Saturday, September 11, 2010

၇၅နှစ်အကြား ၄၉နှစ်အမြင် ဗမာပြည် ကြော်ငြာစာမျက်နှာ

ကျွန်ုပ်၏ အာသီသ


ကျွန်ုပ်၏ အာသီသ

ကျွန်ုပ်သည် ၁၄-နှစ်သားက ဗမာပြည်ကိုရောက်လာခဲ့သူတဦးဖြစ်လေသည်။ ကျွန်ုပ်ဘ၀တသက်တွင် ခေတ်အမျိုးမျိုး၊ အစိုးရအသီးသီး ပြောင်းလဲလာခဲ့ပုံ၊ ဒုက္ခအစုံစုံတို့ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရလေသည်။ ကျွန်ုပ်၏ထူးခြားသော ဘ၀အတွေ့အကြုံများကို “ထူးတဲ့စပ်စု” ပထမတွဲ၌၎င်း၊ ယခုဤ “၇၅-နှစ်အကြား ၄၉-နှစ်အမြင်(ဗမာပြည်)”စာအုပ်၌၎င်း၊
 တစွန်းတစဖေါ်ပြထားပါသည်။ နောက်ထွက်မည့်စာအုပ်များတွင်လည်း ဆက်လက်ဖေါ်ပြ ပေ
ဦးမည်။
          ကျွန်ုပ်၏အသက်သည် ၆၂-နှစ်ရှိလေပြီ။
         

ချစ်ကြည်ရေး


ချစ်ကြည်ရေး

ရှေးနှစ်ပေါင်း ၁၀၀ ကျော်ကပင် တရုပ်အမျိုးသား၊ အိန္ဒိယအမျိုးသားများသည် ဗမာပြည်ဝယ် နေထိုင်လာခဲ့ကြသည်။ ထိုစဉ်ကစ၍ တဦးနှင့်တဦး ညီညီညွတ်ညွတ်ပင် နေထိုင်လာခဲ့ကြ၏။ နယ်ချဲ့အင်္ဂလိပ် အုပ်ချုပ်နေချိန်၌သာလျှင် လူမျိုးရေး ဘာသာရေး ကွဲပြားမှုပေါ် အခြေတည်၍ အဓိကရုဏ်းကြီးများ ဖြစ်ခဲ့ဘူးသည်။ သည့်နောက်ပိုင်း ဖက်ဆစ်ဂျပန် အုပ်စိုးသော ကာလဆိုးကြီး၌ပင်လျှင် ဗမာ၊ တရုပ်၊ အိန္ဒိယ ဤလူမျိုးသုံးဦးသည် သွေးသောက် ညီအစ်ကိုများပမာ တယောက်အရေးကို တယောက် ကူညီခဲ့ကြသည်မှာ မျက်မြင်ကိုယ်တွေ့ပင်။
ကျွန်ုပ်ဆိုလျှင် ယခု အသက် ၆၂ - နှစ် ရှိလေပြီ။

““ကျွန်ုပ်သိသော ဦးသန့်””

““ကျွန်ုပ်သိသော ဦးသန့်””

          ကျွန်ုပ်နှင့်ဦးသန့် ခင်မင်သိကျွမ်းခဲ့သည်မှာ နှစ်ပေါင်း ၃၀-ပင် ကျော်ခဲ့လေပြီ။ ဦးသန့်ကို သိစက ပန်းတနော် ကျောင်းဆရာဘ၀ဖြစ်လေသည်။ ဦးသန့်နှင့် ကျွန်ုပ်ကို မိတ်ဆက်၍ပေးသူမှာ မြို့အုပ် ပေါင်းတည်ဦးဘအုံးဖြစ်လေသည်။ ဤသမယကစ၍ တစ်ဦးနှင့်တစ်ဦး စတင်ပြီးခင်မင် လာခဲ့ကြလေ၏။
          သည့်နောက်ပိုင်းတွင်မူ တစ်ယောက်နှင့်တစ်ယောက် အနေဝေးနေမှုကြောင့် ဦးသန့်နှင့် ပတ်သက်သော ထူးဆန်းသည့်ကိစ္စကြီးငယ်များ မပေါ်ပေါက်ခဲ့ပေ။
          ကျွန်ုပ်သည် မိတ်ဆွေအများ၏ တိုက်တွန်းနှိုးဆော်ချက်ကြောင့် ၁၉၄၉-နှစ်တွင် မြန်မာ တိုင်းရင်းသားလျှောက်သည်။ ၁၉၅၀-ပြည့်နှစ်တွင် မြန်မာတိုင်းရင်းသား လက်မှတ်ကို ရရှိလေသည်။ ဤတိုင်းရင်းသားလက်မှတ်ကို ရလျှင်ရချင်း ပထမဦးစွာ ကျွန်ုပ်သည် ဦးသန့်နှင့်သွား၍ တိုင်ပင်လေသည်။
         

““ပင်လုံဒေါ်နုရင်နှင့် ဆီချက်ခေါက်ဆွဲ””


““ပင်လုံဒေါ်နုရင်နှင့် ဆီချက်ခေါက်ဆွဲ””

          ထိုစဉ်က အဖွဲ့တစ်ဖွဲ့ရှိသည်။ ဤအဖွဲ့မှာ တပ်ပေါင်းစုံ အမျိုးသမီး ချီးမြှင့်ရေးအဖွဲ့ပင် ဖြစ်ပါသည်။ ယင်းအဖွဲ့ထဲတွင် ကျွန်ုပ်၏ဇနီးနှင့်တကွ ခယ်မ၊ မရီးများပါ ပါဝင်ကြလေသည်။ ကြီးမှူးစီစဉ်ညွှန်ကြားသူက ပင်လုံဒေါ်နုရင်၊ အမျိုးသားဘက်ကဆိုလျှင် ကျွန်ုပ်စပ်စု၊ အိန္ဒိယအမျိုးသား ဘာဘူကြီး၊ ဗမာအမျိုးသားထဲကဆိုပါလျှင် ဦးဘသွင်တို့ ဖြစ်ပါသည်။ ဤအဖွဲ့သည် မင်္ဂလာဒုံ စစ်ဆေးရုံသို့ တက်ရောက်ကုသနေသောလူနာများအား သူတို့စားသောက်လိုသည့် အစာအာဟာရကို တစ်လလျှင်တစ်ကြိမ် ကျွေးမွေးလှူဒါန်းပါသည်။
          တစ်ကြိမ်က မှတ်မှတ်ရရ ကျွန်ုပ်နှင့်ပင်လုံဒေါ်နုရင်သည် ၂၄-လမ်းသို့လာ၍ ကားဖြင့် ဆီချက်ခေါက်ဆွဲများကို သယ်ရလေသည်။ ကားထဲ၌ ပစ္စည်းဥစ္စာများပြည့်လျှံ၍နေလေသည်။ ထိုင်ရသောလူမှာလည်း ဘေးသို့မလှည့်သာအောင်ပင် ကျပ်ကျပ်တည်းတည်းနှင့်လိုက်လာရ၏။ ၂၄-လမ်းမှ မင်္ဂလာဒုံအထိ ခရီးကားနီးလှသည်မဟုတ်၊ တစ်လမ်းလုံး ဤအတိုင်းပင်လိုက်ပါလာခဲ့ရ၏။ တစ်ကိုယ်လုံးတွင်လည်း ချက်ပြီးသောဆီများ ပေကျံကုန်၏။
         

““အင်းစိန် အောင်ပွဲ””


““အင်းစိန် အောင်ပွဲ””

          ကျွန်ုပ်၏ ၀ါသနာအကြောင်းကို ရေးရပေဦးမည်။ ကျွန်ုပ်၏၀ါသနာကား အဘယ်မည်သော အလုပ်မျိုးကိုမဆို စပ်စပ်စုစုလုပ်တတ်သည်။ ထို့ကြောင့်လည်း လူအများမသိသေးသော အကြောင်း အရာများကို စပ်စပ်စုစုပင် သိတတ်လေသည်။
          အထူးသဖြင့် ပွဲလမ်းကြီးများ၊ ဧည့်ခံပွဲကြီးများလိုလိုပင် ကျွန်ုပ်တက်ရောက်သည်က များပါ၏။ တတ်နိုင်သမျှ လူအများစုဝေး၍ပြုလုပ်သော လုပ်ငန်းတိုင်းလိုလို အားပေးကူညီခဲ့ပေသည်။ ဤကား ကျွန်ုပ်၏၀ါသနာဟုဆိုလျှင် မမှားပေ။
          ၁၉၄၉-ခုနှစ်၊ ဇွန်လ ၁-ရက်နေ့တွင် ကျွန်ုပ်၏ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌကြီး စိန်ဘရားသား ဦးထွန်းစိန်၊ ဦးဆင်- ဒေါ်ဌေး (သား) ဦးမောင်မောင်၊ ဦးသံတိုင်၊ ဦးမြရင်တို့ ရောက်လာကြပါသည်။ သူတို့ ကျွန်ုပ်အိမ်သို့ လာရခြင်းအကြောင်းကို စုံစမ်းကြည့်သောအခါ ““အင်းစိန်အောင်ပွဲ တပ်ပေါင်းစုံဂုဏ်ပြုပွဲအတွက် တပ်မတော်သားပေါင်း ၁၅၀၀ အပြင် ဧည့်သည်တော် လူ ၃၀၀ ခန့် တက်ရောက်မည့်ပွဲကို ဦးစပ်စုက တာဝန်ယူပြီး ကူညီစေချင်ပါတယ်”” ဟူ၍ဆိုလာ၏။ ကျွန်ုပ်ကလည်း မိတ်ဆွေအများပေးအပ်သော တာဝန်ကို လက်ခံလိုက်လေသည်။
         

““ကွေကွင်းကွဲကွာ””


““ကွေကွင်းကွဲကွာ””

          ကျွန်ုပ်၏ လွန်စွာချစ်ခင်သော မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်) ပျက်စီးဆုံးရှုံးရခြင်း၏ တရားခံ အစစ်သည်ကား “စစ်” ပင်တည်း။
          စစ်ဟူသည် ကမ္ဘာပေါ်ရှိ လူသားများကို ဘယ်အခါသမယမျှ ကောင်းကျိုးမပြု။ သားတကွဲ၊ မယားတစ်ကွဲ၊ မိတ်ဆွေအပေါင်းအသင်းချင်းလည်းကွဲ၊ ချစ်သူချင်းလည်း ကွဲစေနိုင်ပေသည်။ ဤမကောင်းသောစစ်ကြီးကပင် ကျွန်ုပ်နှင့် ဆူဘတ်ချန်ဒရာဘို့(စ်)ကို ဒီတစ်သက်တွင် ဘယ်တော့မျှ မတွေ့ရလေအောင် ခွဲလိုက်ပေတော့သည် တကား။
          ကျွန်ုပ်သည် အိန္ဒိယ၀န်ကြီးချုပ် မစ္စတာနေရူးနှင့် တွေ့သောအကြိမ်သည် လွန်စွာမှ နည်းပါးခဲ့၏။ သို့သော် ကျွန်ုပ်နှင့် နေရူးကိုတွဲ၍ တရုပ်၊ ဗမာ၊ အိန္ဒိယ သတင်းစာများက ဖေါ်ပြခဲ့ဖူးသည်။ တစ်ချို့သော သတင်းစာများထဲတွင် ကျွန်ုပ်အား “အိန္ဒိယစပ်စု” ဟူ၍ပင် ဘွဲ့ကမ္ပည်း ပေးထားသည်အထိ ဖြစ်နေပေ၏။
         

““၁၂ နှစ်တိုင် မမေ့နိုင်””


““၁၂ နှစ်တိုင် မမေ့နိုင်””

          ကျွန်ုပ်သည် မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)အတွက် ဂျပန်ယမ် ၁၀၀၀၀ လှူဒါန်း ခဲ့သည်။ ကိုယ့်မိတ်ဆွေတစ်ယောက်အနေနှင့်လည်း အလေးပြုခဲ့ပါသည်။ ထို့ကြောင့်လည်း လုပ်သင့် လုပ်အပ်သောကိစ္စ၀ိစ္စကြီးတစ်ခု ပြီးမြောက်သွား၍ လွန်စွာမှ ၀မ်းသာကြည်နူးနေမိလေသည်။
          ထို့နောက်ပိုင်းတွင်မူ ဂျပန်ပြည်၌ နေနိုင်ခွင့်ရှိသော အချိန်ပိုများကို ကျွန်ုပ်နှင့်အမျိုးတူသော တရုပ်အမျိုးသားများ၊ ဂျပန်ခေတ်ဝယ် ဗမာပြည်သို့ လာရောက်အုပ်ချုပ်ဖူးသည့် စစ်မှုထမ်းဟောင်း များ၊ ဂျပန်အမျိုးသား မိတ်ဆွေများနှင့် ထပ်မံ၍ တွေ့ရလေသည်။ သူတို့နှင့်တွေ့ဆုံခြင်းကား ကိုယ့်မိတ်ဟောင်း ဆွေဟောင်းများနှင့် တွေ့ရသကဲ့သို့ ဖြစ်နေလေသည်။ သူတို့နှင့်အတူ ကျွန်ုပ်သည် ဂျပန်ပြန်တစ်ပြည်လုံးကို လျှောက်၍ လည်ပတ်ကြ၏။
         

““တိုကျိုတွင် အတူတူ မျက်ရည်ကျခဲ့သည်””

““တိုကျိုတွင် အတူတူ မျက်ရည်ကျခဲ့သည်””

          ကျွန်ုပ်သည် အိန္ဒိယခေါင်းဆောင်ကြီး ဆူဘတ်ချန်ဒရာဘို့(စ်) အရိုးပြာကို ဂျပန်ပြည်မှ အိန္ဒိယသို့ယူဆောင်ရေးအဖွဲ့ထဲတွင် ပါဝင်လေသည်။ ထိုအချိန်တိုင်အောင် ကျွန်ုပ်က မစောင့်နိုင်ပေ။ ကိုယ်အလွန်ချစ်မြတ်နိုးသောမိတ်ဆွေတစ်ယောက်ကို တွေ့လိုသောဇောက ထိန်းမရအောင်ပင် ခံစားနေရပါသည်။
          ထို့ကြောင့်ပင် ကျွန်ုပ်သည် ဗမာပြည်ရှိ အိန္ဒိယသံရုံးသို့သွားပြီး အိန္ဒိယသံအမတ်ကြီးနှင့် တွေ့ကာ အကျိုးအကြောင်းကို ပြောပြပါသည်။ ပြောပြသည့်အကြောင်းအရာမှာ ““ကျွန်တော်ဟာ ဂျပန်ပြည်မျာရှိတဲ့ ဆူဘတ်ချန်ဒရာဘို့(စ်)အရိုးပြာကို အိန္ဒိယယူဆောင်လာတဲ့အခါမှာ နယူးဒေလီကို သွားပါမယ်။ ခုလည်း ကျွန်တော့်မိတ်ဆွေ ဆူဘတ်ချန်ဒရာဘို့(စ်)အရိုးပြာရှိတဲ့ ဂျပန်ပြည်ကိုလည်း တစ်ခေါက်လောက်သွားပြီး အလေးပြုချင်ပါတယ်။ ဒါ့ကြောင့် သံအမတ်ကြီးက ထောက်ခံစာရေးပြီး ဂျပန်ပြည်မှာရှိတဲ့ အိန္ဒိယသံရုံးကို သံကြိုးစာတစ်စောင်ရိုက်ပေးစေလိုပါတယ်”” ဟူ၍ ပြောပြလေသည်။
         

““ကြုံခဲ့ရသည်””


““ကြုံခဲ့ရသည်””

          အိန္ဒိယ၀န်ကြီးချုပ် မစ္စတာနေရူးသည် အိန္ဒိယပြည်သို့ ပြန်၍သွားလေပြီ။ သည့်နောက် ၂-ရက်အကြာတွင် ကျွန်ုပ်သည် မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)၏အရိုးပြာအိုး အိန္ဒိယပြည်သို့ ယူဆောင်လာရေးကိစ္စနှင့်ပတ်သက်၍ ဗမာပြည်ရှိအိန္ဒိယသံရုံးသို့ သွားရောက်မေးမြန်းစုံစမ်းကြည့် လေသည်။
          ထိုအခါ အိန္ဒိယသံရုံးရှိ ပထမအတွင်းဝန် (D.Muruge San) က ကျွန်ုပ်အား စကားပြန်နှင့် ပြန်လည်၍ ပြောကြားသည့်စကားမှာ ““ကျွန်တော်တို့ခေါင်းဆောင်ကြီး ဆူဘတ်ချန်ဒရာဘို့(စ်)ကို အလေးထားတဲ့မိတ်ဆွေအား အထူးပဲကျေးဇူးတင်ရှိပါတယ်။ ဆူဘတ်ချန်ဒရာဘို့(စ်) အရိုးပြာကို သွားရောက်ယူငင်တဲ့အခါမှာ မိတ်ဆွေလည်း လိုက်ပါရန် ကြိုတင်ပြီး အကြောင်းကြားပါ့မယ်”” ဟူ၍ ပြန်ပြောပါသည်။
         

““အိန္ဒိယသံရုံးသို့ပို့သည့် စာတစ်စောင်””


““အိန္ဒိယသံရုံးသို့ပို့သည့် စာတစ်စောင်””

          အချိန်တို့သည် တရွေ့ရွေ့ဖြင့်ကုန်လွန်လာခဲ့၏။ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ ကမ္ဘာလောက ကြီးသည် အခြေအနေပြောင်းနေ၏။ အဟောင်းအဟောင်းတို့သည် ပျက်ပြုန်းပြီး အသစ်အသစ်တို့ ထပ်မံ၍ဖြစ်နေကြသည်။ သို့တိုင်အောင် ကျွန်ုပ်တို့သည် မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)ကို မမေ့။ အချိန်ပြည့် သတိရလျက်ပင်ရှိနေသေးသည်။
          ဆူဘတ်ချန်ဒရာဘို့(စ်)ကို လွမ်းဆွတ်သတိရလေတိုင်း သူ့အကြောင်းကို စုံစမ်းကြည့်လေသည်။ ကျွန်ုပ်အဖို့ ဤသည်ကပင်လျှင် အလုပ်ဝတ္တရားသဖွယ်ဖြစ်၍ နေလေ၏။