Saturday, September 11, 2010

““ပြန်လည်ဆုံစည်းမိခြင်း””


““ပြန်လည်ဆုံစည်းမိခြင်း””

          ၁၉၄၅-ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ဤသုံးလအတွင်းဝယ် ဗမာပြည် အနယ်နယ်အရပ်ရပ်၌ရှိသော ဗမာ တရုပ် အိန္ဒိယအမျိုးသားများသည် ရန်ကုန်မြို့ပေါ်သို့ တော်တော်များများလေး ပြန်ရောက်လာကြပြီဖြစ်၏။ ထို့ကြောင့်ပင် ရန်ကုန်မြို့ကြီးသည်လည်း အတော်ပင် လူစည်ကားစပြုလာလေပြီ။
          ကျွန်ုပ်သည်လည်း ကိုယ်၏မိတ်ဆွေဟောင်းများနှင့် ပြန်လည်တွေ့ဆုံခြင်း ထမင်းစားပွဲ ကြီးတစ်ခုဖြစ်မြောက်ရန် စီစဉ်ပါ၏။ စီစဉ်သည့်အချိန်က ဒီဇင်ဘာလနောက်ဆုံးပတ်။ အကြောင်းကြောင်း အထွေထွေကြောင့် ဤအပတ်တွင်မဖြစ်မြောက်ခဲ့ပေ။
          ၁၉၄၆-ခု ဇန်န၀ါရီလ ၅-ရက်နေ့တွင် ဗမာ တရုပ် အိန္ဒိယအမျိုးသား မိတ်ဆွေဟောင်းများ နှင့် ပြန်လည်တွေ့ဆုံခြင်း ထမင်းစားပွဲကြီးကို ကျွန်ုပ်ပိုင် လန်ထောင်ဟော်တယ်ကြီးဝယ် တစ်ခမ်းတစ်နားကျင်းပခဲ့လေသည်။
          
ဗမာ တရုပ် အိန္ဒိယအမျိုးသား စုစုပေါင်းမိတ်ဆွေများ ၂၀၀-၃၀၀ခန့် တက်ရောက် အားပေးကြလေသည်။ တချို့ စစ်အတွင်းက သေဆုံးပျက်ပြုန်းသွားသော မိတ်ဆွေများကိုကား မတွေ့ရတော့ပေ။ အင်္ဂလိပ်အမျိုးသားမိတ်ဆွေများပင် တက်ရောက်သည်ကို တွေ့မြင်ရလေသည်။ ကိုယ့်မိတ်ဆွေတော်တော်များများကို ပြန်လည်၍ တွေ့မြင်ရသဖြင့် ၀မ်းသာမိပါသည်။

No comments:

Post a Comment