အိမ်တော်နှင့်စ၀်ရွှေသိုက်
ဒုတိယအကြိမ် ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်နှင့် မဟာမင်းကြီးဦးခင်မောင်ဖြူတို့ တောင်ကြီးမှရန်ကုန်သို့လာကြသည်။ ယခု သမတနေအိမ်တော်သို့ သွားရောက်၍တည်းခိုကြပါသည်။ ကျွန်ုပ်ဟာသူတို့လာမှန်းသိ၍ အဓိပတိအိမ်တော်ကိုသွားပြီးတော့တွေ့တယ်။ ဘာများအကြောင်းထူး လာပြန်သလဲဆိုတာကိုလည်း သွားမေးတယ်။ နောက် စ၀်ရွှေသိုက်က ပြောပြတယ်။ ဟိုစဉ်အခါ အိမ်တော်သို့ သူတို့နှစ်ဦးအားကျွန်ုပ်သွားတွေ့သည့်အခါမှာ ရန်သူလေယာဉ်ပျံလာ၍ ဥသြဆွဲထားပါ သော်လည်း ဦးခင်မောင်ဖြူနှင့် စ၀်ရွှေသိုက်တို့မျက်နှာမှာ ကြောက်စိတ်မရှိပဲ ပြုံးပြုံးရွှင်ရွှင် ရီရီမောမောနှင့်
Saturday, September 4, 2010
Friday, September 3, 2010
စော်ဘွားစပ်စု။ ဂျပန်အဖမ်းခံရသည့်စော်ဘွား၆-ဦး
စော်ဘွားစပ်စု
လွန်လေပြီးသော ၁၉၄၃-ခုနှစ်၊ စက်တင်ဘာလ ၂၆-ရက်နေ့၊ ဂျပန်ကင်ပေတိုင်ချုပ် မတ်ဆူအိုကာ တပည့်တစ်ဦး၊ ဖေါ်မိုဆာစကားပြန်တစ်ဦး သူတို့နှစ်ဦးဟာ ကျွန်ုပ်၏ဟော်တယ်မှာ နေ့တိုင်း ၀င်ထွက်သွားလာပြီးတော့ စားသောက်နေကြပါတယ်။ ကျွန်ုပ်ဟာလည်း သူတို့နှစ်ဦးကို အထူးဂရုစိုက်၍ ဧည့်ခံကျွေးမွေးပါသည်။ ကျွန်ုပ်ဟာ မေးပါများစကားရဆိုသည့် မောင်ပေါက်ကျိုင်း ထုံးလိုသုံးသည့်အတွက်ကြောင့် ကျွန်ုပ်ကို သူတို့နှစ်ဦးကပြောပြပါသည်။ ရှမ်းပြည်တောင်ကြီးက စစ်ဗိုလ်ချုပ် အီးစီဘူလာဟာ မနက်ဖြန်ကာ စော်ဘွားကြီး၆-ဦးကို ရန်ကုန်သို့ခေါ်လာမည်။ ဒီစော်ဘွား ၆-ဦးကို ဂျပန်ကင်ပေတိုင် မသင်္ကာစရာအချက်တစ်ခုခုတော့ရှိလိမ့်မယ်လို့ထင်တယ်ဆိုတာကို ပြောသွားတယ်။

နုနှင့်ရီမင်္ဂလာဆောင်
နုနှင့်ရီမင်္ဂလာဆောင်
မောင်နုနှင့် မမြရီတို့မင်္ဂလာဆောင် လက်ထပ်သည့်နေ့ကျတော့ မြို့အုပ်ဦးဘအုန်းဟာ သူ့မော်တော်ကို သတို့သား သတို့သမီး ၂-ဦးစီးဖို့ပေးလိုက်တယ်။ နောက် သူတို့နှစ်ဦးဟာလည်း မော်တော်ကို မြန်မြန်မောင်းပြီး၊ ပန်းတနော်နားမှာရှိသည့် ဆွီလွင်ဆိုသည့် ရွာတစ်ရွာကို မောင်း၍သွားကြတယ်။ ဒါကြောင့် မောင်နုဟာ ၀န်ကြီးချုပ်ဖြစ်သည့်အခါ ဟိုစဉ်ကမမြရီ လက်ထပ်ပြီးစီး သည့်နေ့မှာ မော်တော်ကိုစီးပြီး လည်ပတ်သွားလာခဲ့သလို ဦးနုဟာ သူနိုင်ငံခြားသွားသည့်အခါ ဖြစ်စေ၊

သခင်နုနှင့်ဗြန်ဟတ်ဘွေ
သခင်နုနှင့်ဗြန်ဟတ်ဘွေ
၁၉၄၃-ခုနှစ်၊ စက်တင်ဘာလ ၁၅-ရက်နေ့မှာ ကျွန်ုပ်တို့ တရုပ်အမျိုးသား ဗြန်ဟတ်ဘွေအသင်းကြီး နှစ်ပတ်လည်ကျင်းပပွဲတစ်ခု ပြုလုပ်ပါသည်။ ဒီကျင်းပပွဲပြုလုပ်ဖို့ကို ကျွန်ုပ်တို့အသင်းကြီးမှ ကော်မီတီများကို ကြိုတင်၍ စည်းဝေးခေါ်လိုက်ပါတယ်။ ဒီလိုနှစ်ပတ်လည် ကျင်းပပွဲပြုလုပ်သည့်အခါမှာ မြန်မာထဲမှ ၀န်ကြီးတစ်ဦးဦးကိုဖိတ်ခေါ်ပြီး၊ မိန့်ခွန်းစကား အနည်းငယ်ပြောဖို့ကောင်းပါတယ်။

အဓိပတိခေတ်
အဓိပတိခေတ်
ဂျပန်ကမြန်မာအား လွတ်လပ်ရေးပေးစဉ်အခါ ဒေါက်တာဘမော် အဓိပတိဖြစ်ချိန်က ကျွန်ုပ်တို့ တရုပ်အမျိုးသား ဗြန်ဟတ်ဘွေအသင်းကြီးမှလည်း ကန်တော်မိတ် အိုရီယင့်ကလပ်မှာ ကြီးကြီး ကျယ်ကျယ် ငွေကုန်ကြေးကျခံ၍ ထမင်းစားဧည့်ခံပွဲကြီးတစ်ခု ပြုလုပ်ကျင်းပပါတယ်။ ဟိုစဉ်အခါက ပြုလုပ်သောထမင်းစားပွဲမှာ စစ်ဝန်ကြီး ဗိုလ်အောင်ဆန်း၊ ဗိုလ်ဇေယျ၊ သခင်မြ၊ ဦးဘ၀င်း၊ ပျော်ဖွယ်ဦးမြ၊ ဦးလှဖေ၊ ဦးထွန်းအောင်၊ ဗန္ဓုလဦးစိန်၊ သခင်သန်းထွန်း၊ ဦးအေး၊ သခင်နု၊ ယစ်မျိုးမင်းကြီး ဦးစောအေး၊ မြူနီစပါယ်မင်းကြီး ဦးစိုးညွန့်၊ ကေဘိုတိုင်လူကြီးဦးဘဆွေ၊ ဗိုလ်ရန်နိုင်၊ အန်ကယ်

Sunday, August 29, 2010
ဂျပန်ခေတ်ဧည့်ခံပွဲ
ဂျပန်ခေတ်ဧည့်ခံပွဲ
ကျွန်ုပ်ဟာဟော်တယ်ဖွင့်ပြီး ဂျပန်ကင်ပေတိုင်အရာရှိ ကြီးကြီးငယ်ငယ် မြန်မာလူမျိုး လူကြီးလူကောင်း တရုပ်လူမျိုးလူကြီးလူကောင်း၊ အိန္ဒိယလူမျိုးလူကြီးလူကောင်းတို့ကို ဘယ်အခါ မဆို အဆင့်အတန်းမရွေး အမြဲတမ်း ဧည့်ခံကျွေးမွေးပါတယ်။ တခါတလေ ကျွန်ုပ်ပိုက်ဆံနှင့် အကုန်အကျခံကျွေးမွေး၍ တခါတလေ ကျွန်ုပ်တို့ တရုပ်အမျိုးသား ဗြန်ဟတ်ဘွေအသင်းကြီးက ဧည့်ခံကျွေးမွေးပါသည်။ ကျွန်ုပ်၏ဆရာနှစ်ဦးဖြစ်သူ ဦးကေဘာကြီးနှင့် ဦးကျင်မှိန်တို့ အင်္ဂလိပ်ခေတ်မှာ

ဂျပန်တို့၏ရက်စက်မှု၊ ဦးစပ်စုနှင့် လမ်းမတော်ဖိုးတုတ်။
ဂျပန်တို့၏ရက်စက်မှု
၁၉၄၁-ခုနှစ်၊ ဒီဇင်ဘာလ ၂၃-ရက်နေ့ နံနက် ၁၀-နာရီချိန် ဂျပန်လေယာဉ်ပျံ ၂၇ စင်းဟာ ရန်ကုန်မြို့ကို ဗုံးများကြဲချ၍ စက်သေနတ်ဖြင့် လာပစ်ပါသည်။ ဒီအချိန်မှာ ရန်ကုန်မြို့ တစ်မြို့လုံးရှိလူတွေဟာ ဘရုတ်သုက္ခ ဖြစ်ကုန်ပြီး၊ ပြောင်းသူပြောင်း ရွှေ့သူရွှေ့ကုန်ကြသည့် အတွက်ကြောင့် ကျွန်ုပ်ကလည်းကျိုက်လတ်ကိုပြောင်းရွှေ့
သွားပါသည်။ ကျွန်ုပ်ဟာ ကျိုတ်လတ်မှာ ၂-လ ၃-လလောက် ခေတ္တနေထိုင်ပါသည်။

အင်္ဂလိပ်ဘုရင်ခံနှင့် နိဗ္ဗာန်ဈေး၊ ရခိုင်စပ်စုဖြစ်လာခြင်း။
အင်္ဂလိပ်ဘုရင်ခံနှင့် နိဗ္ဗာန်ဈေး
၁၉၃၈-ခုနှစ်၊ အင်္ဂလိပ်ဘုရင်ခံကော့ကရိန်းဟာ ဘိလပ်ကိုပြန်တော့မည်။ ဘုရင်ခံ ဘိလပ်ကို ပြန်တော့မည့်အခါ နောက်ဆုံးနှုတ်ဆက်ပွဲကို ကန်တော်ကြီး(ယခုဗိုလ်ချုပ်ပန်းခြံ) အလယ်ကျွန်းမှာ ပြုလုပ်ပါသည်။ ပြပွဲပြိုင်ပွဲအမျိုးမျိုးလည်း ပါဝင်သည်။ ဟိုစဉ်အခါက မြန်မာအမျိုးသမီး အထက်တန်း အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းထားပါသည်။ ၎င်းအမျိုးသမီးအသင်း အဖွဲ့အစည်း ဥက္ကဋ္ဌဖြစ်သူက ယစ်မျိုးမင်းကြီး ဦးစောလှဖြူကတော် ဒေါ်မော၊ တရားလွှတ်တော်ချုပ်တရားသူကြီး

ပိုးထည်စပ်စု၊ စပါးပွဲစားကြီးစပ်စု။
ပိုးထည်စပ်စု
ကျွန်ုပ်သည် လွန်ခဲ့သော ၁၉၃၄-ခုနှစ်၊ ဒီဇင်ဘာလ ၂၉-ရက်နေ့မှစ၍ စပ်စုနာမည်ရပြီးသည့် နောက်ပိုင်းတွင် ပိုးထည်လုပ်ငန်းကို မြန်မာပြည်တစ်ပြည်လုံး တိုးတက်ကြီးပွားပြန့်နှံ့အောင် လှည့်လည်၍ လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ မြန်မာအမျိုးသား အမျိုးသမီးများကိုလည်း ဘယ်မြို့မှာ ဘယ်လို နေထိုင်ကြ၍၊ ဘယ်လိုယဉ်ကျေးမှုရှိတယ်ဆိုတာများကို ဥပမာများပေး၍

ဦးစပ်စုမြန်မာနာမည်ရသည့် ၂၅ နှစ်မြောက် ငွေရတုသဘင် ဆွမ်းကျွေးတရားတော်နာဖိတ်ကြားခြင်း

လွန်ခဲ့သော ၁၉၃၄-ခုနှစ်၊ ဒီဇင်ဘာလ ၂၉-ရက်က ဟိုစဉ်အခါ မြန်မာအမျိုးသား ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ပြည်ထဲရေးဝန်ကြီးချုပ် ဆာဦးဘ (B.A., K.S.M) ၏ ည ၇ နာရီအချိန် ထမင်းစားပွဲတွင် ယခု အသက် ၇၃ နှစ်ရှိ လသာလမ်းသူဌေး ဦးကေဘာကြီး(T.P.S)၊ ကွယ်လွန်အနိစ်္စရောက်သူ ဦးကျင်မှိန် (O.B.E.) ၎င်းတို့နှစ်ဦးက ဤထမင်းစားပွဲပေါ်တွင် ပြည်ထဲရေး ၀န်ကြီး ဆာဦးဘအား ကျွန်တော်၏မူလနာမည် အောင်ခေချောင်းမှ မြန်မာနာမည် စပ်စုဟူ၍ ပြောင်းဖို့သင့်မသင့်ကို အဆိုတင်ပါသည်။

Thursday, August 26, 2010
ရန်ကုန်သို့ရောက်ခြင်း
ရန်ကုန်သို့ရောက်ခြင်း
ရန်ကုန်မြို့ကိုရောက်တော့ ကျွန်ုပ်တို့ရွာသူရွာသားများအသင်းတွင် လက်ထောက်အတွင်း ရေးမှူးအဖြစ် ၀င်ရောက်လုပ်ကိုင်နေပါသည်။ ရွာသူရွာသား အသင်းဝင်များ လက်ထပ်မင်္ဂလာ ပွဲကြီးပွဲကောင်းရှိသည့်အခါ ကျွန်ုပ်ကိုခေါ်၍သွားသည်။ ကျွန်ုပ်ကလည်း အစစအရာရာ ၀ိုင်းဝန်း ကူညီလုပ်ကိုင်ဆောင်ရွက်ပေးပါသည်။ ကျွန်ုပ်တို့ရွာသူရွာသားများအသင်းဟာလည်း မြန်မာလူကြီး လူကောင်းများနှင့်ဆက်သွယ်တာ တော်တော်များပါတယ်။ ကျွန်ုပ်ကလည်း အကြောင်းမှန်သမျှ သွက်လက်ဖျတ်လတ်စွာ အကူအညီပေးပါသည်။

မမခင်နှင့်ပေါက်ဖေါ်လေး
မမခင်နှင့်ပေါက်ဖေါ်လေး
အထက်ဖေါ်ပြပါ မစိန်ခင် ဆိုသည့် အမျိုးသမီးဟာလည်း လယ်သမားသားသမီးတစ်ဦး ဖြစ်ပါသည်။ သူကိုယ်တိုင်လည်း ကောက်စိုက်သမဖြစ်ပါသည်။ သူကောက်စိုက်ချိန်ပြီး၍ အလုပ်ပြီးသည့်အခါ အများအားဖြင့် ကျွန်ုပ်တို့ဆိုင်ကို လာပါသည်။ ဆိုင်ကိုလာပြီးတော့ စက္ကူအိတ် တွေကို ၀ိုင်းဝန်းပြီးကပ်ပေးတယ်။ ကြက်သွန်အပုပ်တွေကို ရွေးပေးတယ်။ ထမင်းချက်တာ ရေထမ်းတာ တို့ကိုလည်း ၀ိုင်းဝန်း၍ လုပ်ကိုင်ကူညီပေးပါသည်။ ရေကူးတတ်အောင်ကိုလည်း သင်ပေးပါသည်။

မြန်မာပြည်သို့လာခြင်း၊ သမ္ဗန်သမားဘ၀၊ လင်္ကာ ၄-ပုဒ်။
မြန်မာပြည်သို့လာခြင်း
ကျွန်ုပ် မြန်မာပြည်သို့လာသည့်အခါ ကျွန်ုပ်၏ဆရာကြီးပေးလိုက်သည့်စာအုပ်က ၄ တွဲ၊ ဂုံနီအိတ်ကတစ်ခု၊ တရုပ်သားရေကိုလုပ်ထားသည့် ခေါင်းအုံးကတစ်လုံး၊ စောင်တစ်ထည်၊ ဖျာတစ်ချက်၊ အင်္ကျီဘောင်းဘီ အနက်ရောင် ၄ စုံအပြင် အခြားဘာပစ္စည်းမှ မပါပါဘူး။ ကျွန်ုပ်၏ရွာကလေး ကွိုင့်ခေါက်မှခွဲခွာ၍ သင်္ဘောဆိပ်ကမ်းရှိရာ (အေမွိုင်)ကို ကျွန်ုပ်ဟာ ထွက်လာပြီး၊ ၁၉၁၅ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ (ဟောင်ဘော်)သင်္ဘောကို စီးနင်းလိုက်ပါ၍ မြန်မာပြည်ကို လာခဲ့ပါသည်။

အဖွား၏မှာကြားချက်၊ ဆရာကြီး၏သြ၀ါဒ။
အဖွား၏မှာကြားချက်
ပထမမှာသည့်အချက်ကတော့ မြန်မာပြည်ကိုရောက်သည့်အခါ ရောက်လျှင်ရောက်ချင်း မြန်မာပြည်မှာ အင်မတန်တန်ခိုးကြီးသည့် ရွှေတိဂုံဘုရား၊ ကျိုက်ထီးရိုးဘုရားများကို သွားပြီးတော့ ဖူးမျှော်ကန်တော့ရမည်။
ဒုတိယမှာသည့် အချက်ဟာကတော့ မြန်မာနှင့်တည့်အောင်ပေါင်းရမည်။

ဦးစပ်စု ၏ ထူးတဲ့စပ်စု (ကွိုင့်ခေါက်ရွာသား သူဌေးများ။ ကွန်ဖြူရှပ်၏တပည့်။ )
ကွိုင့်ခေါက်ရွာသား သူဌေးများ
ကျွန်ုပ်၏ ဇာတိကတော့ ၁၉၄၀ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း တရုပ်ပြည်မှ ဂျပန်ပြည်သို့ သွားစဉ်အခါက ရောက်ဘူးခဲ့သည့် (အေမွိုင်) နှင့် သင်္ဘော တနာရီလောက် စီးနင်းသွားရသည့် ရွာကလေးတရွာဖြစ်ပါသည်။ ၎င်းရွာကလေး၏ နံမည်ကတော့ (ကွိုင့်ခေါက်) လို့ခေါ်ပါသည်။ ကျွန်ုပ်နေထိုင်ခဲ့သည့် ဇာတိချက်ကြွေရွာကလေး ကတော့ သိပ်ပြီးမကြီးကျယ်လှပါဘူး။ အိမ်ခြေ (၁၀၀၀) လောက်ဘဲ ရှိပါသည်။ ရွာကလေး၏ နောက်ကျော မြောက်ဖက်မှာ (ရှမ်ရန်ကီး) ဆိုသည့် တောင်ကြီး တတောင် ရှိပါသည်။
(ရှမ်ရန်ကီး) တောင်ကြီးကို ဗေဒင်ကြည့်တတ်သူများက ကြည့်ရှုပြီး “ဒီတောင်ကြီးဟာ အင်မတန်မှ သာယာကြည်နူးဘွယ်ကောင်းတယ်။ ရှုမျှော်ခင်းကလဲ အားကြီးကောင်းတယ်။ သို့အတွက် အင်မတန်မှ ကြီးကျယ်ကျော်ကြားသည့် ကမ္ဘာ့သူဌေးကြီးများ ထွက်နိုင်သည်။ ဒါပေမဲ့…. ဒီသူဌေးကြီးတွေဟာ ဒီရွာမှာ မဖြစ်ပါ။ ဒီဒေသမှ ထွက်ခွာ၍ နိုင်ငံခြား အသီးသီးမှာ သွားပြီး သူဌေးကြီးတွေ ဖြစ်ကြ ပါမည်” ဟု ဗေဒင်ဟောကြသည်။

Subscribe to:
Posts (Atom)