နှစ်သစ်ကူးကန်တော့ပွဲ
မြန်မာထုံးတမ်းစဉ်လာကတော့ သီတင်းကျွတ်လျှင် လူကြီးမိဘဆရာသမားလူကြီးလူကောင်း များကို ကန်တော့ရသကဲ့သို့ တရုပ်အမျိုးသားထုံးစံမှာလည်း နှစ်သစ်ကူးလာရင် လူကြီးလူကောင်း များကိုကန်တော့ရပါသည်။ ၁၉၄၅-ခုနှစ် ဖေဖေါ်ဝါရီလ ၁၄-ရက်နေ့တွင် ကျွန်ုပ်တို့တရုပ်အမျိုးသား နှစ်သစ်ကူးနေ့ဖြစ်နေတယ်။ ဗြန်ဟတ်ဘွေအသင်းကြီးဥက္ကဋ္ဌပီကေချောင်းဟာလည်း နှစ်စဉ်နှစ်တိုင်း ဒီလိုပဲကန်တော့ဖို့စီစဉ်ပါတယ်။ စားစရာသောက်စရာများကိုယူသွားပြီး လူကြီးလူကောင်းများကို အမြဲတမ်းလျှောက်ကန်တော့ကြပါသည်။ ဒီထုံးစံကိုတော့ဘယ်တော့မှမဖျက်ခဲ့ပါဘူး။
Sunday, September 5, 2010
သေဘေးမှသီသီကလေးလွတ်ခြင်း၊ ကျောက်ဖရုံယိုစပ်စု၊ တရုပ်စကားပုံ။
သေဘေးမှသီသီကလေးလွတ်ခြင်း
ကျွန်ုပ်နှင့်ဆရာမမခင်မူဟာလည်း သုံးဆယ်ကဆရာမ ၂-ယောက်ကို လက်ဆောင်တွေ ၀င်ပေးပြီး၊ စစ်ကွင်းမင်းလှဘက်ကို မော်တော်ကားဦးတည်ပြီး ထွက်လာခဲ့ပါတယ်။ ကျွန်ုပ်တို့ စီးနင်းလိုက်ပါလာသော ဘောက်ဆောအနက်ရောင်ကားကလေးမှာ စစ်ကွင်းရေနံပိုက်အနီးသို့ ရောက်ရှိသောအခါ ကျွဲညီနောင်ခေါ်ရန်သူအင်္ဂလိပ်လေယာဉ်ပျံဟာ စစ်ကွင်းရေနံပိုက်ကို အကြီးအကျယ် ဗုံးချ၍စက်သေနတ်ဖြင့်လာပစ်တယ်၊ ဆရာမမခင်မူနှင့်ကျွန်ုပ် အတူတူစီးနင်းလိုက်ပါလာသော ကားကလေးဟာ ကံကောင်းထောက်မ၍သီသီကလေးလွတ်သွားပါသည်။ ကျွန်ုပ်တို့ကလည်း

ဦးစပ်စုနှင့်ဆရာမများ
ဦးစပ်စုနှင့်ဆရာမများ
ကော်မရှင်နာလမ်း(ယခုဗိုလ်ချုပ်လမ်း) ဆေးရုံကြီးနှင့်မျက်နှာချင်းဆိုင်အဆောက်အဦကို ဟိုတုန်းက ဆရာဖြစ်သင်ကောလိပ်ဖွင့်ထားပါသည်။ ဆရာဖြစ်သင်ကောလိပ်မှာ ကျောင်းအုပ်ဆရာကြီးက ဦးဘ(ယခုပညာမင်းကြီး)နှင့် ကျောင်းဆရာဦးအောင်ကြီး၊ ဆရာမဒေါ်အေးကြည်၊ ဒေါ်ရီရီ၊ ဆရာမ မခင်မူ၊ မ၀င်းမေတို့ကကျွန်ုပ်ကိုလာပြောပါသည်။ ကျွန်ုပ်တို့ကျောင်းမှာ လက်ဖက်ရည်ဆိုင်တစ်ခု ဖွင့်ထားပါသည်။ ဆရာကြီး၊ ဆရာမများနှင့်ကျောင်းသူကျောင်းသားများသောက်ဖို့ သကြား၊ ဆပ်ပြာ၊ လဖက်ခြောက်၊ အ၀တ်အစားများပါလာရောက်ပြီး ဖြန့်ချီပေးပါလို့ကျွန်ုပ်ကိုလာပြောတယ်။ ကျွန်ုပ်က စဉ်းစားကြည့်တယ်။ သူတို့လာပြောသည့်နေရာဟာ ကျွန်ုပ်ရပ်ကွက်မဟုတ်ပါဘူး၊ သို့အတွက် ကျွန်ုပ်ကလည်း တတ်နိုင်သလောက်ကူညီကြိုးစားပေးပါ့မယ်လို့ပြောဆိုလိုက်ပါတယ်။

ဒေါ်မေမေခင်၏သေတ္တာ
ဒေါ်မေမေခင်၏သေတ္တာ
မြစ်ဝကျွန်းပေါ် ဖျာပုံမြို့မှာ မပြီးပြတ်သေးသည့် အရေးကြီးတဲ့ကိစ္စတစ်ခုဟာ ဗြန်ဟတ်ဘွေအသင်းကြီးသို့ ဗိုလ်ချုပ်အောင်ဆန်းလာပြီးမိန့်ခွန်းပြောတာကို သတင်းစာအသီးသီးမှာ ဖတ်လိုက်ကြရတော့ အလိုလိုပြေရှင်းသွားပါသည်။ အကြောင်းရင်းကိစ္စကတော့ဒီလိုဖြစ်နေတာပါ။ လွန်ခဲ့သည့်အနှစ် ၂၀-ကျော်က ဟိုက်ကုတ်တရားလွှတ်တော်ချုပ်တွင် ၀န်ထောက်ဖြစ်ခဲ့သူ ပညာရှိ မြန်မာအမျိုးသမီးဒေါ်မေမေခင်နှင့် သူ၏အမေဒေါ်ချစ်ချစ်တို့သားအမိနှစ်ယောက်သည် စစ်ကိုင်းမှ ရန်ကုန်ကိုပြန်လာတဲ့အခါ၊ ချိ(ပ်)လမ်း ဦးဘ၀င်းနေအိမ်မှာတည်းနေကြပါသည်။
ကျွန်ုပ်ဟာလည်း သူတို့သားအမိနှစ်ဦးထံကိုသွားပြီး ““စစ်ကိုင်းမှပြန်လာတာ နေထိုင်ကောင်း မွန်ကြပါရဲ့လား””လို့မေးတယ်။ ဟိုစဉ်အခါတုန်းက ရန်ကုန်မြို့ဟာလည်း ဗုံးအများကြီးအချခံရတယ်။ သူ့အမေကလည်းအသက်ကြီးပြီ၊ သူကလည်းအပျိုကြီးဖြစ်တယ်။ အရေးအကြောင်းရှိလျှင်အားကိုး ရမည့်သူတစ်ယောက်မှမရှိပါဘူး။

တစ်နှင့်တူသောဗိုလ်ချုပ်အောင်ဆန်း
ကျွန်ုပ်ဟာ ဒီကိစ္စနှင့်ပတ်သက်၍ဦးနှောက်ခြောက်ပြီး ဟိုလျှောက်ဒီလျှောက်နှင့် အမြဲသွားပြီး စဉ်းစားနေပါတယ်။ အဲဒီလို ဟိုလျှောက်ဒီလျှောက်စဉ်းစားနေသည့်အခါမှာ ကောင်လေးတွေတစ်စုဟာ ၂၁ ကစားနေတာကိုသွားတွေ့တယ်။ ဒီအထဲမှာ ကောင်လေးတစ်ကောင်ဟာ တစ်အမြဲပါပါတယ်။ ကစားတာကလည်း လည်တယ်။ ဒီတစ်ဟာ ဘာနှင့်တွဲပြီးတော့ကစားရကစားရ ဘာမှကြောက်စရာ မလိုဘူးပေါ့။ ကျွန်ုပ်ကလည်းဒီတော့သွားစဉ်းစားမိတယ်။ ဒီတစ်ဟာဘာနဲ့တူသလဲဆိုတော့ ဗိုလ်အောင်ဆန်းနဲ့သွားတူတယ်။ ဗိုလ်အောင်ဆန်းကိုတိုင်းပြည်လူထုဟာ အားလုံးကြည်ညိုတယ်။ တပ်မတော်သားတွေမှန်သမျှဟာလည်းကြည်ညိုတယ်။ ကျွန်ုပ်ဟာ အကြံဉာဏ်ရပါပြီ။ ဗိုလ်အောင်ဆန်း က

ဖိနပ်စပ်စု
ဖိနပ်စပ်စု
ဗမာ့ကာကွယ်ရေးတပ်မတော်သို့ ရန်ပုံငွေ ၅-သိန်းကိုပေးပြီး တာဝန်ကြီးတစ်ခုပေါ့သွား၍ အေးမယ်မှမကျန်သေးဘူး၊ ဖိနပ်စပ်စုအနေဖြင့် နောက်ထပ်အပူလုံးကြီးတစ်ခုဟာ ပေါ်ပေါက်လာပြန်ပါပြီ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ရန်ပုံငွေအတွက်မဟုတ်ပဲ နောက်ထပ်ကျွန်ုပ်ကိုခေါ်ပြီးတိုင်ပင်တယ်။ တော်လှန်ရေးဟာလည်း နီးကပ်နေပြီ။ တပ်မတော်သားများဟာ ဂျပန်နှင့်တိုက်ဖို့အတွက် ချုံတော ကိုင်းတောများကိုသွားရတော့မယ်။ သို့အတွက် ဖိနပ်မရှိလျှင်မဖြစ်နိုင်၍ ဦးစပ်စုဟာ ဖိနပ်ရဖို့ ဒီတစ်ခုတော့ထပ်ပြီးအကူအညီပေးပါဦးလို့ပြောတယ်။

စစ်ဝန်ကြီးရုံးအစည်းအဝေးတွင် ဦးစပ်စုအစွမ်းပြလိုက်ခြင်း

ကျွန်ုပ်သည် တရုပ်အမျိုးသားဗြန်ဟတ်ဘွေအသင်းကြီးမှ ကိုယ်စားလှယ်တစ်ယောက် အနေဖြင့် လည်းကောင်း၊ အခြားအသင်းအသီးသီးမှ ၀င်ရောက်၍လည်းကောင်း၊ ရန်ပုံငွေများကို အများဆုံး အတတ်နိုင်ဆုံးကူညီဆောင်ရွက်၍ ဗမာ့တပ်မတော်ကို ပေးခဲ့ပါသည်။ ကျွန်ုပ်တို့ဗြန်ဟတ်ဘွေအသင်း ကြီးက အခြားအသင်းများထက် ရန်ပုံငွေကိုသာ၍ကူညီပါဝင်သည့်အတွက် အမြဲတမ်းထိပ်ဆုံးက ဖြစ်နေပါသည်။ ရန်ပုံငွေကို သူများထက်ပိုထည့်တာကတစ်ကြောင်း၊ အခြားအသင်းအဖွဲ့များထက် သာတာကတစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းက ကျွန်ုပ်အားမိန့်ခွန်းစကားပြောခိုင်းတာကတစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကြွရောက်လာကြသည့်လူကြီးမင်းများက ကျွန်ုပ်ကို အားလုံးသဘောကျကြ ပါ၍ လူထုဟာရန်ပုံငွေများကို ပိုထည့်ကြပါသည်။

နာဂစပ်စု။ တရုပ်ပုံပြင်။
နာဂစပ်စု
သူ၏အိမ်ပုပုကလေးထဲမှာလည်း နာဂခေါင်းဆောင်တွေဆောင်းသည့် ဦးထုပ်တစ်လုံးရှိပါသည်။ ဒီဦးထုပ်ဟာ အင်မတန်မှလှ၍ အသစ်ကြီးလည်းဖြစ်နေပါတယ်။ ဦးတင်မောင်ကိုယ်တိုင် ဒီဦးထုပ်ကို ယူလာပြီးတော့ ကျွန်ုပ်ဦးခေါင်းမှာ လာဆောင်းပေးပါသည်။ ဒီနာဂဦးထုပ်ကလည်း ကျွန်တော့်ခေါင်းနှင့် အတော်ပါပဲ။ ဦးဝင်းမောင်ဟာ တစ်ခါတည်းဝမ်းသာအားရနှင့် နာဂစပ်စုဟာ စော်ဘွားစပ်စုထက် ပို၍ကြည့်ကောင်းတယ်။ တိုင်းပြည်ကသိအောင် ဘယ်လိုလုပ်မလဲလို့ ဦးဝင်းမောင်က ကျွန်ုပ်ကို မေးတယ်။ ကျွန်ုပ်ကလည်း

ကရင်စပ်စု
ကရင်စပ်စု
ကျွန်ုပ်ဟာ ဦးဝင်းမောင်သမတ မဖြစ်ခင်အချိန်က လွန်ခဲ့သည့် ၁၀-နှစ်လောက်မှာ ကရင် စပ်စုလို့တစ်ကြိမ်ဖြစ်ခဲ့ဖူးပါသေးသည်။ ဦးဝင်းမောင်ဟာ ကျွန်ုပ်နှင့်မယားညီအစ်ကိုတော်သူ မအူပင်ခရိုင် ခနောင်ထော်ရွာနေ ကရင်ရေးရာအရေးပိုင် ဦးလှကျော်နှင့် ညီအစ်ကိုလိုချစ်ခင်ကြပါသည်။ ကျွန်ုပ်ဇနီး မကျင်မြိုင်ကိုလည်း သူတို့ဟာ အင်မတန်မှချစ်ခင်ကြပါသည်။

Saturday, September 4, 2010
ဗမာ့တပ်မတော်ထောက်ပံ့ရေးကော်မီတီ ဦးစပ်စု
ဗမာ့တပ်မတော်ထောက်ပံ့ရေးကော်မီတီ ဦးစပ်စု
၁၉၄၄-ခုနှစ်အတွင်းမှာ ဗမာ့တပ်မတော်မှ တရုပ်အမျိုးသား ဗြန်ဟတ်ဘွေအသင်းကြီးကို စာတစ်စောင်အကြောင်းကြားပေးပို့လိုက်တယ်။ ဗမာ့တပ်မတော်က ပေးပို့အကြောင်းကြားလိုက်သည့် စာကတော့ အခြားမဟုတ်ပါ။ ဤအသင်းကြီးထဲမှ ကိုယ်စားလှယ်တစ်ဦးဟာ ဦးဝိစာရလမ်း စစ်ဝန်ကြီးရုံးမှာလာရောက်ပြီး ဗမာ့တပ်မတော်ထောက်ပံ့ရေးရန်ပုံငွေအတွက် တိုင်ပင်ဆွေးနွေးရန်ဖြစ်တယ် လို့ပါရှိပါတယ်။ ကျွန်ုပ်တို့ဗြန်ဟတ်ဘွေအသင်းကြီးဟာလည်း ဒီစာရောက်သည့်အချိန်မှာ အစည်းအဝေးကိုချက်ချင်းခေါ်လိုက်တယ်။ အစည်းအဝေးတက်ရောက်လာသည့် ကော်မီတီလူကြီးတွေဟာ ဗမာ့တပ်မတော်ကို ကိုယ်စားလှယ်လွှတ်ဖို့အကြောင်းကြားသည့်အခါ တစ်ယောက်ကိုတစ်ယောက်

အိမ်တော်နှင့်စ၀်ရွှေသိုက်
အိမ်တော်နှင့်စ၀်ရွှေသိုက်
ဒုတိယအကြိမ် ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်နှင့် မဟာမင်းကြီးဦးခင်မောင်ဖြူတို့ တောင်ကြီးမှရန်ကုန်သို့လာကြသည်။ ယခု သမတနေအိမ်တော်သို့ သွားရောက်၍တည်းခိုကြပါသည်။ ကျွန်ုပ်ဟာသူတို့လာမှန်းသိ၍ အဓိပတိအိမ်တော်ကိုသွားပြီးတော့တွေ့တယ်။ ဘာများအကြောင်းထူး လာပြန်သလဲဆိုတာကိုလည်း သွားမေးတယ်။ နောက် စ၀်ရွှေသိုက်က ပြောပြတယ်။ ဟိုစဉ်အခါ အိမ်တော်သို့ သူတို့နှစ်ဦးအားကျွန်ုပ်သွားတွေ့သည့်အခါမှာ ရန်သူလေယာဉ်ပျံလာ၍ ဥသြဆွဲထားပါ သော်လည်း ဦးခင်မောင်ဖြူနှင့် စ၀်ရွှေသိုက်တို့မျက်နှာမှာ ကြောက်စိတ်မရှိပဲ ပြုံးပြုံးရွှင်ရွှင် ရီရီမောမောနှင့်

Friday, September 3, 2010
စော်ဘွားစပ်စု။ ဂျပန်အဖမ်းခံရသည့်စော်ဘွား၆-ဦး
စော်ဘွားစပ်စု
လွန်လေပြီးသော ၁၉၄၃-ခုနှစ်၊ စက်တင်ဘာလ ၂၆-ရက်နေ့၊ ဂျပန်ကင်ပေတိုင်ချုပ် မတ်ဆူအိုကာ တပည့်တစ်ဦး၊ ဖေါ်မိုဆာစကားပြန်တစ်ဦး သူတို့နှစ်ဦးဟာ ကျွန်ုပ်၏ဟော်တယ်မှာ နေ့တိုင်း ၀င်ထွက်သွားလာပြီးတော့ စားသောက်နေကြပါတယ်။ ကျွန်ုပ်ဟာလည်း သူတို့နှစ်ဦးကို အထူးဂရုစိုက်၍ ဧည့်ခံကျွေးမွေးပါသည်။ ကျွန်ုပ်ဟာ မေးပါများစကားရဆိုသည့် မောင်ပေါက်ကျိုင်း ထုံးလိုသုံးသည့်အတွက်ကြောင့် ကျွန်ုပ်ကို သူတို့နှစ်ဦးကပြောပြပါသည်။ ရှမ်းပြည်တောင်ကြီးက စစ်ဗိုလ်ချုပ် အီးစီဘူလာဟာ မနက်ဖြန်ကာ စော်ဘွားကြီး၆-ဦးကို ရန်ကုန်သို့ခေါ်လာမည်။ ဒီစော်ဘွား ၆-ဦးကို ဂျပန်ကင်ပေတိုင် မသင်္ကာစရာအချက်တစ်ခုခုတော့ရှိလိမ့်မယ်လို့ထင်တယ်ဆိုတာကို ပြောသွားတယ်။

နုနှင့်ရီမင်္ဂလာဆောင်
နုနှင့်ရီမင်္ဂလာဆောင်
မောင်နုနှင့် မမြရီတို့မင်္ဂလာဆောင် လက်ထပ်သည့်နေ့ကျတော့ မြို့အုပ်ဦးဘအုန်းဟာ သူ့မော်တော်ကို သတို့သား သတို့သမီး ၂-ဦးစီးဖို့ပေးလိုက်တယ်။ နောက် သူတို့နှစ်ဦးဟာလည်း မော်တော်ကို မြန်မြန်မောင်းပြီး၊ ပန်းတနော်နားမှာရှိသည့် ဆွီလွင်ဆိုသည့် ရွာတစ်ရွာကို မောင်း၍သွားကြတယ်။ ဒါကြောင့် မောင်နုဟာ ၀န်ကြီးချုပ်ဖြစ်သည့်အခါ ဟိုစဉ်ကမမြရီ လက်ထပ်ပြီးစီး သည့်နေ့မှာ မော်တော်ကိုစီးပြီး လည်ပတ်သွားလာခဲ့သလို ဦးနုဟာ သူနိုင်ငံခြားသွားသည့်အခါ ဖြစ်စေ၊

သခင်နုနှင့်ဗြန်ဟတ်ဘွေ
သခင်နုနှင့်ဗြန်ဟတ်ဘွေ
၁၉၄၃-ခုနှစ်၊ စက်တင်ဘာလ ၁၅-ရက်နေ့မှာ ကျွန်ုပ်တို့ တရုပ်အမျိုးသား ဗြန်ဟတ်ဘွေအသင်းကြီး နှစ်ပတ်လည်ကျင်းပပွဲတစ်ခု ပြုလုပ်ပါသည်။ ဒီကျင်းပပွဲပြုလုပ်ဖို့ကို ကျွန်ုပ်တို့အသင်းကြီးမှ ကော်မီတီများကို ကြိုတင်၍ စည်းဝေးခေါ်လိုက်ပါတယ်။ ဒီလိုနှစ်ပတ်လည် ကျင်းပပွဲပြုလုပ်သည့်အခါမှာ မြန်မာထဲမှ ၀န်ကြီးတစ်ဦးဦးကိုဖိတ်ခေါ်ပြီး၊ မိန့်ခွန်းစကား အနည်းငယ်ပြောဖို့ကောင်းပါတယ်။

အဓိပတိခေတ်
အဓိပတိခေတ်
ဂျပန်ကမြန်မာအား လွတ်လပ်ရေးပေးစဉ်အခါ ဒေါက်တာဘမော် အဓိပတိဖြစ်ချိန်က ကျွန်ုပ်တို့ တရုပ်အမျိုးသား ဗြန်ဟတ်ဘွေအသင်းကြီးမှလည်း ကန်တော်မိတ် အိုရီယင့်ကလပ်မှာ ကြီးကြီး ကျယ်ကျယ် ငွေကုန်ကြေးကျခံ၍ ထမင်းစားဧည့်ခံပွဲကြီးတစ်ခု ပြုလုပ်ကျင်းပပါတယ်။ ဟိုစဉ်အခါက ပြုလုပ်သောထမင်းစားပွဲမှာ စစ်ဝန်ကြီး ဗိုလ်အောင်ဆန်း၊ ဗိုလ်ဇေယျ၊ သခင်မြ၊ ဦးဘ၀င်း၊ ပျော်ဖွယ်ဦးမြ၊ ဦးလှဖေ၊ ဦးထွန်းအောင်၊ ဗန္ဓုလဦးစိန်၊ သခင်သန်းထွန်း၊ ဦးအေး၊ သခင်နု၊ ယစ်မျိုးမင်းကြီး ဦးစောအေး၊ မြူနီစပါယ်မင်းကြီး ဦးစိုးညွန့်၊ ကေဘိုတိုင်လူကြီးဦးဘဆွေ၊ ဗိုလ်ရန်နိုင်၊ အန်ကယ်

Subscribe to:
Posts (Atom)