟတ်ဘွေအသင်းကြီးမှလည်း ကန်တော်မိတ် အိုရီယင့်ကလပ်မှာ ကြီးကြီး ကျယ်ကျယ် ငွေကုန်ကြေးကျခံ၍ ထမင်းစားဧည့်ခံပွဲကြီးတစ်ခု ပြုလုပ်ကျင်းပပါတယ်။ ဟိုစဉ်အခါက ပြုလုပ်သောထမင်းစားပွဲမှာ စစ်ဝန်ကြီး ဗိုလ်အောင်ဆန်း၊ ဗိုလ်ဇေယျ၊ သခင်မြ၊ ဦးဘ၀င်း၊ ပျော်ဖွယ်ဦးမြ၊ ဦးလှဖေ၊ ဦးထွန်းအောင်၊ ဗန္ဓုလဦးစိန်၊ သခင်သန်းထွန်း၊ ဦးအေး၊ သခင်နု၊ ယစ်မျိုးမင်းကြီး ဦးစောအေး၊ မြူနီစပါယ်မင်းကြီး ဦးစိုးညွန့်၊ ကေဘိုတိုင်လူကြီးဦးဘဆွေ၊ ဗိုလ်ရန်နိုင်၊ အန်ကယ်