Thursday, August 26, 2010

ရန်အောင်၏အမှာ

ရန်အောင်၏အမှာ
““စာများများရေးခြင်းသည် စာရေးဆရာ၏ တာဝန်ဝတ္တရားတည်း””ဟူသောဆောင်ပိုဒ်ကို လက်ကိုင်အမြဲ သုံးစွဲဆောင်ရွက်ခဲ့သော ကျွန်တော်သည် တတ်နိုင်သမျှ စာများများရေးခဲ့၏။
ထို့ကြောင့် ကျွန်တော့်၏စာရေးသက် အနှစ် ၄၀အတွင်း ၀တ္ထု ဆောင်းပါး၊ ကဗျာစသည့် စာပေ အတော်များများ ထွက်ပေါ်ရခြင်းဖြစ်၏။
ကျွန်တော်ကိုယ်တိုင် စာရေးရုံသာလျှင်မက အခြားသူများစာရေးဖြစ်အောင်လည်း တတ်နိုင်သမျှ တိုက်တွန်း နှိုးဆော်သွေးထိုးပေးခဲ့ပေသည်။ သာဓကပြရလျှင် လွန်ခဲ့သည့် ၁၉၅၃ခုနှစ်၊ ဇူလိုင်လထုတ်မြ၀တီမဂ္ဂဇင်းတွင် ထည့်သွင်းရန်စာမူများကို ကျွန်တော်ရှာဖွေစုဆောင်းနေစဉ်တွင် ၀န်ကြီးဟောင်းဦးဘဂျမ်းထံသို့ သွားရောက်တွေ့ ဆုံသည်။
ဗိုလ်ချုပ်တို့ကျဆုံးသည့်အချိန်က ဦးဘဂျမ်းမှာ ၀န်ကြီးဖြစ်လျက် ဗိုလ်ချုပ်တို့ကျဆုံးသည့် အတွင်းဝန် ရုံးခန်းတွင်ပင်ရှိရာ ဦးဘဂျမ်းမှာ ကံကောင်းထောက်မသည့်အတွက် အသက်မသေကျန်ရှိနေရသူဖြစ်၏။

မိတ်ဆက်

မိတ်ဆက်

ဦးစပ်စု၏ “ထူးတဲ့စပ်စု” စာအုပ်တွင် ကျွန်တော်က မိတ်ဆက် အမှာစာရေးသားရန် တာဝန်ကျသဖြင့် ဤစာအုပ်မည်သို့ ဖြစ်ပေါ်လာရသည်ကို စာဖတ်သူပရိသတ်တို့အား အမှာစာအားးဖြင့်ဖေါ်ပြလိုပါသည်။
ကျွန်တော်နှင့်ဦးစပ်စု၊ ကျွန်တော်နှင့် ဆရာကြီးဦးရန်အောင်တို့မှာ တဦးနှင့်တဦး အတော်ပင် ရင်းနှီးကြသော မိတ်ဆွေများဖြစ်ကြပါသည်။
ဆရာကြီး ဦးရန်အောင်ဆိုလျှင် ၁၉၄၃ ခုနှစ် ဂျပန်ခေတ်က ကြားတောရလမ်းတွင် စာအုပ်ဆိုင် ဖွင့်ထားစဉ် အခါကပင် ရင်းရင်းနှီးနှီး သိသကဲ့သို့ ထိုအချိန်လောက်ကပင် တရုပ်အမျိုးသား ဗြန်ဟပ်ဘွေ အသင်းကြီး၌ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နေသော ဦးစပ်စုကို သိခဲ့ရပါသည်။

ဦးစပ်စု၏ထူးတဲ့စပ်စု ပထမတွဲ မျက်နှာဖုံး နှင့် ရှေ့ဆုံးစာမျက်နှာ