ရှာမှရှားသောဆာဦးသွင်
၁၉၄၅-ခုနှစ်၊ မေလ ၁-ရက်နေ့တွင် ရန်ကုန်မြို့ကိုသိမ်းပြီးကြောင်း ဗိုလ်နေ၀င်းက အသံလွှင့်ရုံမှ ကြေညာသည်။ ဤမေလ၌ပင် ဖဆပလအဖွဲ့ကြီးကို လူသိနတ်ကြား ထင်ရှားစွာဖွဲ့စည်းလိုက်လေသည်။ ပြီးနောက်တဖန် ဗိုလ်ချုပ်အောင်ဆန်းဦးစီးခေါင်းဆောင်သော ကော်မီတီတစ်ရပ်ကိုဖွဲ့စည်းလိုက်လေသည်။ ပထမအကြိမ် နေသူရိန်လူထုစည်းအဝေးပွဲကြီးခေါ်လိုက်သည်။ ဤစည်းဝေးပွဲကြီးမှာ အမျိုးသားအစိုးရဖွဲ့စည်းရေး လုံးဝလွတ်လပ်ရေးစသည့်အဆိုများ တင်သွင်းဆုံးဖြတ်ကြသည်။ ကန်တော်ကြီးစောင်း နေသူရိန်ဇာတ်ရုံကြီးတွင် ဆုံးဖြတ်ကြသည်။ ယင်းဆုံးဖြတ်ချက်များသည် မြန်မာနိုင်ငံရေးရာဇ၀င်၌ နေသူရိန်ဆုံးဖြတ်ချက်များအဖြစ်နှင့် ထင်ရှားနေလေ၏။
Wednesday, September 8, 2010
Tuesday, September 7, 2010
လမ်းမတော်ဦးစပ်စု
လမ်းမတော်ဦးစပ်စု
ကျွန်ုပ်တို့နေထိုင်သော လမ်းမတော်ရပ်ကွက်တွင် နှစ်စဉ်နှစ်တိုင်း ရှင်ဥပဂုတ်ပူဇော်ပသပွဲကို ပြုလုပ်လေ့ရှိသည်။ ဖက်ဆစ်ဂျပန်ခေတ်ဆိုးကြီးဝယ် အခြေအနေအရမပြုလုပ်နိုင်ခဲ့ပေ။
၁၉၄၅-ခု ဒီဇင်ဘာလ ၂၅-ရက်နေ့တွင် လမ်းမတော်ရပ်ကွက်ရှိ လူကြီးလူကောင်းများဖြစ်ကြသော ဦးပွား၊ ဦးမောင်ကြီး၊ ဦးသောင်း၊ ဦးချစ်ထွန်း၊ ဦးညွန့်တင်၊ ဦးသာမောင်၊ ဦးဘိုးဆွေ၊ ဦးကျော်ခင်၊ ဦးဘချစ်တင် (ရုပ်ရှင်မင်းသားဗဂျီအောင်စိုး၏ဖခင်)၊ ဦးကျစ်ဘိန်တို့လာရောက်ကြသည်။ သူတို့က အကူအညီ တောင်း၍ ငွေငါးရာပါဝင်ကူညီလိုက်ရလေသည်။ သူတို့သည် ရှင်ဥပဂုတ်ပူဇော်ပွဲ၌ ရာမဇာတ်ပွဲကို စပြီးကပြ လေပြီ။

သူလျှိုတစ်ဦး
သူလျှိုတစ်ဦး
၁၉၄၅-ခုနှစ်၊ ဧပြီလ ၂၈-ရက်။
ဤနေ့တွင် ကျွန်ုပ်အဖို့ အရေးကြီးသောကိစ္စတစ်ခုကြုံရပြန်သည်။ ဧပြီလ ၂၃-ရက်နေ့မှ ၂၈-ရက်နေ့အထိ ဤခြောက်ရက်အတောအတွင်း ဂျပန်စစ်သားများရန်ကုန်မြို့မှထွက်ခွာသည်မှာ ကုန်သလောက် ရှိနေချိန်ဖြစ်လေသည်။ နေ့စဉ်နေ့တိုင်း မဟာမိတ်လေယာဉ်ပျံများကပျံသန်းဝဲနေ၏။ သို့သော် ဗုံးကိုကား တစ်လုံးမျှမချပါပေ။
ဧပြီလ ၂၈-ရက်နေ့ ညနေသုံးနာရီနှင့် လေးနာရီအချိန်တွင် အင်္ဂလိပ်ဖက်မှ တရုပ်သူလျှိုတစ်ဦး ကျွန်ုပ်တို့တရုပ်အမျိုးသားဗြန်ဟတ်ဘွေအသင်းကြီးသို့ ရောက်ရှိလာလေသည်။ သူသည် ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်နှင့် လုပ်ငန်းစဉ်ကိုသိနှင့်ထား၍လောမသိ ...

ရန်ကုန်မြို့ကြီးပြာဖြစ်တော့မည့်အရေး
ရန်ကုန်မြို့ကြီးပြာဖြစ်တော့မည့်အရေး
၁၉၄၅-ခုနှစ်၊ ဧပြီလ ၂၁-ရက်နေ့၊ ညနေပိုင်းတွင် ယခုလက်ရှိတိုက်အမှတ် (၁၂၅)လသာလမ်း၊ (လသာရဲဌာနနှင့်မျက်စောင်းထိုး) တရုပ်အမျိုးသားသူဌေးကြီး ဦးကေဘာကြီး၏လေးထပ်တိုက်ကို ဂျပန် ရေတပ်မတော်မှ ရုံးလာဆိုက်လေသည်။ ကျွန်ုပ်တို့သည် အခြေအနေကို လေ့လာစုံစမ်းကြည့်လေသောအခါ ဂျပန်ကုန်းတပ်သည် အကုန်လုံးထွက်ပြေးကာနီးလေပြီ။ ထို့ကြောင့် ဂျပန်ရေတပ်မတော်အား ရန်ကုန်မြို့ တစ်မြို့လုံးဖျက်ဆီးပစ်ရန် တာဝန်ပေးပြီးဖြစ်လေ၏။

ဦးဗဆွေဂျပန်လက်မှလွတ်မြောက်လာပုံ
ဦးဗဆွေဂျပန်လက်မှလွတ်မြောက်လာပုံ
၁၉၄၅-ခုနှစ် ဖေဖေါ်ဝါရီလတွင်ဖြစ်သည်၊ တိုင်းပြည်ကသိသောဂျပန်တော်လှန်ရေးကမပြုလုပ်ရသေး။ ထိုစဉ်က ဦးဗဆွေ(ယခု ဖ-ဆ-ပ-လ ဥက္ကဋ္ဌကြီး)သည် ကေဗိုတိုင်ချုပ်ဖြစ်လေသည်။ ကျွန်ုပ်က ဦးဗဆွေ၏ လက်ထောက်ဖြစ်ခဲ့ရသည်။ ဦးဗဆွေကိုဂျပန်များကမသင်္ကာ၍ ဖမ်းဆီးချုပ်နှောင်ထားလေသည်။
ဦးဗဆွေဂျပန်လက်ကလွတ်မြောက်ရန် အရေးကြီးနေသည်။ အဓိပတိဒေါက်တာဘမော်၊ ဗိုလ်ရန်နိုင်၊ သခင်မြ(ဒုတိယ၀န်ကြီးချုပ်)၊ သခင်နု(နိုင်ငံခြားရေးဝန်ကြီး)နှင့်ပီကေချောင်း (ဗြန်ဟတ်ဘွေအသင်းကြီး၏ ဥက္ကဋ္ဌနှင့်ဒုတိယကေဘိုတိုင်ချုပ်) ဤသူများက ဦးဗဆွေလွတ်မြောက်ရန်အတွက် အမျိုးမျိုးကြိုးပမ်းနေချိန် ဖြစ်လေ၏။

တရုပ်ပုံပြင်မှဟန်စင်
တရုပ်ပုံပြင်မှဟန်စင်
ရှေးခေတ်တရုပ်ရာဇ၀င်ကို နောက်ကြောင်းလှန်၍ကြည့်ပါလျှင် စစ်ပွဲပေါင်းမြောက်မြားစွာရှိသည်ကို တွေ့ရ၏။ ထိုစစ်ပွဲကြီးများရှိသည့်အနက် နံမည်ကျော်လူသိများသောစစ်ပွဲသုံးခုမှာ လူပေါင်းလေးသိန်းငါးသောင်း လည်ပြတ်ပြီးသေခဲ့ရသော ““ဂျင်းတိုတိုက်ပွဲကြီး””၊ လူပေါင်းသုံးသိန်းကျော်သေခဲ့ရသော ““ဆော်ဟန်တိုက်ပွဲ””၊ လူပေါင်းရှစ်သိန်းနှင့်သုံးသောင်းကျော် သေရွာသို့မြန်းခဲ့ရသော ““ချစ်ဖိတ်တိုက်ပွဲ””(သုံးပြည်ထောင်စစ်ပွဲကြီး) တို့ဖြစ်လေသည်။

ဤစာအုပ် (ဒုတိယတွဲ ဦးရန်အောင်၏အမှာ)
ဤစာအုပ်
၁၉၅၉-ခုနှစ်တွင် ဦးစပ်စု၏ “ထူးတဲ့စပ်စု”အမည်ရှိစာအုပ် ပထမတွဲကို ထုတ်ဝေခဲ့ဖူးသည်။
ထိုစာအုပ်ထုတ်ဝေရန်အတွက် ဦးစပ်စုက သူ့ကိုယ်တွေ့ဖြစ်စဉ်ဖြစ်ရပ်များကို လုံးစေ့ပတ်စေ့ စိတ်ရှည်လက်ရှည်ပြောပြသည်။ ယင်းသို့ ဦးစပ်စုပြောသည်ကို မောင်လေးကရေးသားရာ ကျွန်တော်က ပြင်ဆင်တည်းဖြတ်ပေးခဲ့သည်။

တရုပ်ပုံပြင်မှဟိုင်စင်
တရုပ်ပုံပြင်မှဟိုင်စင်
ယခုတဖန် သည်းခံ၍ အနိုင်ရမှုဆိုသည့် တရုပ်ရာဇ၀င်ပုံပြင်ကလေးတစ်ခုကို ရှင်းလင်းတင်ပြ ဥပမာပေး ပြော၍ ရေးသားပါရစေဦး၊ စာရှုသူ.. ဒီရာဇ၀င်တရုပ်ပုံပြင်ကလေးကတော့..
လွန်ခဲ့သည့် အနှစ် ၂၄၀၀-လောက်က မြို့တစ်မြို့မှာ ပွဲတစ်ခုကျင်းပကပြတယ်။ လူပေါင်း များစွာလာကြည့်ကြတယ်။ ဒီလိုလာကြည့်ကြသည့်လူတွေထဲမှာ လူတစ်ယောက်၏နာမည်က ဟိုင်စင် လို့ခေါ်တယ်။ သူဟာ ပိန်ပိန်ပါးပါး၊ လူကလည်းခပ်ပျော့ပျော့၊ လမ်းလျှောက်သည့်အခါမှာလည်း ဟိုယိုင်ဒီယိုင်ဖြစ်နေသည့်အတွက်ကြောင့် ဒီလိုလူစားမျိုးဟာ ကြက်တစ်ကောင်တောင်နိုင်မှာ မဟုတ်ပါဘူးလို့ ရွာသူရွာသားအများအပြားဟာ ကဲ့ရဲ့ပြောဆိုကြတယ်။ ပွဲကိုလာကြည့်ကြသည့်

ယမ်းတောင့်ကျည်ဆန်နှင့်တူသောကျွန်ဘဝ
ယမ်းတောင့်ကျည်ဆန်နှင့်တူသောကျွန်ဘဝ
ကျွန်ုပ်တို့တတွေ သူတစ်ပါး၏လက်အောက်မှာ နေခဲ့ရသည့်အခါက ဘာနှင့်သဏ္ဍာန်တူသလဲ ဆိုတော့ ယမ်းတောင့်ကျည်ဆန်နှင့်အင်မတန်မှတူပါသည်။ အုပ်ချုပ်သည့်သူကတော့ သေနတ်နှင့် တူပါသည်။ ကျည်ဆန်ဟာ သေနတ်ထဲကိုထည့်ပြီးထားလိုက်လျှင် သေနတ်ကိုင်ထားသူ၏လက်မှ သေနတ်ထဲကကျည်ဆန်ဟာ ဘယ်ကိုလှည့်ပြီးပစ်ပစ် ကျည်ဆန်ဟာထွက်ရမှာပါပဲ။ ဒါတင်မကသေး ပါဘူး။ ကျည်ဆန်ဟာ သေနတ်ထဲမှာနေရ၍ အုပ်ချုပ်သူ၏လက်ထဲကကိုင်ထားသည့်သေနတ်ဟာ ကျွန်ုပ်၏ဆွေမျိုးမိဘ ညီအစ်ကိုမောင်နှမမိတ်ဆွေသူငယ်ချင်းများဘက်ကိုပဲလှည့်၍ ခလုပ်ဆွဲပြီးပစ် လိုက်တော့ ကျည်ဆန်ဟာမထွက်ပဲမနေနိုင်ပါဘူး။ ထွက်ရမှာပါပဲ။ ဒါကတော့ကျည်ဆန်၏အပြစ် မဟုတ်ပါဘူး။ သေနတ်ကိုင်ထားတဲ့အုပ်ချုပ်သူ၏အပြစ်သာဖြစ်ပါသည်။

ဖာစပ်စုဘ၀မှလွတ်ခဲ့ရခြင်း
ဖာစပ်စုဘ၀မှလွတ်ခဲ့ရခြင်း
အကယ်၍သာ ဒီလိုဂျပန်ကင်ပေတိုင်နှင့် သခင်စံဝေတို့ပစ်ခတ်မှုကြီးဟာ ဂျပန်တစ်ဦးသေ၍ အင်မတန်မှအရေးကြီးသည့်အမှုကိစ္စကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ရပါလျှင် ဗိုလ်အောင်ဆန်းဟာ ကျွန်ုပ် ဦးစပ်စုအပေါ်ကို ဘယ်လောက်စိတ်နာမယ်၊ စိတ်ဆိုးမယ်၊ ဒေါသဖြစ်မယ်ဆိုတာကို ကျွန်ုပ်ဟာ မပြောတတ် မတွေးဝံ့တတ်တော့ပါဘူး။ ကျွန်ုပ်အပေါ်ကိုလည်း သူမိန့်ခွန်းပြောသည့်အခါမှာ အမြဲတမ်း ပါလေ့ရှိသည့် ဖာနိုင်ငံ..ဖာနိုင်ငံဆိုသည့်စကားလုံးဟာ ပျောက်ကွယ်ပြောင်းသွားပြီး၊ ဖာစပ်စု၊ ဖာဟော်တယ်၊ ဖာမသောင်း၊ ဖာဆရာမ၊ ကုလားဆင်နှင့်တူသည့် ဖာကုလားမတို့လုပ်လို့ ငါ့တော်လှန်ရေးကြီးဟာ မစမီအတွင်း ပျက်စီးသွားရတာပါပဲလို့ မိန့်ခွန်းပြောသည့်အခါမှာ အမြဲတမ်း ပါနေမှာပါပဲ။

Monday, September 6, 2010
ခြောက်လုံးပြူးစပ်စု။ ခြောက်လုံးပြူးမှုကြီး
ခြောက်လုံးပြူးစပ်စု
ဒီအချိန်ဒီအခါတုန်းက ကျွန်ုပ်၏ဟော်တယ်အပေါ်ထပ်၊ အလယ်ထပ်၊ အောက်ထပ်မှ လာပြီးကြည့်ကြသည့်လူတွေရော လမ်းမကြီးပေါ်မှာကြည့်ကြသည့်လူတွေရော ““ဦးစပ်စုဟာ အင်မတန်မှ သတ္တိကောင်းတယ်၊ သတ္တိရှိတယ်။ ယခုခြောက်လုံးပြူးကိုင်ထားတဲ့လူကို သူ့လက်မှာဘာမျှမပါပဲနှင့် ခြောက်လုံးပြူးကိုဝင်လုတယ်၊ သိပ်ကိုသတ္တိရှိတယ်””။ ဒါကြောင့်မို့လာကြည့်ကြသည့်လူတွေဟာ ခြောက်လုံးပြူးကိုဝင်လူသည့်သတ္တိကြောင့် ကျွန်ုပ်ကိုလူစွမ်းကောင်းစပ်စု၊ ခြောက်လုံးပြူးစပ်စုလို့

နှစ်သစ်ကူးထမင်းစားပွဲသေနတ်သံ
နှစ်သစ်ကူးထမင်းစားပွဲသေနတ်သံ
ဟိုစဉ်အချိန် ဂျပန်ခေတ်အခါက ကုန်စည်ကြီးကြပ်သည့်သူများဟာ အများအပြားခါးထဲမှာ အမြဲတမ်းခြောက်လုံးပြူးထိုးထားတာကို တွေ့ရှိရပါသည်။ ဒီအတွက်ကြောင့် ကျွန်ုပ်၏ဟော်တယ် သုံးထပ်ပေါ်မှာ တရုပ်အမျိုးသားနှစ်သစ်ကူး ထမင်းစားဧည့်ခံကျွေးမွေးပွဲ၌ ပစ်ခတ်မှုကြီးတစ်ခု ပေါ်ပေါက်လာခဲ့ရပါသည်။ အကြောင်းကတော့ဒီလိုပါ။ ကျွန်ုပ်၏နှစ်သစ်ကူးထမင်းစားပွဲမှာလိုသည့် ကြက်၊ ၀မ်းဘဲများဝယ်ယူဖို့ဟာကို ကုန်စည်ကြီးကြပ်မှုညွှန်ကြားရေးဝန်ဦးကိုကိုထံကိုသွားပြီးတော့ အကူအညီတောင်းတယ်။ ဦးကိုကိုကလည်းကျွန်ုပ်ကို ကြက်ဝမ်းဘဲဝယ်ယူဖို့ လက်မှတ်တစ်စောင်

Subscribe to:
Posts (Atom)